3/10/2016

Messenger ကနေ ဘယ်လို Log Out လုပ်မလဲ


Facebook ဟာ Messenger ကို သီးသန့် app အနေနဲ့ ခွဲထုတ်ပေးခဲ့ပေမယ့်လည်း၊ user တွေကို ဆက်လက် ထိန်းသိမ်းထားတဲ့အနေနဲ့ Messenger app မှာ log out ခလုတ်ကို မထည့်သွင်းပေးခဲ့ပါဘူး။
Messenger ဟာ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ တော်တော်အသုံးဝင်တဲ့ app ဖြစ်ပေမယ့်၊ ကိုယ့်စိတ်ကြိုက် log out လုပ်လို့မရတာကတော့ တော်တော်ဆိုးတယ်ပြောရမှာပါ။ ဒါတောင် မကြာသေးခင်ကမှ Messenger ထဲမှာ အကောင့်ပြောင်းသုံးနိုင်တဲ့ဖန်ရှင်ကို လူတွေတောင်းဆိုကြလွန်းလို့ Facebook က ထည့်ပေးခဲ့တာဖြစ်ပါတယ်။
ဒါဆို Messenger ကနေ အကြောင်းကိစ္စတစ်ခုခုကြောင့် Log out လုပ်ချင်ရင် ဘယ်လိုလုပ်မလဲ။ ဟုတ်ကဲ့။ လွယ်ပါတယ်။
(၁) ပထမဦးဆုံး Android ဖုန်းရဲ့ Settings ထဲသွားပါ။
(၂) ဖုန်း Settings ထဲက Apps ဒါမှမဟုတ် Application Mananger ထဲ ၀င်ပါ။ ဖုန်းတစ်လုံးနဲ့ တစ်လုံး ဒီနေရာမှာကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ‘Applications’ လို့ ရေးထားတတ်ကြပါတယ်
650x407x04_touching_apps.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.qZlNv891lk
(၃) အောက်ကို scroll ဆွဲချပြီး Messenger app ကို ရှာပါ။
650x407x05_touching_messenger.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.PXcyWYNN_Y
(၄) Messenger app မှာ နှိပ်ပြီး ‘Clear Data’ နှိပ်ပေးလိုက်ပါ။
650x407x06a_delete_app_data_dialog.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.T6kmMXFHf2

ဒီအဆင့်တွေ အကုန်ပြီးသွားလို့၊ သင့်ဖုန်းထဲက Messenger app ထဲ ပြန်ဝင်လိုက်ရင်၊ App အစ နေရာကို ပြန်ရောက်သွားမှာဖြစ်ပြီး၊ Log out အလိုလိုလုပ်ပြီးသား ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ Messenger ထဲ ပြန်ဝင်ချင်ရင်လည်း ကိုယ်လက်ရှိ Facebook app မှာ ၀င်ထားတဲ့အကောင့်အတိုင်း ပေါ်နေတာတွေ့ရပါလိမ့်မယ်။

တကယ်လို့ Messenger ထဲ ပြန်ဝင်လိုက်ရင်၊ ကိုယ့်နာမည်တောင်မပေါ်နေစေချင်ဘဲ၊ လုံးဝ log out လုပ်ချင်တယ်ဆိုရင်တော့၊ ကိုယ့်ဖုန်းထဲက Facebook app မှာပါ အကောင့်ကို Log out လုပ်ပေးထားဖို့ လိုပါတယ်။
650x407x08_sign_in_to_facebook.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.W7gxHN9Ta1
လက်ရှိမှာ Messenger အက်ပလီကေးရှင်းထဲကနေ log out လုပ်ချင်ရင်၊ ဒီတစ်နည်းပဲ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပြီး၊ ဒီထက် ပိုမြန်ဆန်လွယ်ကူချင်ရင်တော့ Facebook အနေနဲ့ Messenger မှာ log out ခလုတ်ကို ထည့်သွင်းပေးဖို့ မျှော်လင့်ရုံပဲရှိပါတယ်။
Ref: Android Pit ,http://digitaltimes.com.mm/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >


Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download