3/12/2016

♪ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက် အွန်လိုင်းမှ ငွေလှူဒါန်းနိုင်ပြီ ♫


ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက် အွန်လိုင်းမှ ငွေလှူဒါန်းနိုင်ရန် စတင် ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။

ငွေလှူဒါန်းလိုသူများအတွက် http://www.jivitahospital.org/ ဝက်ဘ်ဆိုက်တွင် Donate button တစ်ခု ထည့်သွင်းထားပြီး ယင်းမှတစ်ဆင့် လှူဒါန်းနိုင်မည် ဖြစ်သည်။

“အွန်လိုင်းမှာ Credit Card သုံးပြီး ဈေးဝယ်သလိုမျိုးပဲ အလွယ်တကူ အလှူငွေ လှူဒါန်းနိုင်အောင် ဆောင်ရွက်ထားပါတယ်။ မြန်မာကျပ်၊ အမေရိကန်ဒေါ်လာတို့နဲ့ လှူလို့ရပါတယ်။ ပြည်တွင်းအတွက်ဆို အွန်လိုင်း ငွေပေးချေမှု ဖွင့်ထားတဲ့ MPU Card တွေနဲ့ လှူလို့ရပါတယ်။ ပြည်ပအတွက်ဆို Master/Visa Card တွေနဲ့ လှူလို့ရပါတယ်" ဟု အဆိုပါ Donation button ဆောင်ရွက်သည့် တာဝန်ရှိသူက ပြောသည်။

“ငွေလှူဒါန်းလိုသူများအတွက် http://www.jivitahospital.org/ ဝက်ဘ်ဆိုက်မှာ Donate button တစ်ခု ချပေးထားပါတယ်။ အဲဒီ့ button နှိပ်ပြီးရင် ပေါ်လာတဲ့ Donation form မှာ အလှူရှင် အချက်အလက်နဲ့ လှူဒါန်းတဲ့ ငွေပမာဏ ထည့်သွင်းပြီး Donate button ကိုနှိပ်ရင် Secure Payment Gateway အဖြစ် ဆောင်ရွက်ပေးတဲ့ 2C2P ဘက်မှာ payment process ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

အဆိုပါ Online Donation စနစ်ကို 2C2P နှင့် Information Matrix ပူးပေါင်းဆောင်ရွက် လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မတ်လကုန်တွင် http://donation.jivitahospital.org/ ၌ စတင်လှူဒါန်းနိုင်မည်ဟု သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com