6/04/2014

♪ စတင်ဝယ်ယူနိုင်ပြီဖြစ်တဲ့ Huawei Ascend P7 Sophia Price-399,000Ks♫


Huawei က မြန်မာပြည်မှာသုံးစွဲသူအများဆုံး စမတ်ဖုန်း အမျိုးအစားပဲဖြစ်ပါတယ်။ Huawei အနေနဲ့ လူအများသုံးစွဲနိုင်မယ့်ဈေးနှုန်းနဲ့ သုံးလည်းသုံးပျော်သော စမတ်ဖုန်းများနဲ့ပြည်တွင်းဈေးကွက်ကို အုပ်စိုးထားပါတယ်။ အလှည့်အပြောင်းတစ်ခုအဖြစ် ပြီးခဲ့တဲ့ နှစ်တုန်းက Huawei ထဲမှာဈေးနှုန်း အမြင့်ဆုံးလို့ဆိုနိုင်မယ့် ၊ နဂို ရှိနေပြီးသော Huawei ဖုန်းများနဲ့ ဒီဇိုင်းပုံစံလုံးဝပြောင်းလဲလိုက်ပြီး ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ P6 ဟာလည်းဈေးနှုန်းအားဖြင့် သုံးသိန်းဝန်းကျင်ရှိပြီး လူကြိုက်များခဲ့ပါတယ်။ ယခုတဖန် အဆိုပါ P6 ရဲ့ မျိုးဆက် P7 က ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လို့လာခဲ့ပြီး ဈေးနှုန်းကတော့ အတိအကျမသိရသေးပေမယ့် လေးသိန်းအောက်မှာရှိမယ်လို့ဆိုပါတယ်။ Huawei Showroom များနဲ့ မိုဘိုင်းဖုန်းဆိုင်များမှာ မေးမြန်းစုံစမ်းဝယ်ယူနိုင်ပြီဖြစ်ပါတယ်။


ဓာတ်ပုံခရေဇီများအကြိုက်
-----------------------------

၎င်းဖုန်း၏ နောက်ဖက်ရှိ ကင်မရာကို 13 Megapixel ထိ ထည့်သွင်းပေးထားသောကြောင့် ကြည်လင်ပြတ်သားသောဓါတ်ပုံများကို ရိုက်ယူနိုင်မည်ဖြစ်ပြီး ရှေ့ဖက်ကင်မရာကိုမူ လတ်တစ်လော မိုဘိုင်းဖုန်း သုံးစွဲသူများအကြား ခေတ်စားလာသောအလေ့အထဖြစ်သည့် မိမိကိုယ်ကိုဓါတ်ပုံရိုက်ခြင်း(Selfie) အတွက်ကို အထူးပြုလုပ် ထားသော ဖုန်းဖြစ်သည့်အားလျှော်စွာ 8 Mega Pixel ထိထည့်သွင်းပေးထားသောကြောင့် ဖုန်းသုံးစွဲသူများသည် P7 ကို အသုံးပြုကာ မိမိကိုယ်ကိုဓါတ်ပုံရိုက်ပါက သာမန် ဖုန်းရှေ့ကင်မရာများကဲ့သို့ ရုပ်ထွက်မှိန်ခြင်း၊ မှုန်ဝါးခြင်းများမရှိပဲ အလွန်ကောင်းမွန်သောပုံရိပ်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထူးခြားချက် အဖြစ် ရှေ့ကင်မရာကို အသုံးပြုပြီး မြင်ကွင်းကျယ်စနစ်(Panorama)စနစ်ဖြင့် ရိုက်ယူနိုင်သောကြောင့် ရှေ့ကင်မရာကိုအသုံးပြုပြီး သူငယ်ချင်းများကို တစ်စုတစ်စည်းထဲဓါတ်ပုံထဲ ပါဝင်လာအောင်ရိုက်ယူနိုင်မည်ဖြစ်ပါသည်။ ရိုက်ကူးသောဓါတ်ပုံကို ပုံရိပ်ဖမ်းယူပေးသော Image Processing Chips သည် Professional သုံး DSLR ကင်မရာများတွင်အသုံးပြုသော Chipsဖြစ်သောကြောင့် အလင်းရောင်နည်းပါးသောနေရာများတွင်ရိုက်ကိုသောဓါတ်ပုံများကို သာမာန်ဖုန်းကင်မရာများနှင့် ရိုက်ကူးသည်ထက် အဆပေါင်းများစွာ ရှင်းလင်းပြတ်သားစွာဖမ်းယူနိုင်ပြီး ရိုက်ကူးရလွယ်ကူစေရန်အတွက် ရိုက်ကူနေစဉ်အတွင်း ဖုန်း၏မျက်နှာပြင်ပေါ်တွင် မိမိရိုက်ကူမည့်ပုံရိပ်ကို အကောင်းဆုံးဖေါ်ပြပေးမည့် Preview Window Feature ကိုလည်း ထည့်သွင်း ပေးထားသဖြင့် ဖုန်းဖြင့် ဓါတ်ပုံရိုက်လေ့ရှိသူများအဖို့ များစွာလွယ်ကူအဆင်ပြေစေမည်ဖြစ်ပါသည်။





ဒီဇိုင်း
-------

P7 ဖုန်းသည် ယခင်နှစ်ကထွက်ရှိခဲ့သော P6 ဖုန်းကဲ့သို့ပင် အလွန်ပါးလွှာသော ကိုယ်ထည်ဒီဇိုင်းဖြင့်တည်ဆောက်ထားကာ ဖုန်း၏ရှေ့ဖက်နှင့်နောက်ဖက်ကို အလွယ်တကူ အစင်းဖြစ်ခြင်းမှ ကွယ်နိုင်စေရန်အတွက် Gorilla Glass ဖြင့် ဖုန်းအုပ်ထားပြီး ဖုန်းကို အမည်း၊ အဖြူ နှင့် ပန်းရောင်ဟူသည့် အရောင်ကွဲ သုံးမျိုးဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။

ဘက်ထရီခံနိုင်စွမ်း
---------------------

ဖုန်း Battery ကို ကြာရှည်ခံစေရန် 2500 mAh ပမာဏ ရှိသော ဘက်ထရီကို အသုံးပြုထားသဖြင့် ဖုန်းဘက်ထရီ ၁၀%သာကျန်ရှိသည်နှင့် Power Saving Mode သို့ အလိုအလျှောက်ရောက်ရှိသွားစေရန် စီမံထားသဖြင့် သုံးစွဲသူများဖုန်းသုံးစွဲနေရင်း ဖုန်းBattery ကုန်သွားသောဖြစ်ရပ်များကို ရှောင်ရှားနိုင်တော့မည်ဖြစ်ပါသည်။

ရုပ်ထွက်
-----------

Asend P7 ကို ယခင်နှစ်ကထွက်ရှိခဲ့သော P6 ကိုအခြေခံကာ ပိုမိုကောင်းမွန်စေရန်တည်ဆောက်ထားပြီး ဖုန်း၏ ၅လက်မ မျက်နှာပြင်ပေါ်တွင် Pixel Density မှာ 441 ppi ရှိသောကြောင့် အလွန်ကြည်လင်တောက်ပသော ရုပ်ထွက်ကိုခံစားနိုင်မည်ဖြစ်ပါသည်။ ဖုန်းကိုယ်ထည်မှာလည်း အလွန်ပါးလွှာကာ 2.97 mm သာရှိသဖြင့် နောက်ဆုံးထုတ် စမတ်ဖုန်းတစ်လုံးဖြစ်သည့် Samsung S5 မှာ 4.5 mm ရှိသဖြင့် S5 ထက်များစွာ ပါးလွှာသည်ကို သိရှိနိုင်ပါသည်။


 
OS
-----

P7 အတွက် Android OS ၏နောက်ဆုံးထုတ် Version ဖြစ်သော 4.4.2 (Kitkat) ကိုထည့်သွင်းပေးထားပြီး ဖုန်းအတွင်းတွင် သုံးစွဲသူများမိမိကိုယ်တိုင်ကြိုက်နှစ်သက်သည့် Theme ကို ပြောင်းလဲအသုံးပြုနိုင်စေရန် Themes ပေါင်း 100 ကျော်ပါဝင်ပါသည်။ ထို့အပြင်ဖုန်းတစ်ခုလုံးကို lock screen မှတဆင့် ထိန်းချုပ်နိုင်သောစနစ်ကိုလဲထည့်သွင်းပေးထားပါသည်


ချိတ်ဆက်မှု
-------------

Ascend P7 သည် 4G LTE စနစ်ကို ထောက်ပံ့ပေးနိုင်ပြီး ဖုန်းခေါ်ဆိုမှုအတွက် ကြည်လင်ပြတ်သားစေရန်အတွက် ဖုန်း၏ Antenna ကို အထူးဒီဇိုင်းထုတ်ထားသောဖုန်းဖြစ်သည်။ ဖုန်း၏တန်ဖိုးမှာ ဈေးကွက်အတွင်းရှိ တစ်ခြားသော အဆင့်မြင့် Smart Phone များနှင့် ယှဉ်လျှင် သက်သာလှသော ဈေးနှုန်းဖြစ်က ဥရောပဈေးကွက်တွင် ၄၄၉ ယူရိုဖြင့်ရောင်းချမည်ဖြစ်သည်။ Huawei Company သည် တစ်ကမ္ဘာလုံးတွင် လူအသိအများဆုံး Brand များထဲအပါအ၀င်ဖြစ်ပါသည်။ Brand ကို အသိအမှတ်ပြုမှုသည် ယခင်နှစ်က ၂၅%ရှိရာမှ ၅၂%ထိ ထိုးတက်လာခဲ့သည်။ Huawei သည် P series ၏ ပထမဆုံး ဖုန်းဖြစ်သော P1 ကို ၂၀၁၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ Huawei P6 ဖုန်းသည် နိုင်ငံပေါင်း၁၀၀ကျော်တွင် ရောင်းချနေပြီး စုစုပေါင်း ဖုန်းအလုံးရေ လေးသန်းကျော်ထိ ရောင်းချခဲ့ပြီးဖြစ်သည်။


အနှစ်ချုပ်
-----------

-အထူ ၆.၅ မီလီမီတာဖြစ်ပြီး Ascend P6 ထက် အနည်းငယ်သာထူ

-ကိုယ်တိုင်ရိုက်ပုံရိပ်များကို အကောင်းဆုံး ပေးစွမ်းနိုင်မယ့် ရှေ့ကင်မရာ

-Huawei မှ ကိုယ်တိုင်ရေးသားထားသည့် နောက်ဆုံးသော Emotion UI ဗားရှင်း 2.3

-Glass နှင့် Metal ရောစပ်ထားသောဒီဇိုင်း

-Frame များကို metal နှင့်လှပသေသပ်စွာပုံဖော်ထား

-မျက်နှာပြင်ကို Corning Gorilla Glass 3 သုံးစွဲထားပြီး အနောက်မျက်နှာပြင်ကိုပါသုံးထား(Glass 2 ထက်သုံးဆပိုမိုအကြမ်းခံ)

-အနောက်ဖက်မျက်နှာပြင်ကို ပိုမိုစတိုင်ကျစေရန် 7 Layer ပေါင်းစပ်၍ Metallic Glass ဒီဇိုင်းဖြင့်ဖန်တီးထား

-ရှေ့ဖက်ကင်မရာ 13 MP ၊ အနောက်ဖက်ကင်မရာ 8MP

-နောက်ဖက်ကင်မရာကို Sony ၏ 13MP IMX214 Sensor သုံးစွဲထားသောကြောင့် အလင်းရောင်နည်းသောနေရာများတွင်ရိုက်ကူးပါက ကြည်လင်ပြတ်သားပြီး အလင်းရောင်များလျှင် ချိန်ညှိပေးနိုင်

-5P Aspherical Lens ပါဝင်သောကြောင့် စစ်မှန်သောအရောင်အသွေးကိုရရှိမှာဖြစ်

-ရိုက်ကူးထားသောပုံရိပ်များရုပ်ထွက်ကောင်းစေရန် Sony’s 4th Gen BSI Sensor သုံးစွဲထား

-လုပ်ဆောင်ချက်အသစ်များ
==================
(၁)ကိုယ်တိုင်ရိုက် မြင်ကွင်းကျယ်(Panoramic Selfie)
(၂)လျှပ်တပြက်ပုံရိပ်ရိုက်ချက်(Ultra Snapshot)
(၃)ကြည့်မှန်တစ်ချပ်ကဲ့သို့အသုံးပြုနိုင်သော ရှေ့ကင်မရာ (Mirror Function)
(၄) ပါဝါချွေတာမှု
(၅)ဖုန်းမန်နေဂျာ
(၆)လိုင်းဆွဲအားကောင်းမွန်စေရန် Antenna နှစ်ခုထည့်သွင်းထား
(၇) 4G ကွန်ယက်နှင့် 3G ကွန်ယက်ကို အလိုအလျောက်ချိန်ညှိပေးခြင်း
Sophia(P7) Specifications
Display:
- 5.0 inch INCELL touch-snesitive screen
-FHD 1920x1080 resolution
-16M colors
CPU:
-Hisilicon Kirin 910, Quad-Core 1.8GHz
OS:
-Android v4.4 KitKat+ HUAWEI Emotion UI 2.3
Memory:
-RAM 2GB,ROM 16GB ,MicroSD Card up to 32GB
Network:
-FDD LTE:B1/B3/B7/B8/B20
-UMTS: B1/B2/B6/B8
-GSM 850/900/1800/1900MHz
Connectivity:
-NFC, Wi-Fi 802.11b/g/n,Bluetooth 4.0+BLE,Micro USB 2.0
Camera:
-Rear Camera: 13MP AF BSI F2.0
-Front Camera: 8MP F2.4
Battery:
Capacity-2500mAh

Nyein Chan (TSJ Tech Team)


TechSpace Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>