9/16/2016

♪ ဈေးနှုန်းချိုသာတဲ့ဖုန်းကိုဝယ်ချင်သူများအတွက် - “Singtech Sapphire Z502” ♫


Singtechရဲ့ Z502ဖုန်းဒီဇိုင်းဟာ သေသပ်လှပပြီးပါးလွှာသည့် ကိုယ်ထည် အချိုးအစားရှိပါတယ်။ ဖုန်းရဲ့ ပါဝါခလုတ်နှင့် အသံအတိုးအကျယ်ခလုတ် တို့ကိုဘေးဘက်တွင် တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက်မှာတော့ Singtechအမှတ်တံဆိပ်ကိုခတ်နှိပ်ပေးထားပြီးအပေါ်ထောင့်စွန်းတွင် အဓိက ကင်မရာကို အ၀ိုင်းပုံစံဖန်တီးပေးထားပါတယ်။ ကင်မရာရဲ့ ဘေးဘက်မှာ တော့ Flash မီးကိုတပ်ဆင်ပေး ထားပါတယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏ ကတော့ 141×71.3×8.2 mm ရှိပါတယ်။

GSM, WCDMA Network များကို သုံးစွဲနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ အခုနောက်ပိုင်းတွင် ဖုန်းအများစုဟာSIM Card 2 Card အသုံးပြုနိုင်လာကြပါတယ်။ ဖုန်းကုမ္ပဏီများကလည်းSIM Card များ ပေါများစွာ သုံးစွဲနိုင်မှုကိုအကြောင်းပြု၍ ဟန်းဆက်များကို Dual SIM အမျိုး အစားဖြစ်အောင် ဖန်တီး ထုတ်လုပ် ရောင်းချလာကြခြင်းဖြစ်ပါတယ်။

သုံးစွဲသူ များကလည်း ဖုန်းဝယ်ယူ သည့်အခါတွင် Dual SIM အမျိုးအစားဖုန်းများကို ပိုမိုကြိုက်နှစ်သက်ကြပါတယ်။ Singtech မှလည်းယခုဖုန်းတွင် SIM Card 2 Card အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစားကတော့ ပုံမှန်ဆင်းကတ်(သို့) Micro SIM ပါ။

ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းကတော့ 5 inches ရှိပါတယ်။ ရုပ်ပုံများကို ကြည်လင်စွာ ကြည့်ရှုခံစားနိုင်စေဖို့အတွက် 720× 1280 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ စမတ်ဖုန်းများဟာအကြောင်းအရာမျိုးစုံအတွက် အသုံးဝင် လာတာကြောင့် အချို့သောသူများဟာ ဖုန်းများဖြင့်ပင် FM အစီအစဉ် များကိုဖမ်းယူနားဆင်ကြပါတယ်။

Z502 ဟာFM Radio များကို စဉ်ဆက်မပြတ် ဖမ်းယူနားဆင်နိုင်သလိုFM အသံဖမ်းစနစ်လည်း အသုံးပြုနိုင် ပါတယ်။ အဓိကကင်မရာမှာ8MPစွမ်းရည်ရှိပြီးရှေ့ကင်မရာငယ်ကတော့ 5MPစွမ်းရည်ဖြစ်ပါတယ်။ USB, WiFi, Bluetooth များအထောက်အပံ့ ပေးပါ တယ်။

<Specification>
Network - GSM/HSPA
Processor - Quad Core 1.3 GHz
Screen - 5 inches
Camera - 8 MP
Storage - 16 GB
OS - Android OS, v 5.1
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com