1/05/2017

♪ " Sony Xperia XZ " Price : 749,000/- ♫

Image may contain: one or more people, phone and screen

Sony Xperia XZ က ၂၀၁၆ နောက်ဆုံးပတ်ရဲ့ အကောင်းဆုံး android ဖုန်းတွေထဲမှာ တစ်လုံး အပါအ၀င်ဖြစ်ပြီး နောက်ဆုံးပေါ် features တွေ အများကြီးပါရှိတဲ့ LG G5, Samsung S7 ဖုန်းတွေနဲ့ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။

လှပတဲ့ကိုယ်ထည်ထဲမှာ ဆန်းသစ်တဲ့နည်းပညာတွေ အများကြီး ပေါင်းစပ်ထည့်သွင်းပေးထားတာကိုတွေ့ရပြီး အားသာချက်တွေအနေနဲ့ ကင်မရာစွမ်းရည်မြင့်မားခြင်း၊ ဘက်ထရီစွမ်းအားကောင်းမွန်ခြင်း၊ ရေစိုခံနိုင်ခြင်း၊ ဖုန်ဒဏ်ခံနိုင်ခြင်း စတာတွေကိုတွေ့ရပါတယ်။ ကင်မရာစနစ်မှာ advanced photography နည်းပညာတွေကိုထည့်သွင်းထားပြီး ဘယ်အခြေအနေမျိုးမှာမဆို လှပသေသပ်ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ကိုရိုက်ယူစေနိုင်ဖို့ triple image sensing နည်းပညာကိုလည်း ထောက်ပံ့ထားပါတယ်။

ဗီဒီယိုတွေကို ရိုက်ကူးတဲ့အခါ ဖမ်းယူပေးတဲ့ အသံစွမ်းရည်တွေကလည်း အရည်အသွေးမြင့်မားပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာအသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version ၂မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ ထည့်သုံးရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။

* Design & Build *

၎င်းရဲ့ဒီဇိုင်းပုံစံကလှပခန့်ညားပြီး ဖုန်းနောက်ကျောဘက်ကို ALKALEIDO လို့ခေါ်တဲ့ သတ္တုအမျိုးအစား အသစ်တစ်ခုနဲ့ ပြုလုပ်ပေးထားပါတယ်။ အရင်က Xperia Z-line တွေမှာသုံးခဲ့တဲ့ glass တွေထက် ကြည့်ကောင်းသလို ကိုင်တွယ်သုံးစွဲလို့လည်း ကောင်းပါတယ်။ အရှေ့ဘက်ကို အနည်းငယ်ခုံးနေတဲ့ 2.5D glass နဲ့ ဖုံးအုပ်ပေးထားပြီး ထိပ်ဘက်နဲ့ အောက်ခြေထောင့်စွန်းလေးတွေကို plastic panels တွေနဲ့မွမ်းမံထားပါတယ်။ ကိုယ်ထည်ဒီဇိုင်းက ရေဒဏ်တွေနဲ့ ဖုန်ဒဏ်တွေခံနိုင်အောင် တည်ဆောက်ပေးထားပြီး အကြမ်းလည်းခံနိုင်ပါတယ်။


ဖုန်းအရွယ်အစားက 146×72×8.1mm ရှိပြီး အလေးချိန် 161g လေးပါတယ်။ ကိုယ်ထည်ရဲ့ထိပ်ဘက်မှာ 3.5 mm headphone jack ပေါက်ပါရှိပြီး အောက်ခြေမှာ USB-C Slot ကိုတွေ့ရပါတယ်။ ဘယ်ဘက်မှာတော့ micro SD card နဲ့ SIM card ကိုထည့်သွင်းနိုင်ပြီး ညာဘက်ခြမ်းအောက်နား မရောက်ခင်မှာ volum button တွေကို ထူးထူးခြားခြားတပ်ဆင်ထားပါတယ်။ ၎င်းရဲ့အောက်မှာ ဓာတ်ပုံရိုက်ဝါသနာရှင်တွေအတွက် အလွန်အသုံးဝင်တဲ့ screen ပေါ်ကို ထိတွေ့စရာမလိုဘဲ ဓာတ်ပုံရိုက်နိုင်တဲ့ခလုတ်ပါရှိပါသေးတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ Mineral black, Platinum, Forest blue နဲ့ Deepa pink ဆိုတဲ့ လှပတဲ့အရောင် ၄မျိုးပဲ ဖြစ်ပါတယ်။

* Display *

5.2-inch ကျယ်တဲ့မျက်နှာပြင်ကို IPS LCD Capacitive touchscreen display အမျိုးအစားနဲ့ပြုလုပ်ပေးထားပြီး ၎င်းမျက်နှာပြင်က 1080×1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ ၁ လက်မသိပ်သည်းဆ ပမာဏကတော့ ~424ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ လက်ချောင်း ၁၀ ချောင်းအထိ တစ်ပြိုင်နက်တည်းထိန်းချုပ်နိုင်တဲ့ multitouch စနစ်ကို ထောက်ပံ့ပေးထားပါတယ်။

* Operating System and Camera *

Android OS,v6.0.1 (Marshmallow) ကို run ပေးထားပေမယ့် OS, v7.0 (Nougat) ကို ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ အနောက်ကင်မရာက 23 MP တောင်ပါရှိပြီး အရှေ့ကင်မရာက 13 MP ရှိပါတယ်။ RGBC-IR Sensor ကြောင့် Indoor မှာရော outdoor မှာပါ အရောင်အသွေးတိကျပြတ်သားတဲ့ ဓာတ်ပုံတွေကိုရိုက်ယူပေးနိုင်သလို ရွှေ့လျားနေတဲ့ပုံရိပ်တွေကိုေ၀၀ါးမှုမရှိဘဲ ဖမ်းယူပေးနိုင်ပါတယ်။

* Performance *

ဖုန်းတစ်လုံးရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ စက်စွမ်းဆောင်ရည်ကို ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး Qualcomm MSM8996 Snapdragon 820 chipset နဲ့ RAM 3GB ပါရှိတဲ့ Quad-core (2×2.15GHz Kryo & 2×1.6GHz Kryo) processor ကိုအသုံးပြုထားပြီး Adreno 530 GPU ကို ထောက်ပံ့ပေးထားတဲ့အတွက် လုပ်ဆောင်ချက်တွေကို တိကျလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါကြောင့် လေးလံတဲ့ app တွေနဲ့ Asphalt 8, Dead Trigger 2, Minecraft at max settings နဲ့ Xbox-era port Oddworld စတဲ့ ဂိမ်းကြီးတွေကိုလည်း အဆင်ပြေပြေအသုံးပြုကစားနိုင်ပြီး multitasking တွေကိုလည်း စိတ်တိုင်းကျပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် PS4 ဂိမ်းတွေကိုလည်း ကစားနိုင်ပါသေးတယ်။

Specification

Display : 5.2 inch, IPS LCD capacitive touchscreen, 16M colors Memory : 32 / 64 GB, 3 GB RAM, microSD, upto 256GB
Camera : 23MP, phase detection and laser autofocus, LED flash
OS : Android OS, v6.0.1 (Marshmallow)
Phone : 01-556622 (Sony Showroom)

Price : 749,000/-

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com