3/15/2016

♪ “Sony Xperia Z5” ♫


Sony ရဲ့ Xperia Z5 ဖုန်းတွေမှာလုပ်ဆောင်ချက်အနေနဲ့ နောက်ဆုံးပေါ် Lens လို့သတ်မှတ်နိုင်တဲ့ 1/2.3 Exmor RS ရှိတဲ့ 23MP ကင်မရာမှာ F2.0G Lens ကိုတပ်ဆင်ပေးထားပါတယ်။ Sony အနေနဲ့ ကင်မရာတွေရဲ့ လုပ်ဆောင်ချက်တွေကို တစ်ဆင့်ချင်းစီတိုးမြှင့်လာခဲ့တာဟာ Xperia Z1 ထဲ ကဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းတင်သာမကဘဲ ကင်မရာအရုပ်ဖမ်းယူမှုနည်းပညာ ပိုင်းအတွက် အရေးကြီးလှတဲ့ရှင်းလင်းပီသမှုနဲ့ အချိန်တိုင်းပြတ်သားတဲ့ ပုံရိပ်တွေရရှိစေဖို့အတွက်ပါ ပြုလုပ်ပေးထား ပါတယ်။

Xperia Z5 မှာ Octa-core 64bit ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 3GB ထောက်ပံ့ပေးထားပါတယ်။ Snapdragon 810 ရဲ့ ပေါင်းစပ်မှုကတော့ 1.5GHz Cortex-A53 Quad-Core နဲ့ 1.5GHz Cortex-A53 Quad-Core တို့ ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။ အချက်အလက်တွေ သိုလှောင် သိမ်းဆည်း ထားနိုင်ဖို့အတွက် လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းတွေကို ယှဉ်ပြိုင် နိုင်စွမ်းရှိတဲ့ 32GB ပဲဖြစ်ပြီးတော့ SD card ကနေတိုးမြှင့်မယ်ဆိုရင် 200GB အထိရနိုင်ပါမယ်။ Android 5.1.1 (Lollipop) ကိုထည့်သွင်းပေးထားမှာဖြစ် ပါတယ်။

Z5 ရဲ့ အရွယ်အစားပမာဏကတော့ 146 x 72 x 7.3 mm ဖြစ်ကာ အလေးချိန်သည် 154g ရှိပါတယ်။ Nano Sim ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပြီး 2G, 3G, 4G Network အထောက် အပံ့များကို ရရှိပါလိမ့်မယ်။ IP68 အသိအမှတ်ပြုထားခြင်းကြောင့် ရေနှင့် ဖုန်၊ သဲဒဏ်ကို ခံနိုင်စွမ်းရှိပါလိမ့် မယ်။ ရေအနက် 1.5m တွင် မိနစ် ၃၀ နီးပါး ရေစိမ်ခံပါလိမ့်မယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.2inches ဖြစ်ပြီး မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 1080 x 1920 ဖြစ်ပါ တယ်။ 1” မှာရှိမယ့် Pixel ပမာဏသိပ်သည်းဆက တော့ 428 ppi ပါ။ Multitouch စနစ်တွင် လက်ချောင်း ၁၀ချောင်းအထက် အသုံးပြုလို့ရပါမယ်။ Sony ရဲ့ မျက်နှာပြင်ဖော်ပြမှု ဆိုင်ရာ နည်းပညာများဖြစ်သော Triluminos display နှင့် X-Reality Engine တို့လည်းပါရှိပါသေးတယ်။

အကြမ်းခံနိုင် သော ဖုန်းမျက်နှာပြင်ဖြစ်စေဖို့အတွက်လည်း Scratch-resistant glass, oleophobic coating တို့ကို တပ်ဆင်ပေးထားပါတယ်။ Z5 ရဲ့ ရှေ့ကင်မရာ ငယ်သည် 5.1MP စွမ်းရည်ရှိပြီး 1080p စွမ်းရည်နဲ့ ဗွီဒီယိုများကို ရိုက်ကူး နိုင်ပါလိမ့်မယ်။ အသံပိုင်းစနစ်အတွက် လည်း High-Res audio ပါရှိပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့် Battery အမျိုးအစားကတော့ Li-Ion 2900mAh ဖြစ်ပါတယ်။ ထို Battery သည် အသင့်အနေအထားတွင် ၅၄၀ နာရီနီးပါးနှင့် စကားပြောဆိုဖို့ ၁၇ နာရီနီးပါး ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ သီချင်း နားထောင် ဖို့အတွက် ၈၇ နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။ မိနစ် ၃၀ အားသွင်းရုံဖြင့် ၆၀% အားပြည့်နိုင်သော လျင်မြန်သည့် Battery အားသွင်းစနစ်လည်း ပါရှိပါ တယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Q.C 1.5 GHz & Q.C 2 GHz
Screen - 5.2 inches
Camera - 23MP
Bluetooth - v4.1
Storage - 32GB,up to 200GB
OS - Android OS,v5.1.1
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com