6/18/2014

♪ Facebook က Slingshot Messaging App ကို ဖြန့်ချီ ♫

Photo: Facebook က Slingshot Messaging App ကို ဖြန့်ချီ
=====================================

Facebook က Snapchat ကို ယှဉ်ပြိုင်ရန် Slingshot Messaging App ကို Android နှင့် iOS တို့အတွက်ဖြန့်ချီပေးလိုက်ပါသည်။ App သည် အခြား Messenger များကဲ့သို့ ဓါတ်ပုံနှင့် ဗီဒီယိုများ ပေးပို့ရယူနိုင်သော်လည်း စိတ်ကူး ဆန်းသစ်ပါသည်။ သူငယ်ချင်းတစ်ယောက်က သင့်ထံပေးပို့လိုက်သည့် ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုကို ကြည့်ရန် သင်က ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ ၁၅ စက္ကန့်ကြာ ဗီဒီယိုများ ပေးပို့နိုင်ပြီး လက်ခံရရှိသူမှ ကြည့်ရှုပြီး ရှင်းလင်းပြီးလျှင် ဓါတ်ပုံနှင့် ဗီဒီယိုများသည် လက်ခံရယူသူ၏ ဖုန်းမှ အပြီးတိုင်ဖျက်ပေးမည်ဖြစ်သည်။ ဓါတ်ပုံ ၊ ဗီဒီယိုများတွင် စာသားများထည့်သွင်းနိုင်သကဲ့သို့ ပုံများရေးဆွဲနိုင်ပါသည်။ ဓါတ်ပုံများပေးတွင် ပုံများရေးဆွဲနေစဉ်တွင် သီချင်းဖွင့်ပေးမည်ဖြစ်သည်။ 

Slingshot ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် Facebook ၏ Creative Labs Hackathon မှ စတင်တီထွင်ရန် စိတ်ကူးမိကြခြင်းဖြစ်သည်။ Slingshot သည် Vine ၏ Videos Loop စွမ်းဆောင်ချက်နှင့် Instagram ၏ ၁၅ စက္ကန့်ကြာ ဗီဒီယို စွမ်းဆောင်ချက် ကို အတုခိုးထားပါသည်။ သို့သော် Snapchat ကဲ့သို့ ပေးပို့ပြီး ဆယ်စက္ကန့်အကြာတွင် ဓါတ်ပုံများကို အလိုအလျှောက်ဖျက်ဆီးပေးခြင်း မရှိပါ။ 

Slingshot ကို Facebook အကောင့်နှင့် အသုံးပြုရမည်မဟုတ်ဘဲ ဖုန်းနံပါတ်နှင့် အသုံးပြုရမည်ဖြစ်သည်။ သူငယ်ချင်းများကို ဖုန်း Contacts သို့မဟုတ် Facebook Account မှ ထည့်သွင်းနိုင်မည်ဖြစ်သည်။

Slingshot ကို Jelly Bean နှင့် သူ့အထက် Android OS များ၊ iOS 7 တို့တွင် အသုံးပြုနိုင်ပါသည်။ 

http://www.sling.me/

သူရ

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>