9/25/2014

♪ Apple Touch ID တွင် လုံခြုံရေး အားနည်းချက်များရှိနေဆဲဟုဆို ♫


iPhone 6 တွင် ပါဝင်သည့် Touch ID စနစ်သည် လက်ဗွေအတုများ အသုံးပြု၍ ဖွင့်နိုင်သည့် အားနည်းချက် ရှိနေဆဲဖြစ်ကြောင်း လုံခြုံရေး သုတေသီတစ်ဦးက ပြောကြားခဲ့သည်။

Touch ID များ၏ လက်ဗွေလုံခြုံရေးစနစ်သည် တင်းကျပ်သော်လည်း ချိုးဖောက်ခံရနိုင်သည့် အနေအထား ရှိကြောင်း Lookout Mobile Security မှ လုံခြုံရေးသုတေသီ အကြီးအကဲ မာ့ခ်ရော်ဂျာက ပြောဆိုခဲ့သည်။ Apple သည် iPhone 5S တွင် Touch ID လက်ဗွေစနစ်ကို လုံခြုံရေး လိုအပ်ချက်အရ စတင်ထည့်သွင်း မိတ်ဆက်ခဲ့သည်။ ထို့နောက်တွင် လုံခြုံရေးသုတေသီများက လက်ဗွေတုများဖြင့် ဖုန်းကို ဖွင့်နိုင်ကြောင်း စမ်းသပ်ပြခဲ့ပြီး သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင်လည်း မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဆူနီတိုမိုမတ်ဆုမို တိုသည် Elmer တံဆိပ်ကော်များဖြင့် လက်ဗွေများကို ကူးယူနိုင်သည့် နည်းလမ်းကို ပြသခဲ့သည်။

iPhone 6 တွင် ပါဝင်လာသည့် Touch ID သည် မိုဘိုင်းငွေပေးချေစနစ် Apple Pay အတွက် အရေးပါသော လုံခြုံရေးစနစ်တစ်ခု ဖြစ်လာမည် ဖြစ်သလို အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်မည့် Apple Pay ကိုသုံးစွဲသည့်အခါတွင်လည်း Touch ID က မရှိမဖြစ် လိုအပ်လာမည် ဖြစ်သည်။

Ref: CNET

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>