3/10/2017

♪ အမျိုးသမီးများက အမျိုးသားများထက် စမတ်ဖုန်းကနေ အပြာကား ပိုမိုကြည့်ရှု ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/pornhub-796x403.jpg?fit=800%2C450&ssl=1

နာမည်ကြီး အပြာကား ဗီဒီယို ၀က်ဆိုက်တစ်ခု ဖြစ်တဲ့ PornHub က နိုင်ငံတကာ အမျိုးသမီးများနေ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ အမျိုးသမီးများဟာ အမျိုးသားများထက် အပြာကားများကို ပိုမိုကြည့်ရှုကြတယ် ဆိုတာပါပဲ။

ကမ္ဘာအ၀န်းမှာ စမတ်ဖုန်းများကနေ အင်တာနက် အသုံးပြုမှုရဲ့ ၇၂ ရာခိုင်နှုန်းဟာ အပြာကား ၀က်ဆိုက်များကို ကြည့်ကြတာ ဖြစ်ပါတယ်။ PornHub က သူတို့ဝက်ဆိုက်ကို အလည်လာကြတဲ့ အမျိုးသမီးများရဲ့ ၈၀ ရာခိုင်နှုန်းဟာ စမတ်ဖုန်း၊ တက်ဘလက်များကို အသုံးပြုကြတယ်လို့ ပြောပါတယ်။ အမျိုးသား ရာခိုင်နှုန်းကတော့ ၆၉ ဖြစ်ပါတယ်။ ဒတ်စတော့ကနေ ကြည့်ရှုတဲ့ အမျိုးသမီး ရာခိုင်နှုန်းဟာ အမျိုးသားများထက် ၃၄ ရာခိုင်နှုန်း နည်းပါးပါတယ်။


အသက်ကြီးတဲ့ အမျိုးသမီးများကတော့ ငယ်ရွယ်တဲ့ အမျိုးသမီးများထက် ဒတ်စတော့ကနေ ပိုမိုကြည့်ရှုကြပါတယ်။ PornHub ကို စမတ်ဖုန်းကနေ ကြည့်ကြတဲ့ အမျိုးသမီးများရဲ့ ၇၈ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်ကနေ ၃၄ နှစ်အတွင်း ဖြစ်ကြပါတယ်။ အသက် ၆၅ နှစ်အထက် အမျိုးသမီးများကတော့ စမတ်ဖုန်းကနေ ကြည့်ရှုတဲ့ ရာခိုင်နှုန်းဟာ ၃၆ ရာခိုင်နှုန်းသာ ရှိပြီး ဒတ်စတော့ကနေ ကြည့်ရှုမှုနှုန်းကတော့ ၄၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။



ဒတ်စတော့ကနေ ကြည့်ရှုမှုထဲမှာ ၀င်းဒိုးကနေ ကြည့်ရှုမှုဟာ အများဆုံးဖြစ်ပြီး မိုဘိုင်းဖုန်းထဲမှာတော့ Android က ဦးဆောင်နေပါတယ်။ အမျိုးသမီးများ PornHub ကို ကြည့်ရှုရာမှာ အသုံးပြုတဲ့ ဒတ်စတော့အားလုံးရဲ့ ၈၄ ရာခိုင်နှုန်းဟာ ၀င်းဒိုးကနေ ဖြစ်ပြီး ၁၂ ရာခိုင်နှုန်းဟာ MacOS ကနေ ဖြစ်ပါတယ်။ မိုဘိုင်ဖုန်းကဏ္ဍမှာတော့ အမျိုးသမီးများ Android ကနေ ကြည့်ရှုမှုနှုန်းဟာ ၅၃ ရာခိုင်နှုန်းနဲ့ iOS ကတော့ ၄၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com