8/22/2014

♪ Facebook post များတွင် စတစ်ကာများဖြင့် comment ရေးသားနိုင်ရန် Facebook စမ်းသပ်နေ ♫

http://www.amyvernon.net/wp-content/uploads/2013/10/Facebook_stickers.jpg

Facebook post များတွင် စတစ်ကာများဖြင့် comment များ ရေးသားနိုင်ရန် စမ်းသပ်လျက်ရှိကြောင်း နာမည်ကျော် လူမှုရေးကွန်ရက်ဖြစ်သည့် Facebook မှ အတည်ပြု ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ စတစ်ကာများကို Facebook Messenger တွင်သာ အသုံးပြုနိုင်သည်။  “ကျွန်တော်တို့ Facebook comment မှာ စတစ်ကာတစ်ခု ထည့်သွင်း ရေးသားနိုင်ဖို့အတွက် စမ်းသပ်နေပါတယ်” ဟု Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Next Web ထံ အတည်ပြု ပြောကြားခဲ့သည်။


သုံးစွဲသူများသည် Facebook comment တွင် စတစ်ကာဖြင့် ထည့်သွင်း ရေးသားခြင်းသည် Facebook Messenger app တွင် အသုံးပြုသည့် နည်းလမ်းအတိုင်း ပြုလုပ်ရမည် ဖြစ်သည်။ AllFacebook မှ ထွက်ပေါ်လာသော screenshot များအရ စတစ်ကာ ခလုတ်ကို comment bar ရှိ ကင်မရာ ခလုတ်ဘေးတွင် ထားရှိထားပြီး ၎င်းခလုတ်ကို နှိပ်လိုက်သည့်အခါ default စတစ်ကာများနှင့် သုံးစွဲသူမှ ဝယ်ယူထားသည့် စတစ်ကာများကို တွေ့မြင်ရမည် ဖြစ်သည်။  အဆိုပါ feature ကို ဖြန့်ချိမည့် အစီအစဉ် အသေးစိတ်အား Facebook မှ ပြောကြားခဲ့ခြင်း မရှိသော်လည်း လက်ရှိတွင် ရွေးချယ်ထားသည့် သုံးစွဲသူအချို့ထံ၌ ၎င်း feature ကို စမ်းသပ်လုပ်ဆောင်နေကြောင်း သိရသည်။

Ref: NDTV
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>