Acer Aspire E5-571G Notebook တွင် Intel 4th Gen Core-i5 4210U Processor (up to 2.7GHz) ကို တပ်ဆင်အသုံးပြုထားသည်။ မျက်နှာပြင်မှာ ၁၅.၆ လက်မအရွယ် HD LED LCD ဖြစ်ပြီး Acer Cinecrystal နည်းပညာပါဝင်သည်။ Ram ပိုင်းအတွက် 4GB DDR3L Low Voltage ထည့်သွင်းအသုံးပြု ထားသည့်အတွက် CPU ၏ စွမ်းဆောင်ရည်ကို များစွာအထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။
အချက် အလက်သိမ်းဆည်းရန်အတွက် 500 GB HDD ပါဝင်သည်။ ဂရပ်ဖစ်ပိုင်းအတွက် Nvidia Geforce GT 820M 1GB ထည့်သွင်းအသုံးပြုထားသည်။ Chiclet Keyboard အမျိုးအစားကို အသုံးပြုထားပြီး Numeric Keypad အပို ပါရှိသည်။ DVD Super-Multi Double Layer အပြင် M-Disc ဟုခေါ်သော အခွေအမျိုးအစားကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။ ကွန်ရက်ချိတ်ဆက်မှုအတွက် Acer Nplify 802.11 b/g/n နှင့် Bluetooth 4.0 စနစ်များအပြင် HDMI,VGA,GbLAN,USB 3.0နှင့် Card Reader စသည့် Port များလည်း ထောက်ပံ့ပါဝင်သည်။
အာမခံသက်တမ်း ၂ နှစ်ပေးထားပြီး တန်ဖိုးမှာ ၅၈၉,၀၀၀ ကျပ် ဝန်းကျင်ဖြစ်သည်။ ရွှေလမင်းနဂါး ကုမ္ပဏီ လီမိတက် ဖုန်း-၀၁- ၂၃၀၁၇၉၇၊ ၂၃၀၁၇၉၈ ၌ ဆက်သွယ်ဝယ်ယူနိုင်သည်။
Internet Journal