3/19/2016

♪ “ဖိုင်ချုံ့သွင်းမှုအနုပညာသစ် Google Brotli” ♫

ဖိုင်ချုံ့သွင်းမှုနည်းပညာ ပေါ်ပေါက်ခဲ့သည်မှာဆယ်စုနှစ်နှစ်စုကျော်ခဲ့ပြီ။Win RAR မှာအများသိသောဖိုင်ချုံ့သွင်းFormat တစ်ခုဖြစ်သည်။ဓာတ်ပုံ ဘက်ခြမ်းကိုကြည့်လျှင်Jpeg မှာဖိုင်ချုံ့သွင်းမှုနည်းပညာအပေါ်အခြေပြုပါ သည်။နည်းပညာထွန်းကားသည်ထက်ထွန်းကားလာသည့်အခါdataစားသုံးမှုအလွန်များပြားလာသည်။ Data ဖလှယ်မှုကလည်းအလွန်များပြားလာသည်။ မိုဘိုင်းဖုန်း၊တက်ဘလက်နှင့်ကွန်ပျူတာထဲတွင်ယခင်ကမသိမ်းဆည်းသောသီချင်းများ၊ရုပ်ရှင်များ၊စာအုပ် များ၊ ဆော့ဝဲများကိုသိမ်းဆည်းဖို့ကြိုးစားသည့် အခါ ဖိုင်ချုံ့သွင်းမှုကိုလိုအပ်ပါသည်။အွန်လိုင်းမှနေ၍dataများ ပေးပို့ သည့်အခါ မြန်ဆန်မှုနှင့်dataဖိုးသက်သာမှုအတွက်ဖိုင်ချုံ့သွင်းမှုကိုပို၍ လိုအပ်ပါသေးသည်။Dataမျှဝေမှုနှင့်download ချမှုအတွက်ဖိုင်ချုံ့သွင်းမှု ရှိသော်လည်းweb page များအားသိမ်းဆည်းမှုအတွက်ဖိုင်ချုံ့သွင်းမှု နည်းပညာ လောက်လောက်လားလားမရှိခဲ့ပါ။Web page များအား ခေါ်တင်ရာတွင် မြန်ဆန်မှုရှိစေရန်ဖိုင်ချုံ့သွင်းမှုနည်းပညာကို ပထမဆုံး အသုံးပြုသည်မှာOpera Browser ဖြစ်သည်။သူ့ထဲရှိTurbo mode ကWeb page ဖိုင်များကိုတတ်နိုင်သမျှချုံ့သွင်းပေးပြီးbrowser တွင်အမြန်ဆုံး ပေါ်လာစေရန် ဆောင်ရွက်ပေးသည်ဟုဆိုသည်။အင်တာနက်အမြန်နှုန်း အလွန်နှေးကွေးသည့်အခါTurbo mode ကိုသုံးပါဟုညွှန်းသည်။လက်တွေ့ သုံးကြည့်သည့်အခါOpera ကpage loading တွင်ထင်သလောက်မမြန်ပါ။ ထို့ပြင်ကိန်းဂဏန်းအတိအကျနှင့်မပြသဖြင့်လည်းကောင်း၊ကျွန်မတို့သုံးခဲ့ သောယခင်အင်တာနက်မှာdata ပမာဏနှင့်မဟုတ်သဖြင့်လည်းကောင်း Opera Turbo mode မည်မျှထိရောက်သည်ကိုမသိနိုင်ခဲ့ပါ။
မိုဘိုင်းနယ်မြေတွင်လည်းWeb page များကိုချုံ့သွင်းရန်အတွက်Opera Mini browser ရှိသည်။သူမှာပြသောကိန်းဂဏန်းများအရdataပမာဏကို အများဆုံး (၉၀) ရာခိုင်နှုန်းအထိချုံ့သွင်းပေးနိုင်သည်ဟု မြင်ရပါသည်။ စမတ်ဖုန်းသုံးbrowser များတွင်offline reading လုပ်ခွင့်မပေးစဉ်က တည်းကOpera Mini မှာထိုလုပ်ပိုင်ခွင့်ပါသဖြင့်နှစ်သက်စရာဖြစ်သည်။ သို့သော်Opera Mini တွင်download ဖိုင်များအားအရွယ်အစားချုံ့ ပေးနိုင် သော နည်းပညာမပါပါ။Download ဖိုင်များအားအရွယ်အစားချုံ့ယူ လိုလျှင် Opera Max ကိုသုံးရပါသည်။Opera Max အတွက်သီးခြားVPN ကို အင်တာနက် ပေါ်မှာချိတ်ဆက်ပေးရပါသည်။Opera Max တွင်browser တစ်ခု၏စွမ်းဆောင်ရည်မပါပါ။သို့သော်Opera Mini ကိုသူသိသည်။ ထိုbrowser မှdataများကိုသူကနိုင်သမျှချုံ့သွင်းပေးသည်။YouTube ဖိုင်များကို (၃၀) ရာခိုင်နှုန်းအထိချုံ့ပေးနိုင်သည်ဟုဆိုသော်လည်းလက်တွေ့ တွင် (၅) ရာခိုင်နှုန်းဝန်းကျင်အထိသာချုံ့သွင်းပေးနိုင်ပါသည်။Browser များသည်သူတို့၏စွမ်းဆောင်ရည်ကိုမည်မျှပင်အမွှန်းတင်ပြောဆိုနေသော် လည်းpage loading အမြန်ဆုံးမှာChrome browser ဖြစ်ပါသည်။သို့သော် Chrome browser တွင်ဖိုင်ချုံ့သွင်းသည့်နည်းပညာကိုမသုံးခဲ့ပါ။အကယ်၍ ယင်း နည်းပညာကိုသာသုံးနိုင်ခဲ့လျှင်browser အရည်အသွေးပိုတက် လာ မည်ကို Google ကသိသည်။ထို့ကြောင့်၂၀၁၃ခုနှစ်ကပင်Zopfli အမည် ရသောဖိုင်ချုံ့သွင်းမှုနည်းပညာကိုစမ်းသပ်နေခဲ့ပါသည်။ဖိုင်ချုံ့သွင်းမှု နည်းပညာသည်အင်တာနက်သုံးစွဲသူတို့အတွက်သာမကGoogle အတွက် လည်းအရေးကြီးပါသည်။အဘယ်ကြောင့်ဆိုသော်YouTube ပေါ်တွင်တိုးပွား လာနေသောဗီဒီယိုဖိုင်အရွယ်အစားကအလွန်ကြီးမားလာသောကြောင့် ဖြစ်ပါသည်။
သို့သော်Zopfli ၏ရလဒ်သည်ထင်သလောက်မကောင်းသည်ဖြစ်၍Google သည် နောက်ထပ်ဖိုင်ချုံ့သွင်းမှုနည်းပညာတစ်ရပ်ကိုထပ်မံတီထွင်ခဲ့ရသည်။ ထိုနည်းပညာကိုBrotli ဟုခေါ်သည်။Brotli သည်ဆွစ်ဇာလန်နိုင်ငံမှ နာမည်ကျော် ပေါင်မုန့်တစ်မျိုး၏အမည်ဖြစ်သည်။AZ 77 Algorithm ကို အခြေခံပြီးထပ်မံတီထွင်ထားသောနည်းပညာ ဖြစ်သည်။တီထွင်သူများ မှာJyrki Alakviijala နှင့်Zolten Szabadka တို့ဖြစ်သည်။တစ်ခုလုံးအသစ် စက်စက် ဖြစ်သောdata format ဟုGoogle ကဆိုသည်။ဤdataချုံသွင်း နည်းပညာကိုChrome browser တွင်ပထမဆုံးအသုံးပြုနိုင်ကြပါလိမ့်မည်။ ဤနည်းပညာကြောင့်Web page များကိုဆွဲတင်ရာတွင် မြန်ဆန်သော Chrome browser သည်ယခင်ထက်ပို၍ မြန်ဆန်သောအားသာချက်ကိုရရှိ ပါမည်။ ဤနည်းပညာအကြောင်းကို၂၀၁၅ခုနှစ်စက်တင်ဘာလကပင် Google ကထုတ်ပြန်ခဲ့ပါသည်။အွန်လိုင်းဖိုင်များကိုကြည့်ရာတွင် အနည်းငယ် မျှသာ ပို၍မြန်သည်ဖြစ်ပါစေ။ နှေးသည်ထက်တော့ပို၍ကောင်းနေပါသေး သည်။Brotli သည် လောလောဆယ်တွင်Chrome browser ထဲသို့တိုက်ရိုက် ရောက်မလာသေး။Chrome Canary ဟုအမည်ပေးထားသောစမ်းသပ် browser ဖြင့်သာယင်းtool ကိုစမ်းသပ်နေပါသည်။Canary သည်စမ်းသပ် အဆင့်browser သာဖြစ်သောကြောင့်chrome ၏tool အသစ်များကို စမ်းသပ်ရန် အတွက်သာသုံးသင့်ကြောင်းမိမိ၏ပင်မbrowser အဖြစ် မသုံးသင့်ကြောင်းGoogle ကအကြံပြုထားပါသည်။
လောလောဆယ်တွင်Brotli ၏စွမ်းဆောင်မှုသည်မတည်ငြိမ်သေးသော ကြောင့်ဖြစ်သည်။တစ်ခါတစ်ရံတွင်ယင်း၏မတည်ငြိမ်သော သဘာဝကြောင့် browser အလုပ်လုပ်မှုလုံးဝရပ်ဆိုင်းသွားကြောင်းGoogle က၀န်ခံထား ပါသည်။ Brotli နှင့်Chrome Canary browser သည်ဆော့ဝဲရေးသူများနှင့် tool အသစ်များကို စောစီးစွာစမ်းကြည့်လိုသူများအတွက်ဖြစ်ကြောင်း သွေးနည်းသူများအတွက်မဟုတ်ကြောင်း ကိုလည်းဆိုပါသည်။လက်တွေ့ စမ်းသပ်သည့်အခြေအနေတွင်Brotli ကအခြေအနေကောင်းသည်။ယခင် နည်းပညာဖြစ်သည့်Zopfli ထက်ဖိုင်ချုံ့သွင်းမှုကို (၂၆) ရာခိုင်နှုန်း ပိုမို ပြုလုပ်နိုင်ကြောင်း တွေ့ရှိထားပါသည်။ဤအချက်ကအရေးကြီးသည်။Web page များတွင်ထည့်သွင်းထားသောmulti-media contant သည် တစ်နေ့ တခြားတိုးပွားလာနေပြီးယင်းတို့အား မြန်မြန်ဆန်ဆန်ဆွဲတင်ရန်Browser များအဖို့တစ်နေ့တခြားခက်ခဲလာသောကြောင့်ဖြစ်သည်။ထို့ကြောင့်Google ကBrotli ကို မြန်မြန်ဆန်ဆန်ပွဲထုတ်ချင်သည်။Brotli အားChrome ၏Official version တွင်ထည့်သွင်းတင်ပို့ဖို့ကြိုးစားနေပြီဖြစ်ကြောင်း၂၀၁၆ခုနှစ် ဇန်န၀ါရီလတွင်Google အင်ဂျင်နီယာllya Grigorik ကထုတ်ဖော် ပြောခဲ့ပါ သည်။လောလောဆယ်တွင်Brotli ကအသင့်မဖြစ်သေး။လာမည့် မတ်လ လောက်တွင်Beta အဆင့်မှStable release အဆင့်သို့တက်မည့်Chrome browser အတွက်သာအသင့်ဖြစ်နေပါလိမ့်မည်။ယင်းအချိန်တွင်Chrome browser သည်version 47 သို့ ရောက်နေပါလိမ့်မည်။Browser ဖြင့်web page များကိုအလွန်လျင်မြန်စွာဆွဲတင်ကြည့်ရှုနိုင်သည့်Chrome အတွက် အလွန်ကြီးမားသော အောင်မြင်မှုဖြစ်ပြီးသူ၏ ရွှေရတုChrome browser တွင်ဂုဏ်ယူစရာအလုပ်တစ်ခုဖြစ်လာပါလိမ့်မည်။Brotli ၏စွမ်းဆောင်ရည် သည်ကွန်ပျူတာပေါ်မှာထက်စမတ်ဖုန်းနှင့်တက်ဘလက်များပေါ်တွင်ပို၍ သိသာပါလိမ့်မည်။မိုဘိုင်းအင်တာနက်တွင်data ဈေးနှုန်းအလွန်ကြီးသည် ဖြစ်ရာစမတ်ဖုန်းဖြင့်အင်တာနက် သုံးသူတို့သည်Chrome browser ကို အားကိုးမည်ဟုဆိုပါကdataပမာဏနည်းခြင်း၊ ငွေကုန်သက်သာခြင်းတို့ သာမကဘက်ထရီကိုပို၍သုံးနိုင်စေပါလိမ့်မည်။ဘက်ထရီတစ်ကြိမ်အားသွင်းထားလျှင်အချိန်ကြာကြာသုံးနိုင် မည်ဖြစ်၍ ဖြုတ်၍မရသောဘက်ထရီ စမတ်ဖုန်းများတွင်ဖုန်း၏အသက်ကိုပါပို၍ရှည်စေပါလိမ့်မည်။
Brotli သည်Word ၊Phrase နှင့်Substring ပေါင်း (၁၃၀၀၀) ပါဝင်သော120 kibibyte အရွယ်အစားရှိအထူးအဘိဓာန်ကိုအသုံးပြုသောကြောင့်ဤသို့စွမ်း ဆောင်နိုင်ခြင်းဖြစ်ပါသည်။Google နှင့် အကြီးအကျယ်ပြိုင်ဘက်မှာMozilla ဖြစ်သည်။Mozilla ကFirefox တွင်ထိုသို့သောနည်းပညာထည့်မလာနိုင်ပေ ဘူးလား။ မလာနိုင်တော့ပါ။Firefox တွင်ထည့်သွင်းဖို့ကြိုးစားသည့်Janus ဖိုင်ချုံ့သွင်းနည်းပညာသည်ကျဆုံးခဲ့ပြီး ရှေ့မဆက်တော့သောကြောင့် ဖြစ်သည်။ထို့ကြောင့်Firefox တွင်လည်းBrotli ကိုပင်add-on အဖြစ် သုံးရန် ကြိုးစားပါလိမ့်မည်။ လောလောဆယ်တွင်စိတ်မရှည်နိုင်သူများOpera max ကိုသုံးနိုင်သည်။Google play store တွင်ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက် ပေးသူ (၇၄,၀၀၀) ရှိသောကြောင့် ဖြစ်ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com