3/11/2016

♪ “Huawei Mate 8” ♫


Mate 8ဟာ ကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုကို ထောက်ပံ့ပေးထားခြင်းကြောင့် နိုင်ငံပေါင်း(၂၀၀)ကျော်သို့ ယူဆောင် သွားသည့်အခါ အဆင်ပြေစွာ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းရှိပါသည်။ Mate 8သည် မျက်နှာပြင်အကျယ် အ၀န်း 6 inches ရှိပြီး အရောင်များစိုပြည်မှုပိုမိုအားကောင်းလာပါသည်။ HD ပုံရိပ်များကို ကြည်လင်စွာကြည့်ရှုနိုင်ဖို့ ဖုန်းမျက်နှာပြင်တွင် 1920× 1080 pixels ပမာဏရှိပါသည်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆ ကတော့ 368ppi ပါ။

ဖုန်းမျက်နှာပြင်အတွက် IPS -NEO LCD Capacitive Touchscreen ကို အသုံးပြုပေးထားပါသည်။ Multitouch အတွက် Emotion UI 4.0 ကို ထည့်သွင်းပေးထားပါသည်။ Gorilla Glass 4 ဖုံးအုပ်ပေးထား သေးသည်။ 2.5D Diamond Cut Glass နှင့် Aerospace Grade Aluminum ကိုယ်ထည်တို့ အချိုးကျကျ ပေါင်းစပ်ဖန်တီးထားသောကြောင့် လှပ တောက်ပြောင်သည့် အသွင်ဒီဇိုင်း ရှိပါသည်။ ဖုန်းရဲ့နောက်ကျောဘက်တွင် အဓိကကင်မရာက အ၀ိုင်းပုံစံတည်ရှိပြီး ကင်မရာအောက်ဘက်တွင် Fingerprint Sensor ကို အ၀ိုင်းပုံစံအဖြစ် ထည့်သွင်းပေးထားပါသည်။

ထိုသို့အ၀ိုင်းပုံစံ နှစ်ခုမှာ အထက်၊ အောက်တည်ရှိခြင်းသည် ဂဏန်း(၈) အသွင် ဖြစ်သွားသောကြောင့် Mate 8 ရဲ့ အဓိပ္ပါယ်ကို ပိုမိုပေါ်လွင်စေ ပါသည်။ Flash မီးကတော့ ကင်မရာဘေးမှာ တည်ရှိပါသည်။ ဖုန်းရဲ့ အရွယ်အစားပမာဏသည် 157.1×80.6×7.9 mm ရှိကာ၊ အလေးချိန်သည် 185g ၀န်းကျင်ဖြစ်ပါသည်။ ဖုန်းမျက်နှာပြင် ကို တို့ထိလိုက်တဲ့အခါ လျင်မြန် သောတုံ့ပြန်မှုအား ပေးစွမ်းနိုင်စေဖို့အတွက် CPU နှင့် GPU စွမ်းရည်များကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးထားပါသည်။ Quad-core 2.3GHz Cortex-A72 နှင့် Quad-core 1.8GHz Cortex A53 တို့ကို ပေါင်းစပ်ထည့်သွင်းပေးထားပါသည်။ Chipset အမျိုးအစားကတော့ HiSilicon Kirin 950 ပါ။ GPU မှာ Mali-T880 MP4 ဖြစ်ပါသည်။ GPU ရဲ့စွမ်းရည်သည် ရာခိုင်နှုန်းများစွာ ပိုမိုကောင်းမွန်လာပါသည်။

အဓိကကင်မရာသည် 16MP စွမ်းရည်ရှိပြီး၊ Dual-LED (dual-tone) Flash နဲ့တွဲဖက်ရိုက်ကူးနိုင်မှာဖြစ်ပါသည်။ 1080p စွမ်းရည်နဲ့ ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 60 Frames နှုန်း ဖော်ပြပါမယ်။ ဆန်းသစ်သော OS နည်းပညာ၊ all-new IM×298 တို့ ပါဝင်တာကြောင့် ပုံရိပ်ရိုက်ကူးတဲ့အခါ ပိုမိုကောင်းမွန်ပါသည်။ လှုပ်ရှားနေသည့်ပုံရိပ်များကို M8 ကအလျင်အမြန် မိမိရရ ဖမ်းယူရိုက်ကူးနိုင်အောင် ထောက်ပံ့ပေးနိုင် ပါသည်။ မှောင်ရိပ်ကျ နေသောနေရာ၊ အလင်းအား မလုံလောက်သော အချိန်မျိုးတို့တွင် ဓာတ်ပုံ ရိုက်ကူးပါက အလိုအလျောက် ချိန်ညှိပေးပြီး ရုပ်ထွက်ကောင်းအောင် ဆောင်ရွက်ပေးပါသည်။ Baramotic and Altitude Sensor ကလည်း ခရီးသွားသည့်အခါ ဓာတ်ပုံရိုက်ဖို့ ပိုမိုအဆင်ပြေစေပါသည်။ ရှေ့ကင်မရာ ငယ်ကတော့ 8MP,F2.4 ပါ။

ထိုစွမ်းရည်သည် အခြားအမှတ်တံဆိပ်ဖုန်းများ ၏ အဓိကကင်မရာတွင် ထည့်သွင်းပေးထားသော စွမ်းရည်ပါ။ ဒါကြောင့် Selfie ရိုက်ကူးခြင်းကို ခုံမင်သူများအတွက် သင့်တော်ပါသည်။ ပိုမို အဆင့်မြင့်ကောင်းမွန်လာသည့် အဆင့်သုံးဆင့်နဲ့ လက်ဗွေဖတ်ရှုစနစ်ကို တီထွင်ပေးထားပါသည်။ လက်ဗွေဖတ်ရှု သည့်အခါ လျင်မြန်၊ မှန်ကန် တိကျပြီး၊ အခြားစနစ်များအသုံးပြုနိုင်ဖို့ အတွက်ပါ ထောက်ပံ့ပေးထားပါ သည်။ Phone ကို UnLock ပြုလုပ်ဖို့ 0.5 Second သာကြာပါမယ်။ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတဲ့အခါတွင်လည်း ထိုစနစ်ကြောင့် ပိုမိုလွယ်ကူပါမယ်။ ဖုန်းဖြေ ဆိုဖို့အတွက်လည်း လက်ဗွေရာကိုသာ အသုံးပြုလိုက်ရုံပါ။ ဖုန်းကို Screenshot ပြုလုပ်ချင်တယ်ဆိုရင် ဖုန်းမျက်နှာပြင်ကို လက်ဆစ်နှစ်ချက် ခေါက်လိုက်ရုံပါပဲ။ Screen ပြုလုပ်ထားသော ပုံရိပ်များကို လိုချင်သလို ကွက်၍ ပုံဖော်နိုင်ရန် လက်ဆစ်ကို သုံးပြီး ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲပေးရ ပါမယ်။ လက်ဆစ်နဲ့ ဖုန်းမျက်နှာပြင်တွင် ပုံစံရေးဆွဲပါက ပုံရိပ်အရှည်ကို ရရှိပါမယ်။

Webpage (သို့) အသုံးပြုသူအလိုရှိရာကို ကြည့်ရှုဖို့အတွက် Screenshot တစ်ခုပြီးတစ်ခုရိုက်စရာ မလိုတော့ပါဘူး။ ဖုန်းနဲ့ မတူညီသောစနစ်များကို လွယ်လင့်တကူ ပြောင်းလဲသုံးနိုင်အောင် လုပ်ဆောင်ပေးထားပါသေးတယ်။ စနစ်တစ်ခုခုအသုံးပြု နေရာမှ ဓာတ်ပုံရိုက်ကူးချင်လျှင် လက်ဆစ်နဲ့ ဖုန်း မျက်နှာပြင်တွင် C လို့ရေးလိုက်ရုံပါပဲ။ သီချင်းပိုင်းဆိုင်ရာအတွက် C အက္ခရာပုံစံကို ရေးဆွဲလိုက်ရုံပါ။ W ရေးဆွဲလျှင် ရာသီဥတုအကြောင်းကို သိရပါလိမ့်မယ်။ e နှင့် Mတို့ကိုလည်း ရေးဆွဲနိုင်ပါ သေးတယ်။ လျင်မြန် သော အခြားစနစ်များဖြစ်သည့် Fast Scan/ Fast Shot, Fast Open, Fast Seek နှင့် Fast Move တို့ကိုလည်း Mate 8 နဲ့ တွဲဖက်သုံးနိုင်ပါသည်။ နောက်ဆုံးပေါ် Android version Marshmallow 6.0 ကို သုံးစွဲနိုင်ပါမယ်။ Li-Po 4000mAh စွမ်းအားရှိသော ဘက်ထရီတပ်ဆင်ပေးထားပါသည်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com