ဂင်းနစ်စံချိန်တင် ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းကို အမေရိကန်တွင် ရောင်းချပေးလိုက်ပါသည်။ အထူမှာ ၅.၅ မီလီမီတာသာ ရှိပြီး ခဲတံတစ်ချောင်းထက် ပါးလွှာပါသည်။
Blu Vivo IV ကို အမေရိကန်တွင် ဒေါ်လာ ၂၉၉ ဖြင့်ရောင်းချပေးနေပါသည်။ စွမ်းဆောင်ရည်မြင့်မားသော် လည်း ဈေးနှုန်း သက်သာပါသည်။
Vivo IV တွင် 1.7GHz Octa-Core CPU, 2GB RAM, ARM Mali 450 Graphics တပ်ဆင်ထားပါသည်။ ငါးလက်မ 1080x1920 Super AMOLED Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၄၀ ဖြစ်ပါသည်။ Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ အနောက်ဘက်တွင် 13 MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 5 MP Camera တပ်ဆင်ထားပါသည်။ 16GB Internal Storage နှင့် MicroSD Card Slot ပါရှိပါသည်။ 2300mAh Battery တပ်ဆင်ထားပါသည်။ Android 4.2 Jelly Bean ကို အသုံးပြုထားသည်က အားနည်းချက်ဖြစ်ပါသည်။ သို့သော် 4.4 KitKat သို့ အဆင့်မြှင့်တင်နိုင်ပါသည်။
Vivo IV ၏ HSPA + ဆက်သွယ်မှုမှာ 21Mbps အမြန်နှုန်းရှိပါသည်။ Samsung Galaxy S5 ၏ အမြန်နှုန်းဖြစ်သော 42Mbps နီးပါးလျှင်မြန်ပါသည်။ Bluetooth 4.0, WiFi, Hotspot, Micro-USB 2.0 တို့ပါရှိပါသည်။