9/10/2014

♪♪ Apple က iPhone 6 ကို ကြေညာ ♫♫



Apple က iPhone 6 ကို အရွယ်ကြီး iPhone 6 Plus နှင့် အတူ ကြေညာလိုက်ပါသည်။

iPhone 6 ၏ မျက်နှာပြင် အရွယ်အစားမှာ ၄.၇ လက်မဖြစ်ပြီး ထွက်ရှိပြီးသမျှ iPhone အားလုံးထက် ပိုမိုကြီးမားပါသည်။ မျက်နှာပြင်၏ Resolution မှာ 1334 x750 ဖြစ်ပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၂၆ ဖြစ်ပါသည်။ Apple ၏ စံနှုန်းဖြစ်သည့် Retina အရည်အသွေးရှိပါသည်။ သို့သော် စွမ်းဆောင်ရည်မြင့် Android Phone ဖြစ်သည့် LG G3 ၏ Pixel သိပ်သည်းဆမှာ ၅၃၈ ဖြစ်သည်ကို နှိုင်းယှဉ် သုံးသပ်နိုင်ပါသည်။ Apple က သူ၏ မျက်နှာပြင်အသစ်ကို Retina HD ဟု ခေါ်ပါသည်။ 




iPhone 6 တွင် မျက်နှာပြင်၏ ထောင့်ချိုးများကို ကွေးညွှတ်သည့် ပုံစံပြုလုပ်ထားပြီး ဒီိဇိုင်းဆန်းသစ်ထားပါ သည်။ ၆.၉ မီလီမီတာ အထူရှိပြီး ယခင်မျိုးဆက် iPhone 5S မှာ ၇.၆ မီလီမီတာ အထူ ရှိပါသည်။

Apple က လက်တစ်ဖက်တည်းနှင့် အသုံးပြုနိုင်သည့် Reachability ဟုခေါ်သော စွမ်းဆောင်ချက်အသစ်ကို iPhone 6 နှင့် iPhone 6 Plus တွင် ထည့်သွင်းပေးလိုက်ပါသည်။ Home Button ကိုနှစ်ချက်နှိပ်လျှင် အသုံးပြုနေသည့် အပိုင်းကို အောက်ဘက်သို့လျောချပြီး ပြသပေးမည် ဖြစ်သည်။

Apple က A8 Chip အသစ်သည် ပထမဆုံးမျိုးဆက် iPhone ထက် အဆ ငါးဆယ် ပိုမိုလျှင်မြန်ပြီး Graphics သည်လည်း ၈၄ ဆပိုမိုမြန်သည်ဟု ပြောပါသည်။
iPhone 5S ကဲ့သို့ပင် iPhone 6 တွင် M8 Motion Coprocessor ပါရှိပါသည်။ iPhone 6 တွင် Barometer ဟု ခေါ်သော Sensor အသစ် ပါရှိသဖြင့် အကွာအဝေးများနှင့် အမြင့်များကို တိုင်းတာနိုင်ပါသည်။

ဘက်ထရီ သက်တမ်းမှာ ယခင်မျိုးဆက်များထက် တိုးတက်လာပြီး ဗီဒီယိုများကြည့်လျှင် ၁၁ နာရီ အသုံးခံပါသည်။ ယခင် iPhone များသည် ဆယ်နာရီသာ အသုံးခံသည်ဟု သိရပါသည်။ 



iPhone 6 သည် အင်တာနက် အသုံးပြုလျှင် ပိုမို လျှင်မြန်စေပါသည်။ LTE အသုံးပြုနိုင်ပြီး တစ်စက္ကန့်လျှင် 150 megabits နှုန်း ရရှိနိုင်ပါသည်။ Voice Over LTE(VoLTE) ကို အထောက်အပံ့ပေးပါသည်။ အမြန်နှုန်း သုံးဆ အထိ ရရှိစေသည့် 802.11ac WiFi စံနှုန်းကို အထောက်အပံ့ပေးသော ပထမဆုံး iPhone ဖြစ်ပါသည်။ WiFi Calling ပါရှိပြီး ဖုန်းပြောဆိုမှုများကို WiFi မှ ဆယ်လူလာ ကွန်ရက်၊ ဆယ်လူလာ ကွန်ရက်မှ WiFi သို့ ပြောင်းလဲနိုင်ပါသည်။ Apple ၏ ငွေလွှဲဝန်ဆောင်မှု Apple Pay ကို အသုံးပြုနိုင်စေရန် NFC ဆက်သွယ်မှု ထည့်သွင်းပေးထားပါသည်။

iPhone 6 ၏ ကင်မရာကိုလည်း အဆင့်မြှင့်ထားပါသည်။ 8 Megapixel Camera ကိုသာ အသုံးပြုထားသော်လည်း Focus ပြုလုပ်လျှင် နှစ်ဆ မြန်ဆန်သည်ဟု Apple ကပြောပါသည်။ iPhone 6 တွင် Digital Image Stabilization ပါသော်လည်း iPhone 6 Plus တွင် ပါသော Optical Image Stabilization နည်းပညာမပါရှိဟု သိရပါသည်။

ကင်မရာသည် 1080p Video များကို တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် ရိုက်ကူးပေးနိုင်ပါသည်။ ရိုက်ကူးနေစဉ် Autofocus ကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနိုင်ပါသည်။ အလွန်နှေးသော Slow-Motion Video များကို တစ်စက္ကန့်လျှင် ၂၄၀ ဖရိမ်နှုန်းဖြင့် ရိုက်ကူးပေးနိုင်သော Slow-Motion Mode ပါရှိပါသည်။

မျက်နှာချင်းဆိုင် ကင်မရာသည်လည်း တိုးတက်ကောင်းမွန်လာပြီး တစ်ပြိုင်နက်တည်း Selfie ဓါတ်ပုံများစွာ ရိုက်ကူးပေးနိုင်သော Burst Mode ပါရှိပါသည်။ အလင်းရောင် ၈၁ ရာခိုင်နှုန်း ပိုမို ဖမ်းယူပေးနိုင်သော 2.1 Megapixel Camera ကို အသုံးပြုထားသည်ဟု Apple ကပြောပါသည်။



iPhone 6 ကို အမေရိကန်တွင် စက်တင်ဘာလ ၁၉ ရက်နေ့၌ စတင်ရောင်းချပေးမည်ဖြစ် သည်။ နှစ်နှစ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ကနဦး ပေးချေရမည့် ဈေးနှုန်းမှာ 16GB Model ကို ဒေါ်လာ ၁၉၉ ၊ 64GB Model ကို ဒေါ်လာ ၂၉၉၊ 128GB Model ကို ဒေါ်လာ ၃၉၉ ဖြစ်ပါသည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကြိုတင်ရောင်းချပေးမည် ဖြစ်သည်။ အဖြူ၊ အညိုနှင့် ရွှေရောင်များ ထုတ်လုပ်ပေးထားပါသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ၾသစေတ်းလ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့တွင်လည်း ရောင်းချပေးမည် ဖြစ်သည်။ ထို့နောက်တွင် အခြားနိုင်ငံများ တွင် ရောင်းချပေးမည် ဖြစ်သည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>