9/29/2014

♪ Huawei က ဈေးသက်သာသော Honor Tablet ကို ကြေညာ ♫


Huawei က ရှစ်လက်မအရွယ် Honor Tablet ကို မလေးရှားတွင် ရောင်းချပေးလိုက်ပါသည်။ ဈေးသက်သာပြီး 3G အသုံးပြုနိုင်ပါသည်။ သတ္တုဘေးဘောင်များကို အသုံးပြုထားပါသည်။ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒေါ်လာ ၁၈၄ ဖြင့် ကြိုတင်မှာယူနိုင်မည် ဖြစ်သည်။

Huawei Honor Tablet တွင် 1.2GHz Quad-Core Qualcomm Snapdragon 200 Chipset, 1GB RAM ပါရှိပါသည်။ 16GB Internal Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါသည်။



ရှစ်လက်မအရွယ် 1280x800 IPS Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 5MP Camera နှင့် မျက်နှာချင်းဆိုင်တွင် VGA Camera တပ်ဆင်ထားပါသည်။ HSPA + ကို အထောက်အပံ့ပေးသော 3G ဆက်သွယ်မှုကို အသုံးပြုနိုင်ပါသည်။ Android 4.3 Jelly Bean နှင့် Emotion UI 1.6 ကို ပေါင်းစပ် အသုံးပြုထားပါသည်။

၇.၉ မီလီမီတာ အထူရှိပြီး ၃၆၀ ဂရမ် အလေးချိန်ရှိပါသည်။ 4800mAh Battery တပ်ဆင်ထားပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>