မကြာသေးခင်ကမှ Amazon က ထုတ်ပြန်လိုက်တဲ့
စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Amazon Fire ဖုန်းလို့ခေါ်ပြီး ဂျူလိုင်လ
၂၅ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ အရှေ့ဘက်မှာ
ရိုက်ကူးသူရဲ့ အနေအထားအမျိုးမျိုးကို ကျယ်ပြန့်စွာ
ဖော်ပြနိင်တဲ့ ကင်မရာ ၅လုံးပါရှိပါတယ်။ အနောက်ဖက် ကင်မရာမှာ 13 Megapixel
ရှိပြီး ကင်မရာတွေအားလုံးဟာ
အနီအောက်ရောင်ခြည်တပ်ဆင်ပေးထားတဲ့အတွက်အလင်းရောင်နည်းပါးတဲ့နေရာတွေမှာပါ
အဆင်ပြေစွာ ရိုက်ကူးနိင်မှာ ဖြစ်ပါတယ်။
နောက်ထပ်ပါဝင်လာတာကတော့ 3D မျက်နှာပြင် Screen ဖြစ်ပါတယ်။ ၃ဖက်မြင် မြင်ကွင်းများကို မြင်ရမှာ ဖြစ်ပြီး ၀က်ဒ်ပေ့ခ်ျတွေကို သုံးနေတဲ့အခါမှာလည်း အောက်ကို လက်ဖြင့် ဆွဲကာ
ကြည့်ရူနိင်မည့်နေရာတွင်ဖုန်းကိုအနည်းငယ်စောင်းရုံနဲ့ အောက်ကို အော်တို ရောက်ရှိနိင်တဲ့ အစိတ်အပိုင်းတွေ ပါဝင်ထားပါတယ်။ နောက်ထပ်အနေနဲ့ အွန်လိုင်း
ရှော့ပင်းဆိုဒ်မှ ထုတ်ထားတဲ့အတွက် ဈေးဝယ်ကဒ်တွေကိုလည်း built-in အနေနဲ့ ထည့်သွင်းပေးထားပြီး Amazon ထုတ် ပစ္စည်း အဆက်အနွယ်တွေဖြစ်တဲ့ Amazon's Fire TV သို့လည်းကောင်း၊ X box နဲ့ အခြား Play station တွေသို့လည်းကောင်း ဖုန်းထဲမှာ ရှိတဲ့ အချက်အလက်တွေကို ရွှေပြောင်းနိင်ပါသေးတယ်။
ကုမ္ပဏီရဲ့ Kindle Fire line ထဲမှာပါဝင်တဲ့အတွက် စာဖတ်ရူရာမှာ ဖုန်းရဲ့ အစိတ်အပိုင်းတွေကတစ်ဆင့် အသံဖြင့် နားဆင်နိင်ပါသေးတယ်။ ဟုတ်ပါတယ်။ စာအုပ်ရဲ့ အော်ဒီယို ဗားရှင်းတွေကိုလည်း စကားပြောနေစဉ် ကားမောင်းနေစဉ်
စတဲ့အချိန်တွေမှာ နားဆင်နိင်ပါတယ်။ သီချင်းတွေနားဆင်ရာမှာလည်း X-ray အစိတ်အပိုင်းပါဝင်တာမို့ နားဆင်နေတဲ့ သီချင်းတွေကို စာသားတွေပါ တစ်ခါတည်း ဖော်ပြပေးနိင်မယ်။ ဓာတ်ပုံများအတွက် Amazon cloud
ရဲ့ ၀န်ဆောင်မူထဲမှာ အကန့်အသတ်မရှိ အခမဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းနိင်မဲ့ ၀န်ဆောင်မူကိုလည်း ရရှိနိင်မှာ ဖြစ်ပါတယ်။
၎.၇ လက်မ မျက်နှာပြင်ရှိပြီး ၊ 2.2 GHz quad-core processor သုံးကာ ဂရပ်စ်ဖက် အတွက် Adreno 339 processor ကိုသုံးပါတယ်။ RAM 2GB ရှိပြီး Fire OS လို့ခေါ်တဲ့ Amazon ရဲ့ Android custom ဗားရှင်းကို သုံးထားပါတယ်။ ဂျူလိုင် ၂၅ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး US မှာဆိုရင်တော့ AT&T ဖုန်းစီစဉ်သူ ကုမ္ပဏီက သီးသန့်ရရှိမှာ ဖြစ်ပြီး 32GB နဲ့ 64 GB ဆိုပြီး ဗားရှင်းနှစ်မျိုးရရှိပါတယ်။ Amazon.com မှာ ၀ယ်မယ်ဆိုရင်တော့ ဒေါ်လာ ၆၄၉ ကျသင့်မှာ ဖြစ်ပါတယ်။
Credit to ရိုးရာလေး