3/18/2016

♪ Android ဖုန်းများအတွက်အကောင်းဆုံး သီချင်းဒေါင်းလုဒ် App ၅မျိုး ♫


ယခုတင်ဆက်ပေးမှာကတော့ တေးသီချင်းလေးတွေကို နားဆင်ရတာကြိုက်နှစ်သက်တတ်တဲ့ လူငယ်ပရိတ်သတ်တွေအတွက် သီချင်းတွေနားဆင်ရာမှာ အဆင်ပြေပြေနဲ့ ဒေါင်းလုဒ်ပြုလုပ်နားဆင်နိုင်မယ့် Apps တွေပဲဖြစ်ပါတယ်။ သီချင်းဒေါင်းလုဒ်ပြုလုပ်နိုင်တဲ့ Apps တွေအများကြီးရှိပေမယ့် အဆင်မပြေတာများပါတယ်။ ဒီအထဲကမှာ ကျွန်တော့်အနေနဲ့ အသုံးပြုပြီး အဆင်ပြေတဲ့ Apps တွေကို စုစည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲက တချို့Apps တွေမှာလည်း ဖုန်းနဲ့ မကိုက်တာတွေဘာတွေ၊ Bugs တွေရှိနိုင်ပေမယ့် အနည်းစုမှာသာရှိတာကြောင့် အတော်အဆင်ပြေပြေသုံးနိုင်မယ့် Apps တွေပဲ ဖြစ်ပါတယ်။
TTPod
Best free Android apps for downloading free music1
တရုတ်နိုင်ငံကပြုလုပ်ထားတဲ့ ဒီ Apps ကတော့ သီချင်းနားထောင်၊ ဒေါင်းလုဒ်လုပ်တဲ့ Apps တွေထဲမှာ အဆင်အပြေဆုံးပါပဲ။ ဒီ Apps မှာ သီချင်းတွေကို အလွယ်တကူရှာဖွေလို့ ရသလို၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို Favourite လုပ်တာတွေ၊ Playlist လုပ်တာတွေ၊ စတဲ့အရာတွေကို စိတ်ကြိုက်ပြုလုပ်လို့ ရမယ့်အပြင် သီချင်းရဲ့ Lyric တွေဒေါင်းလုဒ်လုပ်တာ၊ အသံတွေစိတ်ကြိုက်ချိန်ညှိတာ၊ စတာတွေပါပြုလုပ်နိုင်လို့ သီချင်းနားထောင်တဲ့ အထဲမှာ အတော်လေးကို အဆင်ပြေတဲ့ Apps တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက တရုတ်နိုင်ငံကပြုလုပ်ထားတာဖြစ်လို့ Apps ရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ တရုတ်စာသားတွေဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီApps ကိုလိုချင်တယ်ဆိုရင်တော့ Google Playstore မှာရှာဖွေလို့ရမှာမဟုတ်ပဲ Mobogenie နဲ့ တခြား Downloader တွေကနေတစ်ဆင့်ရှာဖွေ ဒေါင်းယူနိုင်ပါတယ်။
Google Play Music
Best free Android apps for downloading free music3
Google Play Music ကတော့ ထူးထူးထွေထွေ မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ အားလုံးရဲ့ဖုန်းတွေ မှာလည်းရှိပြီးသားဖြစ်နေတယ်လို့ထင်ပါတယ်။ သူလည်းလုပ်ဆောင်ချက်တွေ အတော်များများရှိနေတာကို တွေ့ရမှာပါ။ ထူးထူးခြားခြားမညွှန်းလိုတော့ပါဘူး။
Advanced Download Manager
Best free Android apps for downloading free music4
Andvanced Download Manager ကတော့ သင့်ကို MP3 နဲ့ MP4 နှစ်မျိုးဒေါင်းလို့ ရအောင်ပြုလုပ်စေမှာပါ။ ဒီအထဲကမှ သင့်အနေနဲ့ အဆင်ပြေသလို ရွေးချယ်ပြီး ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။
Tunee Music Downloader
Best free Android apps for downloading free music5
ဒီတစ်ခုကလည်း အဆင့်အတန်းတစ်ခု ရှိတဲ့ App တစ်ခုပါပဲ။ သီချင်းအတော်များများကိုလည်း ရှာဖွေနိုင်သလို ဒေါင်းလုဒ်လုပ်ရတာလည်းလွယ်ကူပါတယ်။
SnapTube
Best free Android apps for downloading free music2
ကျွန်တော်အကြိုက်ဆုံး Apps တွေထဲက တစ်ခုပါပဲ။ ဗီဒီယိုတွေဒေါင်းရတာ လွယ်သလိုပဲ MP3 တွေကို လည်းဒေါင်းနိုင်ပါတယ်။ ရင်းမြစ်ကတော့ YouTube ကဖြစ်တာကြောင့် မြန်မာသီချင်းတွေ ပါအလွယ်တကူ ဒေါင်းလုဒ်ပြုလုပ်နိုင်တာဖြစ်ပါတယ်။ သင်ရှာဖွေချင်တဲ့ သီချင်းတွေကို ရှာပြီး အထဲဝင်လိုက်တာနဲ့ ဘယ်လိုအမျိုးအစားကို ဒေါင်းလုဒ်လုပ်ချင်လဲဆိုတာ မေးပါလိမ့်မယ်။ အဲ့ဒီအထဲက MP4, MP3 ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီးဒေါင်းလုဒ် ပြုလုပ်နိုင်ပါတယ်။

ယခုတင်ပြသွားတာတွေကတော့ သင့်အနေနဲ့ သီချင်းတွေကို အလွယ်တကူဒေါင်းလုဒ်ပြုလုပ်နိုင်မယ့် Apps လေးတွေကို လမ်းညွှန်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအထဲက သင့်ဖုန်းနဲ့လည်း အဆင်ပြေ ကိုက်ညီနိုင်မယ့် Apps တွေကို Google Playstore, Mobogenie စတဲ့ Store တွေမှာ အလွယ်တကူ “Free” ရယူနိုင်ပါတယ်။ ကျွန်တော့်စိတ်ကြိုက်ညွှန်းပါဆိုရင်တော့ TTPod, Advanced Download Manager နဲ့ SnapTube စတဲ့ Apps တွေက သင့်ကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပါလိမ့်မယ်။
Ref: Androidpit

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com