9/23/2014

♪ Huawei နှင့် KMD ပူးပေါင်း၍ တယ်လီကွန်းပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်မည် ♫


တယ်လီကွန်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Huawei နှင့် ပြည်တွင်းရှိ KMD သင်တန်းကျောင်းတို့ ပူးပေါင်း၍ တယ်လီကွန်းပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်၍ HCNG (Huawei Certified Network Graduate) နှင့် MMB (Mobile Broadband Network) သင်တန်းများကို KMD (မြေနီကုန်း) တွင် စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး KMD မှ တယ်လီကွန်းဆိုင်ရာ သီအိုရီနှင့် အသိပညာ များကို Huawei ၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးသွားမည်ဖြစ်သည်။

HCNG သင်တန်းတွင် ICT အခြေခံ၊ Core Network ၊ Access Network ၊ Transmission Network နှင့် GSM/WCDMA ဘာသာရပ်များ ပါဝင်မည်ဖြစ်ပြီး သင်တန်းကြေး ကျပ်သုံးသိန်းခွဲနှင့် သင်တန်းကာလ ၃ လ ကြာမြင့်မည် ဖြစ်သည်။ MBB သင်တန်းတွင် BTS တပ်ဆင်ခြင်း၊ Mobile Tower တပ်ဆင်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေး ကျပ်နှစ်သိန်းနှင့် သင်တန်းကာလ ၁ လကြာမည်ဖြစ် သည်။

သင်တန်းပြီးဆုံးပါက နိုင်ငံတကာအသိအမှတ်ပြု Huawei ၏ International Exam ကို ဖြေဆိုနိုင် မည် ဖြစ်သည့်အပြင် KMD နှင့် Huawei မှပေးအပ်သော သင်တန်းဆင်းလတ်မှတ်ကိုလည်း ရရှိမည်ဖြစ် သည်။ သင်တန်းတွင် Huawei ၏ တယ်လီကွန်း Equipment များ လက်တွေ့လေ့ကျင့် သင်ကြားမည်ဖြစ်ပြီး Huawei မှ ကျွမ်းကျင်အင်ဂျင်နီယာများမှလည်း လုပ်ငန်းခွင် အတွေ့အကြုံများကို ဆွေးနွေး သင်ကြားပေး မည် ဖြစ်ကြောင်းသိရသည်။


Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>