Huawei ရဲ့နောက်ဆုံးထွက်ထုတ်ကုန်သစ် Huawei Mate 9 ကို Smart Com mobile မှာဝယ်ယူနိုင်ပြီးလို့ သိရပါတယ်။ Huawei
Mate 9 ဟာ Leica Dual Camera ကိုအသုံးပြုထားပြီး Ram 4GB နဲ့ Ram 6GB
ဆိုပြီးနှစ်မျိုးဝယ်ယူ နိုင်ပါတယ်။
Ram 4GB ကို Internal Storang 64GB ရရှိနိုင်ပြီး ဈေးနှုန်း(၉)သိန်းဝန်းကျင်နဲ့ဝယ်ယူနိုင်ပြီး Ram 6GB ကိုတော့ Internal Storang 128GB ဖြင့် ဈေးနှုန်း(၁၁)သိန်းဝန်းကျင်ဖြင့်ဝယ်ယူနိုင်ပြီလို့လည်း သိရပါတယ်။ Huawei Mate 9 ဟာ Dual Camera အမျိုးအစားဖြစ်ပြီး ကျောဘက်ကင်မရာနှစ်ခုက 12 mp+20mp ရှိပြီး အရှေ့ကင်မရာကတော့ 8mp ဖြစ်ပါတယ်။
ကျောဘက်ကင်မရာနှစ်ခုမှာ ဆင်ဆာတစ်ခုကအဖြူအမည်းရိုက်ကူး နိုင်ပြီး အခြားတစ်ခုကတော့ ကာလာဆင်ဆာ ဖြစ်ပါတယ်။ Battery 4000Amh ကိုအသုံးပြုထားတဲ့အတွက် ၂ရက်တာကာလကို အလွယ်တကူဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
Android 7.0 နဲ့ EMUI 5.0 ကိုအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ SD Card 256 ထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။USB Type c ကိုအသုံးပြုထားပြီး Finger print Sensor (လက်ဗွေစနစ်)က အနောက်ဘက်မှာထည့်သွင်းပေးထားပါတယ်။ Resoultion 1080 ×1920 pixels ကိုအသုံးပြုထားပြီး Dual Sim အမျိုးအစားဖြစ်ပါတယ်။မျက်နှာပြင် 5.9 လက်မရှိပြီး အရောင်အနေနဲ့ Champagne Gold ပဲဝယ်ယူနိုင်မှာ ဖြစ်တယ်။
Huawei Mate 9 ဝယ်ယူသူများအတွက် Official Warranty 1 year ပါပြီး Huawei Original Logo ပါကျောပိုးအိတ်အပြင် Power Bank ကိုလက်ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

www.pyaephyo.com