6/24/2014

♪ မိုဘိုင်း အင်တာနက်ဝန်ဆောင်မှုပေးရန် အော်ရီဒူးမြန်မာ နှင့် Samsung ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ♫


"အကျိုးတူပူးပေါင်းဆောင်ရွက်မှုကြောင် မိုဘိုင်းအင်တာနက် အသုံးပြုသူ တိုးတက်များပြားလာပြီး ကုန်ကျစရိတ် ပိုမိုသက်သာစေရန်ရည်ရွယ်ဟုဆို..."

အော်ရီဒူးမြန်မာ၏ ဆင်းမ်ကတ်များ စတင်း အသုံးပြုရသည့်အချိန်မှစပြီးမြန်ဆန်သွက်လက်သော ကုန်ကျစရိတ် သက်သာသော မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် နည်းပညာ ကုမ္ပဏီ ကြီး Samsung နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးလိုက်ပြီဖြစ်ကြောင်း အော်ရီဒူးမြန်မာ ၏ သတင်းထုတ်ပြန်ထားချက်များအရသိရသည်။

ဒေတာ အသုံးပြု၍ရသော Samsung မိုဘိုင်းစက်ပစ္စည်းများတွင် အော်ရီဒူး မြန်မာ၏ 3G ကွန်ယက်ကို အကောင်းဆုံး အသုံးပြုနိုင်ရန် အတွက် နိုင်ငံတကာ မိုဘိုးဆက်သွယ်ရေး ကုမ္ပဏီ အော်ရီဒူးမြန်မာ သည် အထူးစီမံထားသော သုံးစွဲနည်းများကို အော်ရီဒူးမြန်မာ၏ သုံးစွဲသူ ပြည်သူလူထုထံပေးအပ် သွားရန်အစီအစဉ် ရှိကြောင်း၊ ကမ္ဘာတလွှားရှိဈေးကွက်များတွင်ကြီးမားသည့် အောင်မြင်မှုရရှိနေသော Samsung Galaxy စမတ်ဖုန်းနှင့် Tablet များကို ဒေသခံ လက်လီမိုဘိုင်းဆိုင်များတွင် လွယ်ကူစွာဝယ်ယူနိုင်ကြောင်း ၊ Android စနစ်သုံး စမတ်ဖုန်းလောကတွင် နံပါတ်တစ်ဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းလုံးတွင် လည်း စမတ်ဖုန်းဈေးကွက် ၏ ခေါင်းဆောင်ဖြစ်သည့် Samsung နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာ ပြည်သူလူထု သုံးစွဲသူများ အတွက် မိုဘိုင်း အင်တာနက်ဝန်ဆောင်မှုအခွင့်အလမ်းများ ပွင့်လင်းလာမည်ဖြစ်ကြောင်း အော်ရီဒူး မြန်မာ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



ထို့ပြင် အော်ရီဒူးမြန်မာမှာ ချထားပေးမည့် ထုတ်ကုန် နှင့်ဝန်ဆောင်မှုများတွင် ဈေးနှုန်းသက်သာသော အသံ( ဖုန်းလိုင်း)၊ SMS နှင့် Data Bundle အချက်အလက်များ ရရှိနိုင်သော အင်တာနက်နှင့် တွဲလျှက်ရောင်းချသော အစီအစဉ်များ၊ အရည်အသွေးမြင့် ဆင်းမ်ကတ်များ ၊ သုံးစွဲသူ ဝန်ဆောင်ရေး နှင့် သုံးစွဲသည့် မိုဘိုင်းစက်ပစ္စည်းများ ကို သိရှိနိုင်သော စွမ်းရည် များပါဝင်မည်ဖြစ်ရာ ကမ္ဘာတစ်ဝှမ်း နှင့် ယှဉ်သော် သုံးစွဲသူ အနည်းဆုံးဖြစ်နေသေးသည် ဈေးကွက်တစ်ခုတွင် မိုဘိုင်းနှင့် အင်တာနက် သုံးစွဲသူများ လျှင်မြန်စွာတိုးတက်ဖွံ့ဖြိုး လာရန်ရည်ရွယ်ထားကြောင်းသိရသည်။

အခြားတစ်ဖက်တွင်လည်း အော်ရီဒူးမြန်မာသည် မြန်မာနိုင်ငံ ၌ စွန့်ဦးတီထွင်ခြင်းများနှင့် ပညာရေးကဏ္ဍ များကို အားပေးမြှင့်တင်ရန်အတွက် Microsoft ကုမ္ပဏီ နှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ Microsoft နှင့် အော်ရီဒူးမြန်မာ တို့၏ သဘောတူညီချက်အရ DreamSpark နှင့် BizSpark အစီအစဉ်များကို စွန့်ဦးတီထွင်သူများ ၊ သတင်းအချက်အလက် ဆက်သွယ်ရေး နယ်ပယ်မှပညာရှင်များ ၊ Developer များ ညွှန်ကြားပြသ သူများနှင့် ရင်းနှီးမြှပ်နှံသူများ အားလုံး အသုံးပြုနိုင်တော့မည်ဖြစ်သည်။

အေဝမ်း


TechSpace Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>