9/02/2016

♪ 2TB iCloud Storage အတွက် တစ်လဒေါ်လာ ၂၀ ပေးရမယ့် အစီအစဉ်ကို Apple စတင် ♫


Apple ကုမ္ပဏီဟာ မိမိရဲ့ iCloud မှာ “Full Storage” ဖြစ်လို့ စိတ်ညစ်နေတဲ့ သူတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်မျိုးကို Apple ကထုတ်ဖော်လိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ iCloud အတွက် Update ပြန်လုပ်ထားတဲ့ ဈေးနှုန်းအသစ်တွေကို လာမယ့် စက်တင်ဘာလ ပွဲမှာ ထုတ်ဖော်ဖို့ ရှိနေခဲ့တာဖြစ်ပြီး 2TB ရှိတဲ့ Storage အတွက် အမေရိကန်ပြည်ထောင်စုမှာ တစ်လကို ဒေါ်လာ ၂၀နဲ့ ဗြိတိန်မှာတော့ ၁၄ပေါင်ကျသင့်မှာဖြစ်ပါတယ်။

9to5 Mac မှာဖော်ပြထားချက်အရ ကူပါတီးနိုးအခြေစိုက် ကုမ္ပဏီအနေနဲ့ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ထုတ်လုပ်မယ့် iPhone အသစ်အနေနဲ့ Storage ကို 256GB အထိတိုးမြှင့်ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီသတင်းနှစ်မျိုးလုံးသာ မှန်ခဲ့လို့ရှိရင် သင့်အနေနဲ့ သင့်ရဲ့ စက်ထဲမှာရှိတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဖျက်ရဖို့အတွက် စိုးရိမ်စရာမလိုတော့ပါဘူး။

အကြီးမားဆုံး Storage လုပ်ဆောင်ချက်တွေအနေနဲ့ သင့်ကို iCloud မှာ ပိုမိုများပြားတဲ့ ဖိုင်တွေကို သိမ်းဆည်းဖို့အတွက် ခွင့်ပြုတော့မှာလည်း ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ Storage ပမာဏ သိပ်မလိုအပ်ဘူးဆိုရင်လည်း သိပ်စိုးရိမ်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ iCloud ကို 50GB ကို ၁ဒေါ်လာက စတင်တဲ့ အနည်းငယ်သာအသုံးပြုတဲ့ ပုံစံနဲ့ပဲ ဆက်လက်သိမ်းဆည်း နိုင်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com