3/09/2016

♪ ကိုယ့်ရဲ့စမတ်ဖုန်း ပြုတ်ကျမှာ စိုးရိမ်နေတဲ့သူတွေအတွက် လက်စွပ်ပုံစံဖုန်းကာဗာ ♫



မျက်မှောက်ကာလမှာတော့ ဖုန်းတစ်လုံးရဲ့ တန်ဖိုးကလည်း မသေးလှပါဘူး။ ဒီကြားထဲ လက်မမြဲလို့ ဖုန်းလွတ်ကျမိရင် မှန်ကွဲတဲ့အထိဖြစ်တတ်ပြီး ဖုန်းထဲက ပစ္စည်းတွေကလည်း အရင်လိုတော့ ကောင်းမလာနိုင်တော့ပါဘူး။
ကိုယ့်ဖုန်းလေး ပြုတ်ကျသွားရင် တစ်ခုခုမဖြစ်ရအောင်လို့ ရှိတဲ့ဖုန်းလေးကို ကာဗာလေးတပ် ၊ မှန်မကွဲတဲ့မှန်ကပ်လေးတွေတပ်ပြီး ထိခိုက်ပျက်စီးမှုမရှိအောင်လည်း ကျွန်တော်တို့ ဂရုစိုက်ထားရပါသေးတယ်။ ဒါပေမယ့်လည်း မတော်တဆဆိုတာကတော့ လူတိုင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်နေတာကြောင့် ဖုန်းကို လုံးဝပြုတ်မကျနိုင်အောင် အာမခံတဲ့ ဖုန်းကာဗာတစ်မျိုးကို တီထွင်လိုက်ပြီဖြစ်ပါတယ်။
cover 2
Spigen Style Ring လို့ အမည်ပေးထားတဲ့ ဒီကာဗာဟာ ဘယ်ဖုန်းမဆို နောက်ကျောမှာ စုပ်ခွက်လိုမျိုး ကပ်လိုက်လို့ ရပြီး ၁၈၀ ဒီဂရီလှည့်နိုင်တဲ့ လက်စွပ်ပုံသဏ္ဍာန်အဝိုင်းလေးတစ်ခုပါရှိပါတယ်။
ဖုန်းကို လက်မှာကိုင်ပြီး အသုံးပြုနေချိန်မှာတော့ ကာဗာမှာပါဝင်တဲ့ လက်စွပ်ပုံသဏ္ဍာန်အဝိုင်းကွင်းလေးကို သင့်တော်တဲ့ လက်ချောင်းတစ်ခုနဲ့ စွပ်ထားနိုင်မှာဖြစ်ပါတယ်။ Spigen ကုမ္ပဏီဟာဆိုရင်တော့ ဒီရဲ့ ဖုန်းကာဗာအတွက် နှစ်အတော်ကြာ အချိန်ယူစဉ်းစားခဲ့ရပြီး ဘယ်ဖုန်းမဆို အသုံးပြုနိုင်မယ့် ကမ္ဘာ့ပထမဆုံး ကာဗာဖြစ်အောင်လည်း စီမံထားတယ်လို့ ပြောပါတယ်။
ဒီလိုမျိုး လက်မှာ စွပ်ထားလို့ရတာကြောင့် ကိုယ့်ဖုန်းပြုတ်ကျမှာလည်း စိတ်ပူစရာမရှိတဲ့အပြင် မသမာသူတွေက ကိုယ့်လက်ထဲကနေ လုယူသွားမှာကိုလည်း စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် တစ်ခြားချိတ်စရာနေရာလေးတွေမှာလည်း အလွယ်တကူချိတ်ထားနိုင်မှာပါ။
cover 3
အကယ်လို့ CoC လို မိုဘိုင်းဖုန်းဂိမ်းတွေ ဆော့ကစားတတ်တဲ့သူတွေအတွက်လည်း ဒီလက်စွပ်ကွင်းလေးက ထောက်တိုင်လေးတစ်ခုသဖွယ် အလုပ်လုပ်ပေးအုံးမှာပါ။
၁၂ ဒေါ်လာဝန်းကျင်သာ ကျသင့်မယ့် ဒီ လက်စွပ်ဖုန်းကာဗာလေးဟာဆိုရင်တော့ Amazon ဝက်ဘ်ဆိုက်မှာ စတင်ရောင်းချနေပြီလည်း ဖြစ်ပါတယ်။
Ref : BGR

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com