9/25/2014

♪ Huawei က အလွန်ဈေးသက်သာပြီး 4G အသုံးပြုနိုင်သော Honor 4 Play ကို ကြေညာ ♫

Photo: Huawei က အလွန်ဈေးသက်သာပြီး 4G အသုံးပြုနိုင်သော Honor 4 Play ကို ကြေညာ
===================================================
 
Huawei က တရုတ်နိုင်ငံတွင် Honor 4 Play စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။ သြဂုတ်လတွင် ထွက်ရှိခဲ့သော Honor 3C Play ၏ မျိုးဆက်ဖြစ်သော်လည်း Honor 4 Play တွင် Honor 3C Play တွင် မပါသော 4G အသုံးပြုနိုင်သော စွမ်းရည် ပါရှိလာပါသည်။ 

Huawei က 4G ကို အထောက်အပံ့ပေးသော Chipset ကို ပြောင်းလဲထည့်သွင်းထားခြင်းကြောင့် ဖြစ်ပါသည်။ Honor 3C Play တွင် MediaTek SoC နှင့် Honor 4 Play တွင် Qualcomm 64-bit 1.2GHz Quad-Core Snapdragon 410 တပ်ဆင်ထားပါသည်။ 

စမတ်ဖုန်းနှစ်လုံးတွင် Specification အများစုမှာ တူညီကြပါသည်။ Honor 3C Play ကဲ့သို့ပင် Honor 4 Play တွင် ငါးလက်မ 720p Display , 1GB RAM, 8MP Rear Camera, LED Flash, 2MP Front-Facing Camera , 2000mAh Battery တပ်ဆင်ထားပါသည်။ 

Honor 4 Play တွင် 8GB Internal Storage သာပါရှိပြီး Honor 3C Play တွင် 16GB ပါရှိပါသည်။ စမတ်ဖုန်းအသစ်တွင် SIM Card နှစ်ခု အသုံးပြုနိုင်ပြီး အနောက်ဘက် ကာဗာကို သားရေဖြင့် ချုပ်လုပ်ထားသကဲ့သို့ ထင်ရစေသည့် ပလတ်စတစ်ကို အသုံးပြုထားပါသည်။ 

တရုတ်တွင် ဒေါ်လာ ၁၃၀ ခန့်ဖြင့် ရောင်းချမည်  ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>