9/01/2014

♪ MPT ၏ မိုဘိုင်းလ် အင်တာနက်ကွန်ရက်များချွတ်ယွင်းမှုပေါ်ပေါက် ♫


မိုဘိုင်းလ်ကွန်ရက်များ စက်ပိုင်ဆိုင်ရာချွတ်ယွင်းမှု များဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တစ်ဆင့်ကြားသိရ သည်။ အဆိုပါစက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုမှာ 2014 ခုနှစ်သြဂုတ် (30) ရက်နေ့ ညနေ 6း00 နာရီဝန်းကျင်မှ အစပြု၍ ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

CDMA 800 MHz မိုဘိုင်းလ်ဖုန်းကွန်ရက်များ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုများကြောင့် CDMA 800 MHz မိုဘိုင်းလ်ဖုန်းများ ၏ Internet service များဆက်သွယ်မှုပြတ်တောက်ခဲ့သည်။ " မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့  သြဂုတ် (၃၀) ရက်နေ့ က ပြတ်တောက်တဲ့ ချွတ်ယွင်းမှုကို အမြန်ဆုံးပြန်လည်ပြုပြင်ဆောင် ရွက်ခဲ့တဲ့အခါ (၃၁) ရက်နေ့မှာပဲပြန်ကောင်းခဲ့ပါ တယ်။ ကောင်းတဲ့အချိန်ကတော့ ၃၁ ရက်နေ့ မနက် (၇း၀၀) နာရီဝန်းကျင်မှာပါ။ ဒါပေမယ့် သြဂုတ် (၃၁) ရက်နေ့ နေ့လည် (၁၁း၀၀) နာရီဝန်းကျင်မှာပဲ Internet Service အချို့ဆက်သွယ်မှုပြန်လည်ချွတ်ယွင်းခဲ့ပါတယ်" ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃ ခုနှစ်ဧပြီလပိုင်းမှ အစပြု၍ တန်ဖိုးနည်း sim card များကိုရောင်းချခဲ့ရာတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအမှတ်တံဆိပ် CDMA 800 MHz (MEC Tel) sim card များကို စတင်ရောင်းချခဲ့ခြင်းဖြစ် သည်။ ထို့အပြင် 09-73 နှင့်အစပြုသော CDMA 800 MHz sim card များကို အင်တာနက်လျှောက်ထားခွင့် ရပ်ဆိုင်းထား ရှိသည်။ လက်တလော ကာလအတွင်း MEC Tel အမှတ်တံဆိပ် CDMA 800 MHz sim card များကိုသာ message ပို့၍ အင်တာနက်လျှောက်ထားခွင့်ပြုသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ချွတ်ယွင်းလျက်ရှိသည့် Internet service ဆက် သွယ်မှု များကို ပြန်လည်ကောင်းမွန်လာစေရန် ပြုပြင်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်း ထုတ်ပြန် ထားရှိသည်။


အောင်ရဲကျော်





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>