Samsung သည် curved-edge display အား Galaxy Note Edge ဖြင့်
စတင်တီထွင် ခဲ့ပြီး ဘေးဘောင် ကွေးထားမှုကို လျော့ချခဲ့သော်လည်း Galaxy S6
edge , S6 dege + နှင့် S7 edge တို့တွင် ဘေးဘောင်နှစ်ခု
စလုံးအားကွေးထားခဲ့သည်။
အခြားဖုန်းထုတ်လုပ်သူများမှာ edge display များကို စိတ်ဝင်စားလာပြီး မကြာမီ က ကြေညာသွားခဲ့သည့် Vivo ၏ X play 5 တွင် ထိုကဲ့သို့ပုံစံအားတွေ့ရသည်။ ယခု သတင်းများအရ Samsung သည် curved display များကို တရုတ်ဖုန်းထုတ်လုပ်သူများထံ ရောင်းချပေးနေပြီဟုသိရပြီး ထိုအထဲ တွင် Xiaomi လည်း အပါအ၀င်ဖြစ်ကြောင်းသိရသည်။ သတင်းထွက်ပေါ်ခဲ့သည်မှာ Xiaomi Mi Note 2 သည် ထို edge display ကို သုံးစွဲနိုင်ကြောင်းသိရသည်။
လက်ရှိ Mi Note သည် တစ်နှစ်ပြည့်ရုံမက လအနည်းငယ် ပင် ကျော်လွန်လာခဲ့ပြီး မကြာမီ ဖုန်းအသစ်ဖြင့် အစားထိုးမည်ဟု ယူဆနိုင်ကာ curved-edge display အား ထို Note-2 တွင် ပါဝင်ဖွယ်ရှိသည်ဟုဆိုထားသည်။ နောက်ထပ်ကုမ္ပဏီအနေဖြင့် Huawei အားဖော်ပြထားပြီး ကုန်ကျစရိတ် များပြားသော curved display အား အနာဂတ်အတွက် Mate ဖုန်းများတွင် သုံးစွဲလိမ့်မည်ဟု ယူဆရသည်။
ထို့အပြင် Huawei P9 မှာလည်း မကြာမီထွက်လာမည်ဖြစ်ပြီး ဖုန်း၏ကျောဘက်နှင့် dual-corner setup ပုံများကို ပေါများစွာတွေ့ရသော်လည်း ရှေ့ဘက်ပုံကိုမူ များစွာမတွေ့ရပေ။ သို့သော် P9 တွင် curved display ပါဝင်လာရန်မှာမူ ဖြစ်နိုင်ချေနည်းပါးသေးကြောင်း သုံးသပ်ထားကြသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal