9/10/2014

♪♪ Apple ၏ ပထမဆုံး Phablet ဖြစ်သော iPhone 6 Plus ကိုကြေညာ ♫♫


Apple က ပထမဆုံး Phablet ဖြစ်သော iPhone 6 Plus ကိုကြေညာလိုက်ပါသည်။ ၅.၅ လက်မ IPS LCD Display တပ်ဆင်ထားပြီး Retina HD Resolution (1920x1080 Pixels) သို့မဟုတ် 1080p ဖြစ်ပါသည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၀ ဖြစ်ပြီး ကြီးမားသော မျက်နှာပြင်နှင့် တွဲဖက် အသုံးပြုနိုင်ရန် iOS 8 ကို ပြုပြင် အဆင့်မြှင့်ထားပါသည်။ Pixel သိပ်သည်းဆမှာ LG G3 , Galaxy Note 4 တို့လောက် မကောင်းသော်လည်း Apple အတွက် စံချိန်သစ်ဖြစ်ပါသည်။

ကြီးမားသော မျက်နှာပြင်တွင် App များကို တစ်ပြိုင်နက် အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားပါသည်။ 64-bit A8 Chip အသစ် တပ်ဆင်ထားပြီး CPU စွမ်းအင်ကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပြီး GPU ကို ၅၀ ရာခိုင်နှုန်း ပိုမို မြှင့်တင်ပေးနိုင်ပါသည်။



iPhone 6 Plus သည် 20 LTE Band ကို အထောက်အပံ့ပေးပြီး 150Mbps အမြန်နှုန်း ရရှိနိုင်ပါသည်။ Voice-Over-LTE (VoLTE) အသုံးပြုနိုင်ပြီး iPhone 5S ထက် သုံးဆလျှင်မြန်သော WiFi 802.11ac ကို အသုံးပြုနိုင်ပါသည်။ စွမ်းဆောင်ချက် အသစ်ဖြစ်သော WiFi Calling ပါရှိပြီး အမေရိကန်တွင် T-Mobile နှင့် ဗြိတိန်တွင် EE မှ အသုံးပြုနိုင်ပါသည်။

NFC ကို Apple က ပထမဆုံး အနေဖြင့် ထည့်သွင်းပေးထားပြီး Apple Pay ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်သည်။

အနောက်ဘက်တွင် 8MP iSight Camera ကို True Tone Dual LED Flash ဖြင့် တွဲဖက် တပ်ဆင်ထားပါသည်။ ပထမဆုံး အနေဖြင့် Optical Image Stabilization နည်းပညာ ထည့်သွင်းပေးထားပြီး iPhone 6 ၏ Digital Image Stabilization ထက် ပိုမို အဆင့်မြင့်ပါသည်။



Focus ပြုလုပ်လျှင် နှစ်ဆမြန်ဆန်သည့် Autofocus နည်းပညာပါရှိပါသည်။ 1080p Video များကို 30fps, 60fps စံနှုန်းများဖြင့် ရိုက်ကူးပေးနိုင်ပါသည်။ အနှေးဗီဒီယိုများကို 240fps နှုန်းဖြင့် ရိုက်ကူးပေးနိုင်ပြီး iPhone 5S ၏ 120fps ထက် အဆင့်မြင့်လာပါသည်။ Panorama ဓါတ်ပုံများကို 43MP ဖြင့် ရိုက်ကူးပေးနိုင်ပါသည်။ ဗီဒီယိုများရိုက်ကူးလျှင် စဉ်ဆက်မပြတ် Autofocus ပြုလုပ်ပေးနိုင်ပါသည်။ မျက်နှာချင်းဆိုင် ကင်မရာကို အဆင့်မြှင့်ပေးထားပြီး Selfie ဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်ကူးနိုင်သော HDR Burst Mode ပါရှိပါသည်။

အညို၊ ငွေနှင့် ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံကိုးနိုင်ငံတွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ iPhone 6 Plus သည် iPhone 6 ထက် ဒေါ်လာ တစ်ရာ ပိုများပါသည်။ စာချုပ်ဖြင့် ၀ယ်ယူလျှင် ကနဦးပေးချေရမည့် ဈေးနှုန်းမှာ 16GB ကို ဒေါ်လာ ၂၉၉၊ 64GB ကို ဒေါ်လာ ၃၉၉၊ 128GB ကို ဒေါ်လာ ၄၉၉ ဖြစ်ပါသည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီ ဖြစ်သည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>