တကယ်လို့ သင့်အနေနဲ့ Facebook နဲ့ လူမှုကွန်ယက်လေးတွေမှာ တွေ့တွေ့နေတဲ့
GIF လေးတွေကို ကိုယ်တိုင်ဖန်တီး ပြုလုပ်လိုပါသလား။ တကယ်တော့ အဲ့ဒါဟာ
သင်ကိုယ်တိုင်ဖန်တီးဖို့အတွက် လွယ်ကူတယ်ဆိုတာ သိရင် သင့်အနေနဲ့
သင့်လူမှုကွန်ယက်နဲ့ Facebook ပေါ်မှာ ရိုးရှင်းပြီး လူကြိုက်များတဲ့
Animation လေးတွေကို တင်ပြီးသူငယ်ချင်းတွေကို ပျော်ရွှင်စေနိုင်ပါပြီ။ ဒီ
Article နဲ့ပုံလေးတွေကို ကြည့်ရင်း သင်ရဲ့ပျော်ရွှင်စရာလေးတွေ
ဖန်တီးလိုက်ကြပါစို့။
GIF (Graphic Interchange Formet) ကို Play လုပ်ဖို့ ဘယ်လို အပိုဆော့ဖ်ဝဲမှမလိုအပ်သလို ဘရောက်ဇာ အားလုံးမှာလည်း အလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ သင့်အနေနဲ့ GIF တွေဖန်တီးဖို့အတွက် PNG,JPEG/JPG, BMP နဲ့ GIF ဖိုင်တွေကို ပြုလုပ်လို့ရနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော့်အနေနဲ့ GIF တွေကို ယခု Artical မှာ ကွန်ပျူတာနဲ့ ဖန်တီးပြမှာဖြစ်ပြီး မိုဘိုင်းလ်ပစ္စည်းတွေနဲ့ တော့မဟုတ်ပါဘူး။ ဒါကြောင့်သင့်အနေနဲ့ GIF တွေကို ကွန်ပျူတာမှာ အလွယ်တကူဖန်တီးလို့ရနိုင်မယ့် နည်းလမ်းကို ပြောပြပေးမှာဖြစ်ပါတယ်။
ဒီလက်တွေ့လုပ်ဆောင်ချက်မှာ အဓိကအသုံးပြုမယ့် App Software ကတော့ GiftMotion ဖြစ်ပါတယ်။ သင့်အနေနဲ့ အဲ့ဒါကို Free Download အနေနဲ့ Download လုပ်ရမှာဖြစ်ပါတယ်။ GiftMotion ဟာ JARFile အနေနဲ့ အလုပ်လုပ်မှာဖြစ်ပြီး Java Format တစ်မျိုးဖြစ်ပါတယ်။ ဘယ်လို Platform မျိုးမဆို အလုပ်လုပ်နိုင်တာလည်း ဖြစ်ပါတယ်။
၁) App ကို စအလုပ်လုပ်ပါ
သင့်အနေနဲ့ GiftMotion ကိုဒေါင်းပြီးတဲ့အခါ အလွယ်တကူရှာတွေ့နိုင်တဲ့ တစ်နေရာမှာ သိမ်းထားရမှာပါ။ ကျွန်တော်ကတော့ နမူနာအနေနဲ့ Destop ပေါ်မှာပဲ လွယ်လွယ်ကူကူရှာတွေ့အောင်သိမ်းလိုက်ပါတယ်။ ပြီးရင် Double ကလစ်လုပ်ပြီး ဖိုင်ကိုဖွင့်လိုက်ရင် သင့်အနေနဲ့ ကွက်လပ် Window တစ်ခုကို တွေ့ရမှာပါ။
၂) File ကိုတင်ပါ
ပြီးရင် ဘယ်ဘက်အပေါ်ထောင့်မှာရှိနေတဲ့ File Menu ကို ကလစ်လုပ်ပြီး အထဲက
‘Load’ ကိုနှိပ်ပြီးဖွင့်လိုက်ပါ။ သင့်အနေနဲ့ သင် Animation လုပ်မယ့် ပုံက
သိပ်ကြီးစရာမလိုပါဘူး။
၃) ဖိုင်ကိုရွေးချယ်ပါ
‘Load’ ကိုကလစ်လုပ်လိုက်ရင် သင့်အနေနဲ့ Box တစ်ခုကျလာတာကို
တွေ့ရမှာဖြစ်ပြီး သင်Animate လုပ်ချင်တဲ့ ပုံကို ရွေးချယ်ရမှာပါ။
အပေါ်မှာမြင်ရတဲ့အတိုင်းကျွန်တော်ကတော့ ငါးပုံရွေးချယ်လိုက်ပါတယ်။ပြီးရင်
‘Open’ ကိုနှိပ်လိုက်ပါ။
၎) အစီအစဉ်ပြောင်းလဲပါ
သင့်အနေနဲ့ ယခုအခါမှာ သင်ရွေးလိုက်တဲ့ ပုံတွေကို Sequence Editor Screen
မှာ တင်ထားတာဖြစ်နေတာကို တွေ့ရမှာပါ။ Priview အနေနဲ့ ဘေးနားက Main Window
မှာ ပုံကိုတွေ့ရမှာပါ။
သင့်အနေနဲ့ သင်ရွေးထားတဲ့ပုံတွေကို အောက်နားမှာရှိနေတဲ့ ‘အပေါ်’ ‘အောက်’ မျှားလေးတွေကိုအသုံးပြုပြီး အစဉ်လိုက်ဖြစ်အောင် စီစဉ်ရမှာပါ။ (ဘေးနားက Preview Window က သင်ရွေးချယ်မှုပေါ် မူတည်ပြီး ပြောင်းလဲသွားမှာပါ) သင့်အနေနဲ့ ပုံတွေကို Copy နဲ့ Remove တွေကိုလည်း လိုသလိုပြုလုပ်နိုင်ပါသေးတယ်။
၅) Duration ကိုသတ်မှတ်ပါ
နောက်တစ်ဆင့်အနေနဲ့ သင် Animation အတွက် Duration လို့ခေါ်တဲ့ Sequence
Editor အောက်မှာ Display လုပ်မယ့် Frame တစ်ခုကို သတ်မှတ်ပေးရမှာပါ။
စံပမာဏအနေနဲ့ကတော့ 100ms ပါပဲ။အဲ့ဒါကသိပ်လဲမရှည်ကြာပါဘူး။
ကျွန်တော်တို့ကတော့ 100ms ကိုထောက်ခံချင်ပါတယ်။ သင့်အနေနဲ့ Frame
တစ်ခုစီမှာ မတူညီတဲ့ Duration ပမာဏတွေရှိနိုင်ပါတယ်။ ‘Apply Changes to all
frames’ကိုနှိပ်ပြီးစစ်နိုင်ပါတယ်။
၆) သင့် Animation ကို Save လုပ်ပါ
အားလုံးပြီးသွားလို့ သင်စိတ်ကျေနပ်ပြီ ဆိုရင်တော့ File Menu ကိုနှိပ်ပြီး ‘Save as GIF animation’ ကိုနှိပ်ပြီး Save လုပ်ရမှာပါ။ သူကတော့ Destop မှာ အရင်ပုံတွေ Save ထားရင် Destop မှာပဲ Save လုပ်မလားလို့ မေးမှာပါ။ Save လုပ်လိုက်ရုံပါပဲ။
ပြီးရင်တော့ သင်ကိုယ်တိုင် ဖန်တီးထားတဲ့ GIF တွေကို
သင့်လူမှုကွန်ယက်ပေါ်မှာတင်ပြီးပဲဖြစ်ဖြစ်၊ သင့် သူငယ်ချင်းတွေကို
ပြပြီးပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
Ref: Tech Rader
Credit to ==> Digital Times