3/12/2016

♪ ဒေါ်လာ ၃၀၀အောက်နဲ့ ၀ယ်ယူနိုင်တဲ့ အကောင်းဆုံး တန်ဖိုးနည်းလက်ပ်တော့များ ♫


လက်ပ်တော့တစ်လုံးဝယ်တယ်ဆိုတာ တော်တော်လူပင်ပန်းတဲ့အလုပ်ဖြစ်ပါတယ်။ ကိုယ်ဝယ်ချင်တဲ့ လက်ပ်တော့အမျိုးအစားကို မ၀ယ်ခင်က ကြိုတင်မလေ့လာ၊မဖတ်သွားဘူးဆိုရင်၊ တကယ်တမ်း ၀ယ်မယ့်ဆိုင် ရောက်တဲ့အခါ ဘာဝယ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ လက်ပ်တော့ဆိုတာ ၀ယ်ပြီးမှ မကြိုက်ဘူးဆိုရင်လည်း ပြန်လဲလို့ ရတဲ့ ပစ္စည်းမဟုတ်တာကြောင့်၊ ကိုယ်စုထားတဲ့ပိုက်ဆံလေးနဲ့ လက်ပ်တော့တစ်လုံး ၀ယ်တော့မယ်ဆိုရင် အရင်သေသေချာချာလေ့လာထားတာက ပိုအဆင်ပြေမှာပါ။
ယခုဆောင်းပါးမှာတော့၊ ဒေါ်လာငွေ ၃၅၀ အောက်နဲ့ ၀ယ်ယူရရှိနိုင်မယ့် အမိုက်စားလက်ပ်တော့ (၆) လုံးကို ဖော်ပြလိုက်ပါတယ်။
(၁) HP 15 – F211WM Touchscreen လက်ပ်တော့
HP 15- F211WM လက်ပ်တော့ကတော့ သူ့ဈေးနှုန်းထဲမှာ အကောင်းဆုံးလက်ပ်တော့တစ်လုံးလို့ ဆိုရမှာပါ။ မျက်နှာပြင်က ၁၅.၆ လက်မရှိတာကြောင့်၊ မျက်နှာပြင်ကြီးကြီးကြိုက်သူတွေအတွက် အဆင်ပြေစေမယ့် လက်ပ်တော့တစ်လုံးဖြစ်ပြီး၊ နောက်ထပ်ကောင်းတဲ့တစ်ချက်တော့ Touchscreen ပါ သုံးလို့ရတာ ဖြစ်ပါတယ်။
2.16 GHz clockspeed ရှိတဲ့ Intel Celeron dual-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ 4G DDR3 RAM ၊ 500 GB SATA ဟာ့ဒ်ဒရိုက် တို့ပါရှိပါတယ်။ Intel HD ဂရပ်ဖစ်နဲ့ ဖြစ်ပြီး၊ DVD rom၊ USB 3.0 အပေါက် နှစ်ပေါက်၊ USB 2.0 တစ်ပေါက်၊ HDMI တစ်ပေါက်၊ Ethernet တစ်ပေါက် နဲ့ မိုက်ခရိုဖုန်းပေါက်တစ်ပေါက် တို့ပါရှိပါတယ်။ ဘက်ထရီက ၄ နာရီကနေ ၆ နာရီအထိ အသုံးခံပြီး Windows 10 စနစ်နဲ့ ဖြစ်ပါတယ်။
Amazon မှာ အသစ်စက်စက်ကို ၃၁၆.၇၃ ဒေါ်လာသာ ရှိပြီး၊ တင်ပို့ခက အခမဲ့ဖြစ်ပါတယ်။
HP-15-F211WM-Touchscreen-Laptop
၂။ Dell Inspiron i3552-5240BLK လက်ပ်တော့
အမေရိကန်ကုမ္ပဏီ Dell ရဲ့ လက်ပ်တော့ကလည်း အမိုက်စားလက်ပ်တော့တစ်လုံးဖြစ်ပြီး၊ မျက်နှာပြင် ၁၅.၆ လက်မအထိရှိပါတယ်။ ရုံးသုံး၊ကျောင်းသုံးအတွက် သင့်တော်ပြီး၊ 1.6 GHz Quad Core Pentium N3700 ပရိုဆက်ဆာ၊ RAM 4GB ၊ 500GB HDD ပါရှိပြီး၊ DVD drive ပါမှာမဟုတ်ပါဘူး။ ဈေးနှုန်းကတော့ Amazon မှာ ၃၂၉ ဒေါ်လာရှိပြီး shipping ခ၊ အခမဲ့ပါ။
Dell-Inspiron-i3552-5240BLK-laptop-under-300-e1452244013907
၃။ Asus X553SA-BHCLN10 လက်ပ်တော့
Asus ရဲ့ ဒီနုတ်ဘွတ်ခ်ကတော့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေအတွက် အထူးသင့်တော်ပြီး၊ Super-Multi DVD ခွေဖတ်စက်၊ card reader ၊ ၀က်ဘ်ကင်မရာတို့ ပါရှိပြီး၊ Intel Celeron Dual-Core N3050 ပရိုဆက်ဆာအသုံးပြုထားပါတယ်။ RAM က 4GB ရှိပြီး hard drive ကတော့ 500 GB ရှိပါတယ်။ ၁၅.၆ လက်မ HD မျက်နှာပြင်နဲ့ပဲ ဖြစ်ပြီး၊ Windows 10 စနစ် တပါတည်းပါဝင်ပါတယ်။
လက်ရှိ Amazon မှာ ရောင်းအားသွက်နေတဲ့လက်ပ်တော့ဖြစ်ပြီး၊ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ ခန့်သာ ရှိပါတယ်။
Asus-X553SA-BHCLN10-Laptop-Under-300-e1457002123952
၎။ Lenovo Ideapad 100 Premium လက်ပ်တော့
Lenovo ရဲ့ Ideapad 100 Premium လက်ပ်တော့ဟာ အပေါ်ကတန်ဖိုးနည်းလက်ပ်တော့တွေလိုပဲ ၁၅.၆ လက်မ HD မျက်နှာပြင်ပါရှိပြီး၊ Intel Celeron N2840 ပရိုဆက်ဆာနဲ့ Windows OS ကို အသုံးပြုထားပါတယ်။ Intel ရဲ့ Burst Technology ကြောင့် 2.58 GHz အထိ လည်ပတ်နိုင်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ လက်ပ်တော့တစ်လုံးဖြစ်ပါတယ်။ Amazon မှာ ၂၇၆ ဒေါ်လာ ဈေးရှိပါတယ်။
Lenovo-Ideapad-100-Premium-Laptop-e1452244062724
(၅) HP Strem 13 လက်ပ်တော့
အရောင်အသွေးလှလှပပနဲ့၊ ဒီဇိုင်းအမိုက်စားလက်ပ်တော့တစ်လုံးကို ကိုင်ချင်သူလူငယ်တွေအတွက် သင့်တော်တဲ့လက်ပ်တော့တစ်လုံးဖြစ်ပြီး၊ Office 365 တရားဝင်တစ်နှစ် အသုံးပြုခွင့်ပါဝင်တာကြောင့်၊ ရုံးသုံး၊ ကျောင်းသုံးအတွက် တကယ့်အဆင်ပြေစေမယ့်လက်ပ်တော့ပါ။ မျက်နှာပြင်ကတော့ ၁၃.၃ လက်မ ရှိပြီး၊ RAM 2GB ၊ 32 GB SSD တို့နဲ့ ဖြစ်ကာ၊ DVD ဖတ်စက်ပါမှာ မဟုတ်ပါဘူး။ ၂၀၉.၉၉ ဒေါ်လာပဲ ဈေးရှိတာကြောင့်၊ လူတိုင်းတတ်နိုင်တဲ့ဈေးနှုန်းဖြစ်ပါတယ်။
HP-Stream-13-Laptop-under-300-e1452244035639
(၆) Asus Transformer Book T100HA
ASUS ရဲ့ ဒီလက်ပ်တော့ကတော့ စခရင်ကို ဖြုတ်နိုင်၊တပ်နိုင်တဲ့ မော်ဒန် 2-in-1 touchscreen လက်ပ်တော့ ဖြစ်ပြီး၊ မျက်နှာပြင်က ၁၀ လက်မအရွယ်သာ ရှိတာကြောင်၊ တက်ဘလက်အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအတွက်လည်း RAM 4GB ၊ 64 GB SSD တို့ ပါရှိပြီး၊ Windows 10 စနစ် တပါတည်း ပါရှိပါတယ်။ Intel Quad-Core Cherry Trail ပရိုဆက်ဆာကို အသုံးပြုထားပြီး အလေးချိန်က ၂.၂၈ ပေါင်သာ ရှိတာကြောင့် သွားလေရာကို ပေါ့ပေါ့ပါးပါးသယ်သွားနိုင်ပါတယ်။
ဈေးနှုန်းကတော့ Amazon မှာ တင်ပို့ခ အခမဲ့နဲ့ ၂၉၉ ဒေါ်လာဈေးနှုန်းရှိပါတယ်။
ASUS-Transformer-Book-T100HA-e1452243972878
Ref: Amazon , Wikinix

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com