3/10/2017

♪ “Xiaomi Mi Mix 2 လာမည်” ♫

Image may contain: text

Xiaomi Mi Mix ဟာခေတ်သစ်စမတ်ဖုန်းဒီဇိုင်းဖြစ်ပြီးမျက်နှာပြင်ဘေးဘောင် များဟာအလွန် သေးငယ် ပါတယ်။ မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းလို့ ပြောလို့ ရပြီး Screen-to-Body Ratio ဟာ ၈၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Xiaomi Mi Mix 2 မှာတော့ မျက်နှာပြင်ဘေးဘောင်များဟာလက်ရှိမော်ဒယ်ထက်ပိုမို သေးငယ်မှာ ဖြစ်ပြီး AMOLED Display တပ်ဆင်ထားမယ်လို့ သတင်းများ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Xiaomi က Mi Mix ကိုယခင်နှစ်ကမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Lei Jun က မော်ဒယ်အသစ်မှာမျက်နှာပြင်ဘေးဘောင်များကို ယခုမော်ဒယ်ထက် သေးငယ်အောင် ဖန်တီးထားမယ်လို့ အတည်ပြုလိုက်ပါ တယ်။

မော်ဒယ်အသစ်ရဲ့ ထောင့်စွန်းများကို လုံးဝန်းအောင် ပြုလုပ်ထားမယ်လို့ သိရပါတယ်။ အဲဒီအတွက် စကရင်ဟာထင်ရှားပေါ်လွင်နေမှာ ဖြစ်ပါတယ်။ လက်ဗွေရာအာရုံခံကိရိယာကိုလည်းအရှေ့ဘက်မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လက်ရှိမော်ဒယ်မှာတော့ လက်ဗွေရာအာရုံခံကိရိယာကို အနောက်ဘက်မှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com