9/25/2014

♪ Facebook က Boeing 747 လေယာဉ်ပျံ အရွယ် Drone များဖြင့် အင်တာနက် ထုတ်လွှင့်ပေးမည် ♫


Facebook က Boeing 747 ခရီးသည်တင် လေယာဉ် အရွယ်အစား ရှိသော Drone များဖြင့် အင်တာနက် ထုတ်လွှင့်ပေးမည် ဖြစ်သည်။

Facebook က လူဦးရေ ငါးဘီလီယမ်ကို Drone များဖြင့် အင်တာနက် ထုတ်လွှင့်ပေးမည်ဟု ယခင်က ကြေညာခဲ့ဖူးသော်လည်း Drone များ၏ အရွယ်အစားကို ယခုမှ ပြောကြားခြင်း ဖြစ်ပါသည်။ Facebook က အင်တာနက် ထုတ်လွှင့်ပေးနိုင်သော Drone , Satellite များကို တီထွင်ရန် Connectivity Lab ကို ဖွဲ့စည်းထားပါသည်။ နေရာဒေသ အပေါ်မူတည်ပြီး နည်းလမ်းမျိုးစုံဖြင့် အင်တာနက် ထုတ်လွှင့်ပေး မည် ဖြစ်သည်။

Facebook Connectivity Lab မှ အင်ဂျင်နီယာ ဌာန၏ ဒါရိုက်တာ ဖြစ်သူ Yael Maguire က ရာသီဥတု ဒဏ်ခံနိုင်ပြီး နှစ်ပေါင်းများစွာ အလိုအလျှောက် မောင်းနှင် ပျံသန်းပြီး အင်တာနက် ထုတ်လွှင့်နိုင်သော Boeing 747 ဂျက်လေယာဉ်ပျံအရွယ် Drone များကို တီထွင်နေသည်ဟု ပြောပါသည်။ အရွယ်အစား ကြီးမားသော်လည်း အလေးချိန်မှာ နည်းပါးသည်ဟု ပြောပါသည်။

Facebook က ၂၀၁၅ တွင် အမေရိကန်၌ Drone ကို စမ်းသပ်မည်ဟု မျှော်လင့်နိုင်ကြောင်း Maguire က ပြောပါသည်။ အိန္ဒိယနှင့် လက်တင်အမေရိက၊ အာရှ၊ အာဖရိကရှိ နိုင်ငံ ၂၁ ခုတွင်လည်း စမ်းသပ် မည် ဖြစ်သည်။


Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>