3/01/2016

♪ “FB က Live Video ၀န်ဆောင်မှုကို ကမ္ဘာအနှံ့သို့ ဖြန့်ချိ” ♫


Facebook က Live Video ၀န်ဆောင်မှုကို အမေရိကန်ပြင်ပသို့ ဖြန့်ချိ ပေးနေပြီဖြစ်ပါတယ်။ Facebook Live Video စွမ်းဆောင်ချက်ဟာ မိုဘိုင်းဖုန်းကနေ ဗီဒီယိုများ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်မှာဖြစ်ပါတယ်။

ယခင်ကမူ အဲဒီ ၀န်ဆောင်မှုကို အမေရိကန်ရှိ နာမည်ကျော်များနဲ့ Verified Accounts များကသာ အသုံးပြုနိုင်တာဖြစ်ပါတယ်။ ယခင်နှစ် သြဂုတ်လက စတင်ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်။ Live Video များမှာ ကြည့်ရှုသူများ က ကွန်းမန့်များပေးနိုင်ပါတယ်။ ထုတ်လွှင့်သူက ကြည့်ရှုသူ အရေအတွက်နဲ့ အမည်များကို မြင်တွေ့နိုင်မှာပါ။ ထုတ်လွှင့်မှု ပြီးဆုံးသွားတဲ့အခါမှာ ဗီဒီယိုကို သိမ်းဆည်းထားနိုင်ပြီး မျှဝေနိုင်ပါတယ်။ Facebook Live Video ရဲ့ ပြိုင်ဖက် များကတော့ Twitch နဲ့ Periscope တို့ဖြစ်ကြပါတယ်။

အဲဒီ ၀န်ဆောင်မှုများ မှာ နာမည်ကျော်များ တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ရင် သိရှိအောင် Notification ရယူထားနိုင်ပါတယ်။ နာမည်ကျော်များ၊ စီးပွားရေးလုပ်ငန်းများ အတွက် တိုက်ရိုက် ဗီဒီယိုထုတ်လွှင့်မှုဟာ အလွန်အသုံးဝင်မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com