9/02/2016

♪ “Xiaomi က Redmi Note 4 ကို မိတ်ဆက်” ♫


ရှောင်မီက အရွယ်ကြီး Phablet Smartphone အသစ်တစ်လုံးကို မိတ်ဆက် လိုက်ပါတယ်။ Xiaomi Redmi Note 4 ဖြစ်ပြီး ရှောင်မီရဲ့ လူကြိုက်များ တန်ဖိုးသက်သာတဲ့ Redmi Note မျိုးဆက် ဖြစ်ပါတယ်။ Xiaomi Redmi Note 4 မှာ MediaTek Deca-Core Helio X20 SoC (2.1GHz) မောင်းနှင်မှာ ဖြစ်ပါ တယ်။ Core ၁၀ လုံးပါတဲ့ Chipset ဖြစ်ပါတယ်။

၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 2GB RAM / 16GB Internal Storage နဲ့ 3GB RAM / 64GB Internal Storage Model များ ရွေးချယ်နိုင်ပါတယ်။ 4100mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာလည်း ပါပါတယ်။ အရွယ်အစား အပြည့်အစုံ မှာ 151 x 76 x 8.35mm ဖြစ်ပြီး ၁၇၅ ဂရမ် အလေးချိန်ရှိပါတယ်။ Android Marshmallow ကိုအခြေခံထားတဲ့ MIUI 8 ထည့်သွင်းထားပါတယ်။ သတ္တု ကိုယ်ထည် တပ်ဆင်ထားပြီး ငွေ၊ ရွှေနဲ့ အညိုရောင်များ ရွေးချယ်နိုင်ပါတယ်။

Xiaomi Redmi Note 4 (16GB Model) ကို တရုတ်ယွမ် ၈၉၉ ( ဒေါ်လာ ၁၃၅ ၀န်းကျင် ) နဲ့ 64GB Model ကို ယွမ် ၁၁၉၉ ( ဒေါ်လာ ၁၈၀ ၀န်းကျင်) သတ်မှတ်ထားပါတယ်။ တရုတ်မှာ Mi.com နဲ့ Mi Home Store ကနေ သြဂုတ်လ ၂၆ ရက်နေ့မှာ စတင် ရောင်းချပေးလိုက်ပါပြီ။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com