9/01/2014

♪ မိုဘိုင်းဖုန်းများကို နေရောင်ခြည်မှ အားသွင်းပေးနိုင်သော ဖောက်ထွင်းမြင်ရသည့် Solar Cell မျက်နှာပြင် နည်းပညာကို တီထွင်နေ ♫

Photo: မိုဘိုင်းဖုန်းများကို နေရောင်ခြည် မှ  အားသွင်းပေးနိုင်သော ဖောက်ထွင်းမြင်ရသည့် Solar Cell မျက်နှာပြင် နည်းပညာကို တီထွင်နေ
================================================
 
မီချီဂန် တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြတင်းပေါက်မှန်များ သို့မဟုတ် စမတ်ဖုန်း မျက်နှာပြင်များကဲ့သို့ အသုံးပြုနိုင်သော ဖောက်ထွင်းမြင်ရသည့် Solar မျက်နှာပြင် နည်းပညာကို တီထွင်နေပါသည်။ Solar မျက်နှာပြင်ကို အသုံးပြုခြင်းဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းလဲပေးပြီး အီလက်ထရောနစ်ကိရိယာများကို အားသွင်းပေးနိုင်မည် ဖြစ်သည်။ 

ယခင် ထွက်ပေါ်ခဲ့ဖူးသော Solar Cell များနှင့် မတူညီသည့်အချက်မှာ ယခု Solar Cell များသည် ဖောက်ထွင်းမြင်ရသော မှန်အကြည်များ ဖြစ်ပါသည်။ သုတေသနကို ဦးဆောင်နေသော Richard Lunt က သူတို့အဖွဲ့သည် ပြတင်းပေါက်များစွာ ပါသည့် အထပ်မြင့် အဆောက်အဦးများမှသည် စမတ်ဖုန်း၊ E-Reader ကဲ့သို့ အရည်အသွေးမြင့် မျက်နှာပြင်များ လိုအပ်သော Mobile Device တိုင်းတွင် အသုံးပြုနိုင်မည့် စွမ်းရည်မြင့် ဖောက်ထွင်းမြင်ရသော Solar မျက်နှာပြင်များကို တီထွင်နိုင်မည်ဟု ယုံကြည်နေပါသည်။ 

ဖောက်ထွင်းမြင်ရသည့်အတွက် အလင်းရောင် အားလုံးသည် လူ၏ မျက်လုံးသို့ ပြန်လည်ရောက်ရှိပြီး ရုပ်ပုံတစ်ခုလုံးကို မြင်ရသော Display အဖြစ် အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ ယခင်ထွက်ပေါ်ခဲ့ဖူးသော Solar Cell များသည် တစ်ဝက်တစ်ပျက်သာ ဖောက်ထွင်းမြင်ရခြင်း ဖြစ်သဖြင့် စမတ်ဖုန်းမျက်နှာပြင်များ အဖြစ် အသုံးပြု၍ မရခြင်း ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>