6/20/2014

Lamborghini Aventador မြန်မာပြည်မှာလည်း ရပြီ


ကမ္ဘာ့ ဈေးကြီး ပြိုင်ကား ဖြစ်တဲ့ Lamborghini Aventador ကို မြန်မာပြည်မှာ လွယ်တကူ ဝယ်ယူ ရရှိ နိုင်နေပြီ ဖြစ်ပါတယ်။ အသစ်တွေ ဖြစ်ပါတယ်။ လက်ရှိ မူဝါဒ အပြောင်းအလဲများ အရ ပြိုင်ကား မောင်းနှင်ခွင့်တွေက မြို့ကြီးတွေမှာ အကန့်အသတ် များစွာ ရှိနေ ပေမယ့် အရောင်း အဝယ်
ကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ပိုလို့ ထူခြားတာက ကမ္ဘာကျော် ပြိုင်ကား များကို ဝယ်ယူ ရရှိ နိုင်ခြင်း ဖြစ်ပါတယ်။

အင်ဂျင် အရွယ် ၆၅၀၀ စီစီ ကျော်ပြီး တစ်နာရီ အမြန်မောင်းနှင်နိုင်မှု ၂၁၀ အထက် တစ်မျိုးနဲ့ ၂၃၀ အထက် တစ်မျိုး ဆိုပြီးတော့ နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။ အမိုးပွင့် Roadster ဝယ်မယ် ဆိုရင် ဈေးက ကန်ဒေါ်လာ သန်းနဲ့ ချီသွား နိုင်ပါတယ်။ သာမန် Aventador များ ကတော့ ကန်ဒေါ်လာ ၅ သိန်း အထက်မှာ ရှိပါတယ်။ မြန်မာပြည် အရောက် ဝယ်မယ်ဆိုရင် ဆောင်ရမယ့် အခွန်နဲ့ ပြန်တွက်တဲ့ အခါ ပုံမှန် ကားရဲ့ ဈေးထက် ၃ ဆနီးပါးလောက် ရောက်သွား ပါလိမ့်မယ်။ သို့သည့်တိုင် ဝယ်နိုင်တဲ့ လူတန်းစား တစ်ရပ် ကတော့ မြန်မာပြည်မှာ ရှိနေဆဲပါ။ ဒီအတွက်ပဲ မြန်မာပြည်မှာ Lambo ကား မှာဖို့ ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ ပေါ် လာခြင်း ဖြစ်ပါတယ်။ www.motors.com.mm မှာ ဖော်ပြ ထားတာ တွေ့ရလို့ ဖြစ်ပါတယ်။ http://burma.irrawaddy.org/ ထဲမှာလည်း မြန်မာပြည်တွင်း ကားလောက အပြောင်းအလဲ သတင်းများကို အမြဲ ဖော်ပြ ပေးနေ ပါတယ်။

Lamborghini အပြင် အခြားသော ကမ္ဘာ့ ဈေးကြီး ပြိုင်ကားနဲ့ ဇိမ်ခံကားများ မြန်မာပြည်မှာ ရရှိ နိုင်နေပြီ ဖြစ်ပါတယ်။

.