9/26/2014

♪ Archos က ၉သောင်းဝန်းကျင်တန်ဖိုးနည်း 45c Platinum , 50b Platinum စမတ်ဖုန်းများကို ရောင်းချ ♫


ပြင်သစ် စမတ်ဖုန်း ထုတ်လုပ်သူ Archos က 45c Platinum , 50b Platinum စမတ်ဖုန်းများကို ရောင်းချပေး လိုက်ပါသည်။ Android 4.4 KitKat ကို အသုံးပြုထားပြီး အလွန်ဈေးသက်သာပါသည်။

စမတ်ဖုန်း နှစ်မျိုးစလုံးတွင် 1.3GHz Quad-Core CPU , Mali 400MP2 GPU, 512MB RAM, 4GB Internal Storage, MicroSD Card Slot တို့ပါရှိပါသည်။ Dual-SIM အသုံးပြုနိုင်ပါသည်။ တစ်စက္ကန့်လျှင် 21Mbps နှုန်းရရှိသော HSDPA ဆက်သွယ်မှုကို အသုံးပြုနိုင်ပါသည်။

Archos 50b Platinum သည် စွမ်းဆောင်ရည် အနည်းငယ်ပိုမိုမြင့်မားပါသည်။ ငါးလက်မ qHD (960x540) IPS Display တပ်ဆင်ထားပါသည်။ 1080p Video များကို ရိုက်ကူးနိုင်သော 8MP Camera, 1900mAh Battery ပါရှိပါသည်။ ဒေါ်လာ ၁၁၉ တန်ကြေးရှိပါသည်။

Archos 45c Platinum တွင် ၄.၅ လက်မ FWVGA IPS Display တပ်ဆင်ထားပါသည်။ 1080p Video များကို ရိုက်ကူးနိုင်သော 5MP Camera ပါရှိပါသည်။ 1700mAh Battery တပ်ဆင်ထားပါသည်။ ဒေါ်လာ ၉၉ ဖြင့်ရောင်းချမည် ဖြစ်သည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>