10/11/2014

♪ Samsung Galaxy Note4 မိတ်ဆက်ပွဲအခမ်းအနားကျင်းပ ♫



Samsung မှ အသစ်ထပ်မံ တင်သွင်းလာမည်ဖြစ်သော Galaxy Note4 မိတ်ဆက်ပွဲ အခမ်းအနားအား ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် အောက်တိုဘာလ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ အခမ်းအနား၌ Galaxy Note4 တွင် ပါဝင်လာမည့် နည်းပညာအသစ်များ၊ အသုံးပြုပုံစံများ၊ စွမ်းဆောင်ရည်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် Galaxy Note4 တွင် အသုံးပြုနိုင်သော စနစ်များအား လက်တွေ့ပြုလုပ် ပြသခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

အသစ်ထွက်ရှိလာမည့် Samsung ၏ Galaxy Note4 တွင် ၅.၇ လက်မ အရွယ်အစားရှိ အရည် အသွေးမြင့်မားသော Screen ၊ Multi Windows စနစ်၊ နည်းပညာသစ်များ ထပ်ပေါင်း ဖြည့်စွက်ထားသည့် ကင်မရာစနစ်၊ လုံခြုံရေးစနစ်အတွက် Finger Print စနစ်နှင့် နေ့စဉ်လုပ်ငန်းဆောင် တာများအား လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်မည်ဖြစ်သော S Note စနစ်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ Galaxy Note4 အား မီးခိုးရင့်ရောင်၊ အဖြုရောင်၊ ရွှေရောင်နှင့် ပန်းရောင်တို့ဖြင့် ပြည်တွင်းဈေးကွက်သို့ တင်သွင်း ရောင်းချပေးသွားမည်ဖြစ်သည်။

Samsung Galaxy Note 4 အား အောက်တိုဘာလ ၂၆ ရက်နေ့၌ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း ရှိ UMFCCI နှင့် မန္တလေးမြို့ Skywalk တို့တွင်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပရိုမိုးရှင်း ပြုလုပ်ကာ တစ်ပြိုင်နက် ရောင်းချပေး သွားမည်ဖြစ်သည်။ အဆိုပါရက်တွင် ဝယ်ယူသူများအားကျပ် တစ်သောင်း ဈေးလျှော့ကာ ရောင်းချပေးသွားမည် ဖြစ်သည့်အပြင် S view Cover နှင့် MAB မှ Visa Card များကို လက်ဆောင်အဖြစ် ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။ Samsung ၏ Brand Shop များအားလုံးတွင် အောက်တိုဘာလ ၂၇ ရက်မှ စတင်ကာ ရောင်းချပေးသွားမည်ဖြစ် ပြီး ဈေးနှုန်း အတိအကျကိုမူ Samsung မှ ထုတ်ပြန်ကြေညာခြင်းမပြုသေးကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com