3/01/2016

♪ “Galaxy S6 edge Plus ရဲ့အခြေခံသိမှတ်စရာများ” ♫


မျိုးဆက်သစ်စမတ်ဖုန်းဟာလုံးဝမတူညီတဲ့အသွင်အပြင်တစ်ခုနဲ့သုံးစွဲသူတွေကိုဆွဲဆောင်ပေးမှာဖြစ်ပါတယ်။ Galaxy S6 Edge+ မှာ dual-edge display ကို သုံးစွဲနိုင်မှာဖြစ်ပြီး ပါဝင်လာတဲ့လုပ်ဆောင်ချက်အသစ် ကတော့ App Edge လို့ခေါ်တဲ့ UI feature လေးပဲဖြစ်ပါတယ်။ Android OS 5.1 ထည့်သွင်းပေးထားတဲ့ အပြင်မျက်နှာပြင်ပါဝင်မှုအနေနဲ့ 5.7inches QHD (1440×2560) pixels ဖြစ်ပြီး၊ ဖန်သားပြင်စွမ်းဆောင်မှု ကတော့ super-AMOLED ဖြစ်ပါတယ်။ တိကျတဲ့ပုံရိပ် ဖော်ပြနိုင်စွမ်းအတွက်ကတော့ 518ppi ဖြစ်ပါတယ်။ ဒါကြောင့်ပုံရိပ်တွေကို အဆုံးစွန်သောဖော်ပြမှုနဲ့ မြင်တွေ့သုံးစွဲနိုင်ပါလိမ့်မယ်။ ဂိမ်းတွေကို ဆော့ကစားတဲ့အခါမှာ HD ရုပ်ထွက်နဲ့ အပြည့်စုံဆုံးဖော်ပြပေးပါလိမ့်မယ်။ ဖုန်းရဲ့အဓိက လုပ်ဆောင် ချက် တွေကို မြန်ဆန်စွာထမ်းဆောင် နိုင်ဖို့အတွက်ကိုလည်း ကိုယ်ပိုင် chipset အမျိုးအစားကို ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ 64bit Octa-core ဖြစ်တဲ့ Exynos 7420 SOC ရဲ့ တည်ဆောက်မှုကို လေ့လာ ကြည့်တဲ့အခါမှာ 2.1GHz အမြန်နှုန်း ရှိတဲ့ Cortex-A57 နဲ့ 1.5GHz အမြန်နှုန်းရှိတဲ့ Cortex-A53 တို့ ပေါင်းစပ်အလုပ်လုပ်မှာဖြစ်ပါတယ်။ RAM ကတော့ LPDDR4 4GB ကို သုံးထားမှာဖြစ်ပါတယ်။ ကင်မရာတပ်ဆင်ပေးမှု အပိုင်းမှာတော့ အစောပိုင်းက သတင်းတွေထွက်ထားသလိုမျိုး 21MP ကင်မရာကို တပ်ဆင်ပေးထားတာမျိုးမဟုတ်ဘဲနဲ့ 16MP ကို f1/.9 နဲ့ သုံးစွဲ နိုင်မှာဖြစ်ပြီး၊ လုပ်ဆောင်ချက်တွေအတော်လေးကောင်းမွန်အောင်၊ အဆင့်မြှင့်ထားတာကို တွေ့ရမှာဖြစ်ပါ တယ်။ အရှေ့ဘက်ကင်မရာငယ် ကိုလည်း 5MP သာ တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ကင်မရာနဲ့ ပတ်သက် တဲ့ app သုံးစွဲမှုအပိုင်းတွေမှာလည်း ပိုမိုအဆင့်အတန်းမြင့်လာပါလိမ့်မယ်။ သူ့မှာစမ်းသပ်ကြည့်သင့်တဲ့လုပ်ဆောင်ချက်တွေကို လေ့လာနိုင်စေဖို့ ဖော်ပြ လိုက်ပါတယ် .. .. . .
<edge plus ကို Factory Reset ချနည်း>
Samsung Galaxy S6 ကို Factory Reset ပြုလုပ်ဖို့လိုအပ်တဲ့အကြောင်းပြ ချက်များစွာရှိပါတယ်။ ဖုန်းကို ရောင်းချတဲ့အချိန်၊ ပြန်အပ်တဲ့အချိန်များနဲ့ ဖုန်းဟာနှေးကွေးလာ လို့ Factory Reset ပြုလုပ်မှသာပြန်ကောင်းလာမယ့် အခြေအနေများမှာ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီလိုမလုပ်ခင်အခြား နည်းလမ်းများကို ရှာဖွေတာဟာလည်း အကောင်းဆုံးဖြစ်ပေမယ့် Samsung Galaxy S6 ကို Factory Reset ပြုလုပ်ဖို့လိုအပ်လာရင် နည်းလမ်းတွေကို အောက်မှာဖတ်ပါ။
၁။ Settings App ထဲသွားပါ။
၂။ Backup & Reset ကိုရှာပြီး ရွေးချယ်ပါ။
၃။ Reset ပြုလုပ်မှာ သေချာလားလို့သင့်ကို မေးမှာဖြစ်ပြီး ရွေးချယ်ပေးပါ။
၎။ သင့်ရဲ့ဖုန်းမှာ အလုပ်များအလိုအလျောက်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
Factory Reset ပြုလုပ်ရင် Device Settings, User Accounts, System , App Data , Downloaded Apps များကိုနဂိုမူလအခြေအနေသို့ Restore ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယိုတို့လို ကိုယ်ရေးကိုယ်တာဖိုင်များ ကို Factory Reset လုပ်ရင်ဖျက်ပစ်မှာ မဟုတ်ပါဘူး။ အဲဒီဖိုင်တွေဟာ လုံခြုံ တယ်ဆိုတာကို သိထားပါ။
<အလိုမရှိတဲ့ Apps များကို Disable or Remove လုပ်ပါ>
Samsung ဟာ သူ့ရဲ့ Device များမှာ Bloatware လို့ ခေါ်တဲ့ Apps များစွာ ကိုထည့်သွင်းလေ့ရှိပါတယ်။ Galaxy S6 မှာလည်း အဲဒီ Apps အနည်းငယ်ပါ ရှိလာပါတယ်။ အစကတော့ Pre-loaded Apps များကို Uninstall လုပ်နိုင် မယ်လို့ သတင်း ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် သတင်းမှားခဲ့ပါတယ်။ အချို့ System Apps များကိုဖယ်ရှားလို့ရပေမယ့် အချို့ကို Disable သာလုပ်နိုင် ပါတယ်။ Disable လုပ်ထားတဲ့ App ဟာ App Drawer မှာ မပေါ်ပါဘူး။ နောက်ကွယ်မှာလည်း Run ခြင်းမရှိ ပါဘူး။ ဒါပေမယ့် ဖုန်းမှာတော့ ရှိနေ ပါသေးတယ်။
၁။ App Drawer ကိုဖွင့်ပြီး Edit Button ကိုနှိပ်ပါ။
၂။ Uninstall or Disable လုပ်နိုင်တဲ့ App များမှာ Minus Icon ကို တွေ့နိုင် ပါတယ်။
၃။ ဖယ်ရှားချင်တဲ့ Apps များမှ Minus Icon ကိုနှိပ်ပါ။
Uninstall or Disable လုပ်သင့်တဲ့ Apps များမှာ Hancom Office 2014, Microsoft OneNote, Lookout, Milk Video, Milk Music နဲ့ Carrier များရဲ့ Apps များဖြစ်ပါ တယ်။
<Samsung Apps Store မှ ကင်မရာစွမ်းဆောင်ချက်အသစ်များကို ဒေါင်းလုပ်ရယူပါ>
Samsung က သူတို့ရဲ့ Camera App စွမ်းရည်ကို တိုးမြှင့်နိုင်အောင်ပြုလုပ် ပေးထားပါတယ်။ Samsung Apps Store မှကောင်းမွန်တဲ့ Camera Add-Ons များစွာကိုဒေါင်းလုပ်ရယူခြင်းဖြင့် Software Engineering ရဲ့အကျိုး ကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ အောက်မှာတော့ရရှိနိုင်တဲ့ Add-On အချို့ ကိုဖော်ပြပေးလိုက်ပါတယ်။ Surround Shot : 360 ဒီဂရီဓာတ်ပုံများကို ရိုက်ကူးနိုင်တဲ့ Photo-sphere နဲ့တူတဲ့ Mode ဖြစ်ပါတယ်။
• Sound & Shot : ဓာတ်ပုံရိုက်ကူးနေစဉ်မှာပတ်ဝန်းကျင်မှ အသံများ ကို ဖမ်းယူထားနိုင်ပါတယ်။
• Rear-Cam Selfie : အနောက်ဘက်ကင်မရာနဲ့ Selfie ရိုက်ကူးနိုင်ပြီး အကောင်းဆုံးဓာတ်ပုံရရှိဖို့ သင့်တော်တဲ့အချိန်ကို ပြောပြပေးနိုင်ပါတယ်။
• Dual Camera : အရှေ့နဲ့အနောက် ကင်မရာနှစ်ခုစလုံးကိုအသုံးပြုပြီး ဓာတ်ပုံ ၊ ဗီဒီယိုရိုက်ကူးနိုင်မှာဖြစ် ပါတယ်။
• Animated GIF : လှုပ်ရှားနေတဲ့ဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကူးပြီး Animated GIF အဖြစ် သိမ်းဆည်း နိုင်ပါတယ်။
• Beauty Face : လူ့မျက်နှာရဲ့ပုံပန်းသွင်ပြင်ကို ကောင်းမွန်အောင် ပြုပြင်ပေးနိုင်ပါတယ်။
• Sports Shot : လျင်မြန်စွာလှုပ်ရှားနေတဲ့ရှုခင်းများအတွက် Focus နဲ့ Exposure Settings ကိုအလို အလျောက် ရွေးချယ်ပေးနိုင်ပါတယ်။
<ဘက်ထရီအကုန်သက်သာအောင် Ultra Power-Saving Mode ကို အသုံးပြုပါ>
Ultra Power Saving Mode ဟာ နောက်ဆုံးလက်ကျန်ဘက်ထရီကိုတောင် အသုံးပြုနိုင်အောင် ကူညီ ပေးနိုင်ပါတယ်။ အဲဒီ Mode ကိုဖွင့်ထားရင်ဖုန်းကို Black & White Interface နဲ့ ပြသမှာဖြစ်ပြီးနောက် ကွယ်မှလှုပ်ရှားမှု အများစုကို ပိတ်ထားပေးမှာပါ။ ဖုန်းပြောခြင်း၊ စာပို့ခြင်းနဲ့အရေးကြီး Apps အချို့ကိုအသုံးပြုခြင်း တို့ကိုပြုလုပ်နိုင်ပါသေးတယ်။ Settings> Battery> Ultra Power Saving Mode မှာ ပြုလုပ်နိုင်ပါတယ်။ သူ့လောက် စွမ်းဆောင်ရည် မကောင်းတဲ့ Power Saver Mode ရှိပါသေး တယ်။ အဲဒီ Mode ကိုဖွင့်ထားရင် Screen Brightness ကိုလျှော့ချပေး မှာဖြစ်ပြီး Processor ရဲ့အလုပ်လုပ်နှုန်းကို လျှော့ချပေးမှာပါ။ ဘက်ထရီ ၅၀ ကနေ ၁၅ ရာခိုင်နှုန်းအတွင်းမှာ အဲဒီ Mode ကို အလိုအလျောက်ဖွင့်ပေး အောင် သတ်မှတ်နိုင်ပါတယ်။ Settings> Battery> Power Saving Mode မှာသတ်မှတ်ပါ။
<Quick Connect ဖြင့် အခြား Galaxy Users များထံဖိုင်များပေးပို့ပါ>
ဖိုင်များမျှဝေဖို့အတွက် နည်းများစွာရှိပေမယ့် Samsung Device များမှာ တော့ Quick Connect ဆိုတဲ့ အထူးစွမ်းဆောင်ချက် ပါပါတယ်။ ဒီ စွမ်းဆောင်ချက်က အနီးအနားမှ Device များကို လျင်မြန်စွာရှာဖွေနိုင်ပြီး ဖိုင်များပေးပို့နိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို ဖွင့်ထားရင် Bluetooth ကို အလိုအလျှောက်ဖွင့်ပေးမှာ ဖြစ်ပါတယ်။
၁။ Notification Bar ကိုအောက်ဆွဲချပြီး Quick Connect ကိုရှာပါ။
၂။ Quick Connect ကိုနှိပ်ရင်အနီးအနားမှ Device များကို ပြသပေး မှာဖြစ်ပြီးတစ်ခုကိုရွေးချယ်ပါ။
၃။ သင်ပေးပို့ချင်တဲ့ဖိုင်ကိုရွေးချယ်ပါ။
၎။ ဖိုင်ကိုရွေးချယ်ပြီးရင် အခြား Device က လက်ခံဖို့စောင့်ဆိုင်းရမှာပါ။
၅။ အဲဒီဖိုင်ကို စတင်ပေးပို့မှာ ဖြစ်ပါတယ်။
<Recent Apps Menu ကိုအသုံးပြုပြီးတစ်ချိန်တည်းမှာ App နှစ်ခုကို အသုံးပြုပါ>
Multi-Window Mode ဟာ စကရင်တစ်ခုတည်းမှာ တစ်ပြိုင်နက်တည်း Apps နှစ်ခုကို အသုံးပြုနိုင် တာဖြစ်ပါတယ်။ Samsung က Galaxy S6 မှာ Multi-Window Mode ကို ပိုမိုလွယ်ကူစေဖို့ ပြုလုပ်ပေးလိုက်ပါ တယ်။ အဲဒါဟာ အခုဆိုရင် Recent Apps Menu မှာပါရှိလာပါပြီ။
၁။ Home Button ရဲ့ဘယ်ဘက်မှ Physical Recents Button ကိုနှိပ်ပါ။
၂။ ကတ်ပုံစံနဲ့စကရင်မှာ Recent Apps များကို ပြသပေးမှာ ဖြစ်ပါတယ်။
၃။ Multi-Window ကို အသုံးပြုနိုင်တဲ့ Apps များရဲ့ ညာဘက်ထောင့်မှ X နဲ့ကပ်လျက်မှာ လေးထောင့်အိုင် ကွန်နှစ်ခုကို ပြသပေးမှာဖြစ်ပါတယ်။
၎။ စကရင်ရဲ့ အပေါ်တစ်ဝက်မှာ App ကိုဖွင့်ဖို့အတွက် အဲဒီအိုင်ကွန်ကို နှိပ်ပါ။
၅။ စကရင်ရဲ့ အောက်ခြေတစ်ဝက်မှာတော့ အခုဆိုရင် Multi-Window ကို အသုံးပြုလို့ရတဲ့ Apps များကိုသာ ပြသပေးတော့မှာဖြစ်ပါတယ်။
၆။ အောက်ဘက်ခြမ်းမှာ App တစ်ခုကိုဖွင့်ဖို့နှိပ်ပါ။
၇။ အလယ်လိုင်းကို Drag ဆွဲပြီး Apps များကို Resize လုပ်နိုင်ပါတယ်။
<iTunes ကို ရိုးရှင်းအောင်လုပ်ပါ>
<iTunes မှာ သင်မလိုအပ်တဲ့ စွမ်းဆောင်ချက်များကိုဖယ်ရှားပါ>
Mac မှာ သီချင်းများနားထောင်ရင်တော့ iTunes ကိုအသုံးအများဆုံးပါ။ Apple Music or iTunes ကို Subscribe လုပ်ထားရင် iTunes ဟာ အကောင်းဆုံး Music Player ဖြစ်ပါတယ်။ iTunes ကိုရိုးရှင်းစွာ လုပ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။ သင်အလိုမရှိတဲ့ စွမ်းဆောင်ချက်များကိုဖယ်ရှား နိုင်ပြီး လိုအပ်တာတွေကိုပဲအသုံးပြုနိုင်ပါတယ်။
<Apple Music ကိုပိတ်ပါ>
iTunes> Preferences ထဲသွားပြီး
General ကို နှိပ်ပါ။
Show Apple Music ရဲ့ဘေးမှ
အမှန်ခြစ်ကို ဖြုတ်ပေးပါ။
ဒါဟာ iCloud Music Library အပါအ၀င်
Apple Music ရဲ့
စွမ်းဆောင်ချက်အားလုံးကို
ပိတ်ပေးမှာဖြစ်ပါတယ်။
<Connect ကို ပိတ်ပါ>
Apple Music Connect ဟာ iTunes ရဲ့
လူမှုကွန်ရက်အစိတ်အပိုင်းဖြစ်ပါတယ်။
ဒီစွမ်းဆောင်ချက်ကို မနှစ်သက်ရင်
ပိတ်ထားနိုင်ပါတယ်။
iTunes Preferences ထဲမှ
Restrictions အောက်မှ
အခြား Apple Music စွမ်းဆောင်ချက်
များနဲ့တော့ ဒါဟာသီးခြားဖြစ်ပါတယ်။
<iTunes Store ကိုဖွက်ပါ>
iTunes Store ကနေ၀ယ်ယူမှုများ မလုပ်ဘူးဆိုရင်ဒါမှမဟုတ်
အင်တာနက် ရေဒီယိုများ နားထောင်ခြင်းမရှိလျှင် iTunes Preferences ထဲမှ
Restrictions အောက်မှာ အဲဒီစွမ်းဆောင်ချက်များကို ပိတ်ထားနိုင်ပါတယ်။
iTunes Store ကို ပိတ်ထားရင် Apple Music စွမ်းဆောင်ချက်များကိုလည်း
ပိတ်ပေးမှာပါ။ iCloud Music Library မှာ သင့်သီချင်းများကို ပြန်လည် ရယူနိုင်ပါတယ်။
<မီဒီယာ အမျိုးအစားများကိုဖွက်ထားပါ>
iTunes ရဲ့ ဘယ်ဘက်ထိပ်နားမှ More Button ကိုနှိပ်ပြီး Edit ကိုနှိပ်ပါ။ Navigation Bar မှာ မပြသစေချင်တဲ့ ကဏ္ဍများအားလုံးကို အမှန်ခြစ် ဖြုတ်ပါ။
သင်ဖွက်ထားတဲ့ မီဒီယာအမျိုးအစားများကို More Button ကိုနှိပ်ပြီး အသုံးပြုနိုင်ပါတယ်။
<Login Screen ကို Customize လုပ်ပါ>
Login Window ကို နှစ်လိုဖွယ်ကောင်းအောင် ပြုလုပ်ပါ
သင့်ရဲ့ Mac Login Window ဟာနှစ်လိုဖွယ်မကောင်းပါဘူး။ ဒတ်စတော့ နောက်ခံကလည်းမှုန်ဝါး နေပါတယ်။ အဲဒီနောက်ခံဓာတ်ပုံကို သင်နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ သင့်ရဲ့ဓာတ်ပုံဟာ သင့်ရဲ့စကရင် နဲ့ Pixel တူညီရမှာပါ။ User Icons များနဲ့လည်း မရှုပ်ထွေးရပါဘူး။
၁။ နောက်ခံဓာတ်ပုံအသစ်တစ်ခုသတ်မှတ်ပါ။
သင့်စကရင်နဲ့ အနေတော်ဖြစ်မယ့်ဓာတ်ပုံတစ်ခုကိုရှာပါ။ ဖြတ်ထုတ်သင့်ရင်ဖြတ်ထုတ်ပါ။ com.apple. desktop.admin.png အမည်နဲ့ PNG ဖိုင်အဖြစ်သိမ်းပါ။ /Library/Caches ထဲမှာထားပါ။
၂။ Message တစ်ခုထည့်ပါ။
သင့်ရဲ့ Mac ပျောက်ဆုံးသွားရင်သင့်ထံဆက်သွယ်ဖို့အတွက် System Preferences ထဲမှ Security & Privacy Pane ထဲသွားပါ။ General Tab ထဲသွားပြီး Show a message …ကို On ပါ။ Set Lock message ကိုနှိပ်ပြီး သင့်ကိုဆက်သွယ်နိုင်မယ့် သတင်းအချက်အလက်များကို ရေးသားပါ။
၃။ ရှုပ်ထွေးမှုများကို ဖယ်ရှားပါ။
Login Window ရဲ့ အောက်ခြေမှခလုတ်များကို ဖွက်ထားဖို့အတွက် System Preferences ထဲမှ Users & Groups Pane ထဲသွားပါ။ Padlock and authenticate ကိုနှိပ်ပါ။ Login Options ကိုနှိပ်ပြီး Show Sleep, Restart and Shut Down Buttons များကို Off လုပ်ပါ။
<Mail ရဲ့စွမ်းဆောင်ချက်အသစ်များ>
mail ရဲ့စွမ်းဆောင်ချက်အသစ်များကို Fullscreen Mode မှာ အလုပ်လုပ်ဖို့ လက်တွေ့ကျအောင် ပြုလုပ်ပေးဖို့ အဓိကဖန်တီးထားပါတယ်။ အထူးသဖြင့် အီးမေးလ်ရေးသားတဲ့အခါမှာပါ။ အီးမေးလ်အသစ် များကိုစကရင်ရဲ့ အလယ် မှာပြသတဲ့ Panel မှာပဲဖန်တီးရမှာပါ။ ဒါပေမယ့်အခြားအီးမေးလ်များကို မကြည့်ခင်မှာ ရေးသားနေတဲ့ အီးမေးလ်ကို Draft အဖြစ် သိမ်းစရာ မလိုတော့ပါဘူး။ ဒါပေမယ့် Pane ရဲ့ အပြင်ဘက်ကို ကလစ်နှိပ်ရင် စကရင် ရဲ့အောက်ခြေသို့ နေရာပြောင်းပေးပါတယ်။ အောက်မှဘားလေးကို နှိပ်ရင် မူလနေရာသို့ အီးမေးလ်ရေးသားတဲ့ Panel ကို ပြန်လည်ပြောင်းပေးပါတယ်။ ဒါဟာအီးမေးလ်တစ်ခုကနေ အခြားတစ်ခုသို့စာသားများ၊ ပူးတွဲပါဖိုင်များကို ကူးယူရာမှာ ပိုမိုအဆင်ပြေစေပါတယ်။
စကရင်တစ်ခုလုံးကို နေရာယူနိုင်တာ Main Screen တစ်ခုတည်း မဟုတ်ပါ ဘူး။ အစိမ်းရောင်ခလုတ် ကနေ အီးမေးလ်တိုင်းကို Fullscreen အဖြစ် ပြောင်းနိုင်ပါတယ်။ စကရင်ရဲ့တစ်ခြမ်းမှာ အီးမေးလ်တစ်ခုကို ရေးသား နိုင်ပြီးအခြား App တစ်ခုကိုတစ်ဖက်ခြမ်းမှာ ကြည့်နိုင်ပါတယ်။ အီးမေးလ် များစွာကိုလည်း Draft ထဲ သိမ်းစရာ မလိုဘဲ တစ်ပြိုင်နက် ရေးသားနိုင် ပါတယ်။
Toolbar မှ ခလုတ်နှိပ်ခြင်း သို့မဟုတ် X + N ကိုနှိပ်ခြင်းဖြင့် အီးမေးလ် အသစ်တစ်ခုကိုဖန်တီးတိုင်း မှာ Pane မှာ Tab အသစ် တစ်ခုကိုပြသ ပေးပါတယ်။ Up Arrow + X + [ နဲ့ Up Arrow + X + ] ကိုနှိပ်ပြီး Tabs များကြားမှာ ကူးပြောင်းနိုင်ပါတယ်။
<Split View multitasking ကိုအသုံးချခြင်း>
Split View ဟာ Apps နှစ်ခုကိုဘေးချင်းယှဉ်လျက်ပြသပေးခြင်းဖြင့် Fullscreen Apps များကိုပိုမိုအသုံးဝင် စေပါတယ်။ App များရဲ့ Fullscreen Mode လိုပဲ Split View မှာ Dock, Menu Bar တို့ကို ဖွက်ထားပေးတဲ့ အတွက် နေရာကျယ်ကျယ် အသုံးပြုနိုင်ပါတယ်။ Split View က အလုပ်ပိုမိုပြီးမြောက် စေပါတယ်။ အကြောင်း အရာတစ်ခုကို သုတေသနပြုလုပ်တဲ့အခါမှာ ဘယ်ဘက်မှာ Text Editor ကိုထားရှိပြီး ညာဘက်မှာ Safari ကိုထားရှိ နိုင်ပါတယ်။ Split View ကို အသုံးပြုနိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ Fullscreen Mode ပြောင်းနိုင် တဲ့ဝင်းဒိုးတိုင်းရဲ့ဘယ် ဘက်ထိပ်မှာရှိတဲ့ အစိမ်းရောင်ခလုတ်ကိုဖိထားပါ။ Pointer ရှိတဲ့နေရာပေါ်မူတည်ပြီး အပြာရောင်ဝင်းဒိုးကို စကရင်ရဲ့တစ်ခြမ်းမှာပြသပေးမှာပါ။ App ကိုထား ရှိချင်တဲ့တစ်ဖက်ခြမ်းသို့ Pointer ကိုပြောင်းပေးပြီး ဖိထားတာကိုလွှတ်ပါ။ စကရင်ရဲ့အခြားတစ်ဖက်ခြမ်းမှာ Mission Control လိုပဲ အခြား Fullscreen ကိုပြောင်းနိုင်တဲ့အခြားဝင်းဒိုးကိုပြသပေးမှာပါ။ အဲဒီထဲက တစ်ခုကိုရွေးပေး ပါ။ App တစ်ခုကို Fullscreen Mode နဲ့ ဖွင့်ထားရင် Mission Control ကို ဖွင့်ပြီး စကရင်ရဲ့ထိပ်မှ Spaces Bar ရဲ့ အပေါ်သို့ အလယ်မှနေ၍၀င်းဒိုး တစ်ခုကိုဖိဆွဲပါ။ သင့်ရဲ့နေရာအတွက် Previews ကိုပြသရင် Split View မှာနှစ်ခုကို ပေါင်းစည်းဖို့အတွက် Full-screen Mode မှာရှိနေတဲ့ App ပေါ်သို့ ၀င်းဒိုးကိုလွှတ်ချပါ။ El Capitan မှာ Mission Control အလုပ်လုပ်ပုံရဲ့ ဆန့်ကျင်ဖက်ကိုလေ့လာပါ။ Split View မှ App တစ်ခုကိုဖယ်ရှားဖို့အတွက် Apps များရဲ့ Menu Bar နဲ့ Title Bar တို့ကိုမြင်ရစေဖို့ Pointer ကို စကရင်ရဲ့ ထိပ်ကိုရွှေ့ပါ။ ဖယ်ရှားချင်တဲ့ App Title Bar ရဲ့ဘယ်ဘက်ထိပ်မှ အစိမ်းရောင်ခလုတ်ကိုနှိပ်ပါ။ အခြား App ကတော့ Fullscreen Mode အဖြစ် ရှိနေမှာပါ။ Apps များရယူထားတဲ့နေရာကို ချိန်ညှိဖို့ App နှစ်ခုကြားမှ မျဉ်းကြောင်းပေါ် သို့ Pointer ကိုတင်ပါ။ မျှားပေါ်လာရင်ဖိဆွဲပြီးဘယ်၊ ညာ ပြောင်းရွှေ့ပါ။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com