3/01/2016

မြင်းကောင်ရေအား ၁၄၇၉ ရှိ တစ်နာရီလျှင် ၂၆၁ မိုင် မောင်းနှင်နိုင်သော Bugatti Chiron



Volkswagen ကုမ္ပဏီလက်အောက်ရှိ Bugatti အမှတ်တံဆိပ်သည် ဂျီနီဗာ၌ ကျင်းပသောပွဲတွင် Chiron အမည်ရှိ ကားကို ထုတ်ဖော်မိတ်ဆက်ခဲ့သည်။

စစ်မဖြစ်မီက ကျင်းပခဲ့သော မိုနာကိုကားမောင်းပြိုင်ပွဲမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ လူးဝစ်ချီယွန်၏ အမည်ကို ရယူထားသည့် ကားသစ်တန်ဖိုးသည် အခွန်မဆောင်မီ ကန်ဒေါ်လာ ၂.၆သန်း(ပေါင်စတာလင် ၁.၉ သန်း) ကျသင့်မည် ဖြစ်သည်။ Bugatti Chiron တွင် 8L turbocharged W16 အင်ဂျင်ကို အဆင့်မြှင့်တင်ထားသောကြောင့် တစ်နာရီလျှင် ၂၆၁ မိုင်အထိ မောင်းနှင်နိုင်သည်။

Bugatti Chiron သည် စွမ်းဆောင်ရည်မြင့် ကားတစ်မျိုးဖြစ်ပြီး အတွင်းခန်းတွင် သားရေနှင့် အလူမီနီယမ်တို့ အသုံးပြုထားသည်။

Bugatti သည် ပြင်သစ်နိုင်ငံ မိုလ်ရှန်ရှိ စက်ရုံတွင် Chiron ကား ၅၀၀ ကို တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် တတိယမြောက်ကားကို ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

Ref: Arstechnica
Credit Internetjournal


သီဟထိုက်



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download