9/15/2016

♪ “စမတ်ဖုန်းကင်မရာစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့် အပိုထပ်ဆောင်းနည်းပညာများ” ♫


စမတ်ဖုန်းတစ်လုံး၏ကင်မရာမှတစ်ဆင့်ရိုက်ကူးသောဓာတ်ပုံများမှာတည်ငြိမ်သောဒေါက်တိုင်ပေါ်တွင်ထားပြီး အချိန်ယူရိုက်ကူးလိုက်သကဲ့သို့ပိုမိုအရည် အသွေးကောင်းမွန်သောဓာတ်ပုံနှင့်ဗီဒီယိုများရရှိလာခဲ့ပါကယင်းစမတ်ဖုန်း တွင်ကင်မရာစွမ်းဆောင်ရည်ကိုအဆင့်မြှင့်တင်ပေးသောအပိုဆောင်း နည်းပညာပစ္စည်းတစ်ခုခု (Add-On) ကိုတပ်ဆင်ထားသည်ဟု ယူဆရမည် ဖြစ်သည်။ထိုAdd-Onများသည်လက်ရှိအချိန်တွင်စမတ်ဖုန်း ကိုင်ဆောင် သူများအကြား ရေပန်းစားလာပြီးအရည်အသွေးကောင်းဓာတ်ပုံများ ပိုမိုရှိ စေရန်အတွက်ကုန်ကျစရိတ်နည်းနည်းဖြင့် ပြောင်းလဲပစ်နိုင်မည့်ရွေးချယ်မှု တစ်ရပ်ဖြစ်လာခဲ့ပြီဖြစ်သည်။ယခုလဆန်းပိုင်းကဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပခဲ့သောIFA နည်းပညာပြပွဲတွင်ကမ္ဘာတစ်ဝန်းရှိကုမ္ပဏီများမှ နည်းပညာ သစ်၊တီထွင်မှုအသစ်များကိုထုတ်ဖော်ပြသခဲ့ကြရာစမတ်ဖုန်းကင်မရာများ၏ စွမ်းဆောင်မှုကိုပိုမိုမြှင့်တင်ပေးနိုင်မည့်အပိုဆောင်းပစ္စည်းများလည်းပါဝင်ခဲ့ လေသည်။ဆီလီကွန်တောင် ကြားမှဈေးကွက်သုတေသနအဖွဲ့Creative Strategies မှသုံးသပ်လေ့လာသူကာရိုလီနာမီလာနီစီက“လူတွေဟာဖုန်းကို ကြာရှည်ခံဖို့ရည်ရွယ်ကြပေမယ့်ထုတ်လုပ်ရောင်းချသူတွေကတော့ဖုန်းနဲ့အတူအပိုဆောင်းပစ္စည်းတွေကို ပါရောင်းထွက်နိုင်ဖို့ဆန္ဒရှိနေကြပါတယ်။ ဖောက်သည်တွေအတွက်အသုံးအများဆုံးကဖုန်းရဲ့ကင်မရာပါပဲ” ဟုသုံးသပ် ပြောကြားခဲ့သည်။သို့သော်ကင်မရာနှင့်ပတ်သက်သည့်အပိုဆောင်းပစ္စည်း အတွက်မည်မျှကုန်ကျမည်လဲဆိုသောမေးခွန်းကလည်းအဖြေရကျပ်၏။ယင်း အပိုပစ္စည်းအတွက် ဒေါ်လာ၃၀၀သာဆက်လက်ကုန်ကျမည်ဆိုလျှင်လည်း ဖောက်သည်များသည်ကင်မရာ တစ်မျိုးတည်းသာဝယ်ရန်ပိုမိုရွေးချယ်သွားကြပေလိမ့်မည်။IFA 2016 တွင်လည်းSony ၊LGစသည့်ကင်မရာနှင့်ရုပ်ထွက် အရည်အသွေးပိုင်း တွင်အားကောင်းသည့်ကုမ္ပဏီကြီးမျိုးမှCamera Add-On အမျိုးအစား အချို့မိတ်ဆက်ခဲ့ပြန်ပြီဖြစ်၏။
<Lenovo ၏ဆန်းသစ်တီထွင်မှု>
Lenovo ကုမ္ပဏီသည်၎င်းထုတ်လုပ်လိုက်သောMoto Z စမတ်ဖုန်းနှင့် ချိတ်ဆက် အသုံးပြုနိုင်သောအပိုဆောင်းနည်းပညာကိုIFA 2016 တွင် ပြသ သွားခဲ့သည်။ယင်းအပိုဆောင်းနည်းပညာကိုHasselblad True Show ဟု အမည်ပေးထားပြီး မြင်ကွင်းကိုပြတ်သားကြည်လင်စေမည့်မှန်ဘီလူးစနစ်ကို ဒစ်ဂျစ်တယ်နည်းပညာပေါင်းစပ်၍ဖန်တီးခဲ့ခြင်း ဖြစ်သည်။Hasselblad True Show အနေဖြင့်ဖုန်းအသုံးပြုသူအားပုံကြမ်းအနေအထားဖြင့် ဓာတ်ပုံရိုက်ခွင့် ပေးလိုက်ပြီးအခြားပြုပြင်ဖန်တီးမှုများကိုသီးသန့်ပြောင်းလဲဖော်ဆောင်စေမည်ဟုဆိုသည်။ အရည်အသွေး ကောင်းကောင်းဖြင့်ရိုက်ကူးထားသော ပုံကြမ်း တစ်ပုံကို ဆော့ဝဲနည်းများဖြင့်အသေးစိတ်ပြုပြင်လိုက်သောအခါJpeg အမျိုး အစားပုံများထက်ပိုမိုကောင်းမွန်စွာရရှိစေနိုင်မည်ဖြစ်သည်။User များ အနေ ဖြင့်လည်းဓာတ်ပုံ ဆော့ဝဲသို့မဟုတ်ကင်မရာတစ်လုံးဖြင့်ကုန်ဆုံးနေသော အချိန်များ ရှိလာတော့မည်မဟုတ်ပေ။သို့သော်စတာလင်ပေါင်၁၉၉ ပေါင် တန်သောHasselblad True Show ကMoto Z တစ်လုံးစာ၏ထက်ဝက်ရှိ နေခြင်းက ပြဿနာပင်။ယင်းဈေးနှုန်းသည်iPhone များတွင်ဆက်စပ် အသုံးပြု ရသည့်DxO One ကင်မရာအပိုဆောင်းပစ္စည်းဈေးနှုန်းထက်ပိုမိုနည်းပါး နေပါ သေးသည်။တစ်နည်းအားဖြင့်တော့DxO One သည် ဈေးနှုန်းထက် အရည် အသွေးကိုဦးစားပေးသောAdd-On တစ်မျိုးဟုဆိုရမည်သာ။
<DJI ၏တည်ငြိမ်မှုနည်းပညာ>
မောင်းသူမဲ့လေယာဉ်ငယ်များကိုထုတ်လုပ် နေသောတရုတ်နည်းပညာ ကုမ္ပဏီDJI ကလည်းမကြာသေးခင်ရက်ပိုင်းကစမတ်ဖုန်းသုံးစွဲသူများထံသို့ စမတ်ဖုန်းကင်မရာ၏တည်ငြိမ်နိုင်စွမ်းနှင့်ပတ်သက်၍နည်းပညာသစ်ကို မိတ်ဆက်ပြသသွားခဲ့ကြောင်းသိရသည်။DJI မှဖန်တီးလိုက်သောOsmo Mobile ဆိုသည်မှာကွန်ပျူတာထိန်းချုပ်စနစ်အောက်မှ မော်တာများဖြင့် စမတ်ဖုန်း၏ဦးတည်ရာနှင့်တည်ငြိမ်စေမည်ဟုသိရသည်။ဖုန်းကိုယ်ထည်ကို တွဲဖက်အသုံးပြုလိုက်ရုံသာလိုအပ်ခြင်းကြောင့်DJI မှOsmo Mobile သည် iPhone များကိုလည်းကောင်း၊Huawei ၊Samsung တို့၏ နောက်ဆုံးပေါ် မော်ဒယ်များနှင့်ကိုက်ညီမှုရှိသည်ကိုလည်း တွေ့ရသည်။စမတ်ဖုန်းမှ ကင်မရာ ကိုတစ်နေရာတည်းတွင်တည်ငြိမ်စွာထားရှိပြီးဗီဒီယိုသို့မဟုတ်ဓာတ်ပုံရိုက်ကူး ခြင်းမှာလွန်စွာချောမွေ့လာ မည့်အပြင်ရုပ်ရှင်ရုံတွင်းမှအရည်အသွေးများကို ပင်ရရှိနိုင်ဖွယ်ရာရှိကြောင်းDJI မှ ကြေညာသွားခဲ့သည်။Selfie Stick ပုံစံ တစ်ခုကဲ့သို့အသုံးပြု၍ရနိုင်သောOsmo Mobile ပစ္စည်းအတွက်DJI က သတ်မှတ်ထားသည့် ဈေးနှုန်းကတော့၂၈၉ ပေါင်ဖြစ်ပြီးပြိုင်ဘက် ထုတ်ကုန် များထက်စာလျှင်ပိုမိုများပြားသည်ကိုတွေ့ရသည်။
<၃၆၀ မြင်ကွင်းကင်မရာများ>
ပြင်သစ်စမတ်ဖုန်းကုမ္ပဏီAlcatel မှထုတ်လုပ်လိုက်သောစမတ်ဖုန်းကင်မရာ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာAdd-On သည်လည်းအရည်အသွေး ပိုင်းအရမက်မောလောက်စရာမရှိသော်လည်း ဈေးနှုန်းချိုသာမှုကိုမူအသိ အမှတ်ပြုရမည်မှာအမှန်ပင်ဖြစ်သည်။Alcatel မှထုတ်လုပ်ထားသော ၃၆၀ ကင်မရာများမှာVR ဆန်ဆန် မြင်ကွင်းကျယ်ပုံရိပ်များကိုဖမ်းယူရိုက်ကူး နိုင်သည့် အပြင်၃၆၀ဒီဂရီမြင်ကွင်းကျယ်ဓာတ်ပုံများကိုလည်းရိုက်ကူး နိုင်စွမ်း ရှိလေသည်။အရွယ်အစားအရ ဘောလုံးပုံနှင့် လေးထောင့်ပုံသဏ္ဌာန်များကို ရွေးချယ်ဝယ်ယူနိုင်ပြီးနှစ်မျိုးစလုံး မှာစမတ်ဖုန်းနှင့်ချိတ်ဆက်ပြီးနောက်တူညီ သောFunction များနှင့်အသုံးပြုရိုက်ကူးနိုင်ပြီဖြစ်သည်။ ဈေးနှုန်းမှာမူ တစ်ခု လျှင်၉၉ယူရို (၁၁၀ ဒေါ်လာ) သာရှိထားရာနာမည်ကြီးအမှတ်တံဆိပ်များ ဖြစ်သည့် Samsung ၊LG နှင့်Theta တို့၏၃၆၀ကင်မရာများ၏တန်ဖိုး ထက်ဝက်မျှပင်မရှိချေ။သို့သော် ဖောက်သည်များအနေဖြင့်Alcatel မှ ထုတ်သော ၃၆၀ကင်မရာများကိုအသုံးပြုလိုပါကလာမည့်၂၀၁၇နှစ်ဆန်း ပိုင်းအထိတော့ စောင့်ဆိုင်းရပါလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော်ယင်းကင်မရာများကိုအခြားသောစမတ်ဖုန်းဟန်းဆက်များဖြင့်ချိတ်ဆက်အသုံးပြုနိုင် ရန်Alcatel ကုမ္ပဏီကကြိုးစားနေဆဲဖြစ်သော ကြောင့် ဖြစ်သည်။စီးပွားရေးအတိုင်ပင်အဖွဲ့CCS Insight မှတာဝန်ရှိသူ ဂျော့ခ်ျဂျီယာရှ်ဗီလီက“MicroUSB ကိုသုံးပြီးစမတ်ဖုန်းတစ်လုံးကို ချိတ်ဆက် ခြင်းအားဖြင့်Alcatel ဟာဖုန်းထဲမှာပါဝင်တဲ့CPU ၊Memory နဲ့ဘက်ထရီတွေ ကိုလည်းချိတ်ဆက်ဖို့လိုသွားပါပြီ။ဒီလိုလုပ်နိုင်ခဲ့ပြီဆိုရင်တော့၃၆၀ကင်မရာ တွေရဲ့ဈေးနှုန်းကအနည်း ငယ်မြင့်တက်သွားဖို့ရှိပါတယ်”ဟုပြောကြားခဲ့သည်။ လက်ရှိအချိန်တွင်YouTube နှင့်Facebook တို့ကိုလည်းအင်တာနက်ဗီဒီယို များအတွက်360-degree စနစ်ကို ထောက်ပံ့ပေးပြီးလူပေါင်း၁.၆ဘီလီယံ ကလည်းကြည့်ရှုနေကြပြီဖြစ်သည်။
<၀င်ရိုး၅ခုဖြင့်အခြေခံမည့်Sony ၏Camera Add-On>
စမတ်ဖုန်းကင်မရာကဏ္ဍတွင်နာမည်ရထားပြီး ဖြစ်သောSony ကုမ္ပဏီက လည်း ၎င်းတို့၏ကိုယ်ပိုင်Add-On ထောက်ပံ့ချိတ်ဆက်မှုကိုစတင် ပေးအပ် နိုင်ရန်ကြိုးစားနေပြီဖြစ်သည်။Xperia Eye ဟုအမည်ပေးထားသော အဆိုပါ Camera Add-On ၏ထူးခြားချက်ကပုံရိပ်တည်ငြိမ်မှုကိုဝင်ရိုး၅ခုဖြင့် ထောက်ပံ့ ထိန်းသိမ်းမည့်ပထမဆုံးစမတ်ဖုန်းကင်မရာ ဖြစ်လာတော့မည့်အချက်ပင်ဖြစ် လေသည်။Xperia Eye တွင်ပုံမှန်ဝင်ရိုးများဖြစ်သောXနှင့်Y အပြင်အထက် အောက်၊ ဘေးဘယ်ညာ ရွေ့လျားမှုတို့ကိုထိန်းသိမ်းနိုင်ရန်Pitch ၊Yaw နှင့်Roll ဟုအမည်ပေးထားသောဝင်ရိုး၃ခုလည်းပါဝင်လာမည်ဟုဆိုသည်။အဆိုပါဝင်ရိုး၅ခုနည်းပညာမှာSony Alpha ကင်မရာများအပါအ၀င်အခြားအရည်အသွေး မြင့် ကင်မရာများအတွက်ရည်ရွယ်ကန့်သတ်ထားသောနည်းပညာတစ်ရပ် လည်းဖြစ်သည်။သို့သော်ယနေ့ခေတ်စမတ်ဖုန်းများမှာအခြားသော ဆော့ဝဲ အကျိုးသက်ရောက်မှုများပိုမိုများပြားလာခဲ့သဖြင့်ကင်မရာအတွက်ထားရှိသောFunction မှာလည်းပိုမိုအဆင့်မြှင့်တင်ရန်လိုအပ်လာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင်Sony မှထောက်ပံ့မည့်ဝင်ရိုး၅ခုပါကင်မရာFunction မှာမျက်နှာပြင် ပြတ်သားမှု1080 p ရှိသည့်ဗီဒီယိုဖိုင်မျိုးအတွက်သာ ထောက်ပံ့ပေးနိုင်မည် ဖြစ်ပြီး4K Resolution အတွက် ထောက်ပံ့နိုင်မည်မဟုတ်ပေ။တစ်ဖက်တွင် လည်းSony ကိုယှဉ်ပြိုင်နိုင်ရေးအတွက် တောင်ကိုရီးယားအခြေစိုက် LG စမတ်ဖုန်းကုမ္ပဏီကလည်း လေဆာရောင်ခြည်သုံးAutofocus စနစ် ပါဝင် သည့်ကင်မရာအထောက်အကူ ပြုနည်းစနစ်များကိုစတင်ထည့်သွင်း အသုံးပြု လာခဲ့ပြီဖြစ်သည်။

Ref : (Sony, DJI and Lenovo show off new smartphone camera tech - By Leo Kelion)
ကိုဆွဲ(မုံရွာ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com