Instagram အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပြန်ပါပြီ ။
App ကို Update လုပ်စရာမလိုပဲ Post တွေကို မတင်ခင် Draft
အဖြစ်သိမ်းဆည်းထားနိုင်မယ့် Feature အသစ်တစ်ခု ပါဝင်လာပြီဖြစ်ပါတယ် ။
ဓာတ်ပုံတွေကို Instagram ပေါ်တင်ဖို့ ပြင်ဆင်တဲ့အခါ effect တွေ ၊ filter တွေ ၊ caption နဲ့ Location Information တွေ စိတ်ကြိုက်ထည့်ပြီး Draft အဖြစ်နဲ့ သိမ်းဆည်းထားလို့ရနိုင်ပြီဖြစ်ပြီး Post တင်ဖို့ ဆုံးဖြတ်ချက်မချမချင်း Instagram photo library ထဲမှာ တည်ရှိနေမှာဖြစ်ပါတယ် ။
ဒီအချက်က စိတ်ကျေနပ်စရာကောင်းပါတယ် ။ ကျွန်တော်တို့ တွေ Email ပို့တဲ့အခါ အဆင်သင့်မဖြစ်သေးတဲ့ အခါမျိုးမှာ စာသားတွေကို နောက်တစ်ခါ ပြန်မရိုက်ရအောင် Save as draft လုပ်ထားပြီး အဆင်သင့်ဖြစ်တော့ မှ Draft ထဲမှာအလွယ်တကူပြန်ရှာပြီး အချိန်မရွေးပြန် ပို့လို့ရသလိုပါပဲ ။
တစ်ခုရှိတာက ဓာတ်ပုံတွေကို Editing ပြုလုပ်ပြီးမှ Save ထားလို့ရမှာဖြစ်ပါတယ် ။
ဘာမှ မပြင်ဆင်ရသေးတဲ့ ဓာတ်ပုံအကြမ်းထည်ကြီးကိုတော့ Save ခွင့်ပြုမှာမဟုတ်ဘူး လို့သိရပါတယ် ။ Draft အဖြစ်သိမ်းဆည်းဖို့အတွက် Screen ရဲ့ အောက်ဘက် အလယ်က Camera ပုံလေးကို နှိပ်ပြီး Library ကို ထပ်နှိပ်ပေးရမှာဖြစ်ပါတယ် ။
အခု အသစ်ပါဝင်လာတဲ့ Draft Feature က update ဖြစ်ပေမယ့် Server-side update ဖြစ်တဲ့အတွက် App ကို Update လုပ်စရာမလိုပါဘူး ။ ချက်ချင်းအသုံးပြုလို့ မရသေးရင်တော့ နာရီအနည်းငယ်စောင့်ပြီး App ကို Restart ပြန်လုပ်ကြည့်ဖို့ Instagram ကပြောကြားတယ်ပါတယ် ။

www.pyaephyo.com