6/03/2014

♪ Asus က တက်ဘလက် နှင့် စမတ်ဖုန်း အသစ်များပြသ ♫

Photo: Asus က တက်ဘလက် နှင့် စမတ်ဖုန်း အသစ်များပြသ
=====================================

ထိုင်ဝမ်တွင်ပြုလုပ်သည့် Computex ပွဲတွင် Asus က တက်ဘလက် နှင့် စမတ်ဖုန်း အသစ်များပြသလိုက်ပါသည်။ ထူးခြားသည်မှာ တက်ဘလက် နှင့် စမတ်ဖုန်းများတွင် Intel ၏ Processor များကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ 
Asus Fonepad သည် ရှစ်လက်မအရွယ် Phablet ဖြစ်ပြီး 1.8GHz Intel Atom Processor တပ်ဆင်ထားပါသည်။ SIM Card နှစ်ခုအသုံးပြုနိုင်ပြီး 3G ဆက်သွယ်မှုပါရှိပါသည်။ ရှစ်လက်မ မျက်နှာပြင် ၏ Resolution မှာ 1280x800 Pixels ဖြစ်ပါသည်။ 

အလွန်ပါးလွှာသည့် ၁၂.၅ လက်မ Transformer Book T300 သည် ဒီဇိုင်း နှင့် Specifications အပိုင်းတွင် ထူးခြားပါသည်။ Resolution အလွန်မြင့်မားသော 2560x1440 Pixel Display တပ်ဆင်ထားပါသည်။ ၇.၃ မီလီမီတာ အထူရှိပြီး 4G ဆက်သွယ်မှု အသုံးပြုနိုင်ပါသည်။ Windows 8 ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 

Transformer Book V သည်လည်း ထူးခြားပြီး စွယ်စုံ အသုံးပြုနိုင်သည် ဟု Asus က ပြောပါသည်။ Android Phone, Tablet , Laptop အနေဖြင့် အသုံးပြုနိုင်သကဲ့သို့ Windows Tablet အနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။ Windows 8.1 နှင့် Android 4.4 KitKat ကို ထည့်သွင်းပေးထားပါသည်။ ၁၂.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး 64GB Storage ပါရှိပါသည်။ 2GB RAM တပ်ဆင်ထားပါသည်။ ငါးလက်မအရွယ် ဖုန်းပါရှိပါသည်။ LTE ဆက်သွယ်မှု အသုံးပြုနိုင်သည် ဟု သိရပါသည်။ 

သူရ

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>