3/15/2016

♪ 4000mAh Battery တပ်ဆင်ထားသည့် ZTE Blade D2 ကို ကြေညာ ♫


ZTE က ဗီယက်နမ် ၀က်ဆိုက်တွင် တန်ဖိုးနည်း Blade D2 ကို မိတ်ဆက်လိုက်ပါသည်။ ဗီယက်နမ် ဒေါင် ၂ ၆၉၀ ၀၀၀ ( ဒေါ်လာ ၁၂၀ ) တန်ကြေးရှိပါသည်။ လက်ရှိတွင် ဗီယက်နမ်၌သာ ၀ယ်ယူနိုင်ပါသည်။ Blade D2 ၏ အဓိက Specification မှာ ပမာဏ ကြီးမားသော 4000mAh Battery တပ်ဆင် ထားခြင်း ဖြစ်ပါသည်။ Blade D2 ဖြင့် အခြား စမတ်ဖုန်းများကို အားသွင်းပေးနိုင်ပါသည်။

ပလတ်စတစ်ကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး ၅ လက်မ HD Display , Android 5.0 Lollipop , Quad-Core MediaTek MTK6735P Processor, 1GB RAM, 8GB Storage တပ်ဆင်ထားပါသည်။ 64GB အထိ ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

5MP Rear Camera, 2MP Front Camera ပါရှိပါသည်။ 4G LTE ကို ထောက်ပံ့ပေးပြီး WiFi 802.11 b/g/n, Bluetooth 4.0 တို့ကို အသုံးပြုနိုင်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com