6/03/2016

♪ ဘာစီလိုနာအသင်း ဗားရှင်းနဲ့ Oppo F1 Plus စမတ်ဖုန်း ထုတ်လုပ် ♫


Oppo ကတော့ သူတို့ရဲ့ စမတ်ဖုန်း F1 Plus ကို ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ ဗားရှင်းအသစ်တစ်မျိုးနဲ့ ထုတ်လုပ်လိုက်ပါတယ်။ အဲ့ဒါကတော့ F1 Plus ဖုန်းကို FC Barcelona Edition အနေနဲ့ အလုံးရေအကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

သာမန် Oppo F1 Plus စမတ်ဖုန်းဟာ အဖြူရောင်ရှိတာဖြစ်ပေမယ့် ဘာကာဗားရှင်းမှာတော့ အရှေ့ခြမ်းတစ်ခုလုံး အနက်ရောင်ရှိတာတွေ့ရပါတယ်။ ကျောဘက်မှာတော့ အပြာရောင်အသုံးပြုထားပြီး Oppo တံဆိပ်နဲ့အတူ ဘာစီလိုနာအသင်းတံဆိပ်ကိုလည်း ရွှေရောင်နဲ့ ခတ်နှိပ်ထားတာပါ။ မျက်နှာပြင်မှာတော့ ဘာကာအသင်းရဲ့ Trademark အပြာနဲ့အနီရောင် အစင်းကြောင်းတွေကို တင်ထားတာတွေ့ရမှာပါ။

barcelona version oppo f1 plus3

အဲ့ဒီအပြင် ဖုန်းနဲ့အတူ တွဲဖက်ပါဝင်မှာ ဖုန်းကာဗာရဲ့ အတွင်းပိုင်းမှာလည်း ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ၊ နေမာ၊ လူးဝစ်ဇ်ဆွာရက်ဇ်၊ အိုင်ဗန်ရာကီတစ် နဲ့ အန်ဒရီအင်နီယေစတာ တို့ရဲ့ လက်မှတ်တွေကို Laser-print လုပ်ပြီး ထိုးထားမှာဖြစ်ပါတယ်။

F1 Plus စမတ်ဖုန်းဟာ မျက်နှာပြင်အကျယ် ၅.၅လက်မအရွယ် Phablet အမျိုးအစားဖြစ်ပြီး 64GB internal storage, Fingerprint Sensor, VOOC Flash Charge နည်းပညာ နဲ့ 16 MP ရှိတဲ့ ကင်မရာတို့ပါဝင်မှာဖြစ်ပြီး Barcelona အသင်း Theme လည်းပါဝင်မှာဖြစ်ပါတယ်။ ဖုန်းဝယ်ယူတဲ့အခါ အထူးလက်ဆောင်အနေနဲ့ ဘာစီလိုနာ အင်္ကျီတစ်ထည်ရရှိမှာဖြစ်ပါတယ်။

barcelona version oppo f1 plus1

ဒီ Oppo F1 Plus စမတ်ဖုန်း FC Barcelona ဗားရှင်းကို လာမယ့် ဇွန်လလယ်လောက်မှာ စတင်ရရှိနိုင်မှာဖြစ်ပြီး တရုတ်၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ဈေးကွက်မှာရရှိနိုင်မှာဖြစ်ကာ ထုတ်လုပ်မယ့်ဈေးနှုန်းနဲ့ အလုံးရေကိုတော့မသိရှိရသေးပါဘူး။ Oppo ရဲ့ မိုဘိုင်းလ်လုပ်ငန်းမန်နေးဂျင်းဒါရိုက်တာကတော့ ဘာစီလိုနာအသင်းကိုစပွန်ဆာအနေနဲ့ ပူးပေါင်းခဲ့ပြီးထုတ်လုပ်နိုင်ခဲ့လို့ ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။

barcelona version oppo f1 plus2

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com