ဖုန်းပြောနေရင်းကနေ အလုပ်ကိစ္စများ၊ မှတ်သားစရာများကို ပြောကြပြီဆိုရင် ရေးမှတ်ရတော့ မှာဖြစ်ပါတယ်။ ဒီလို မှတ်သားဖို့အတွက် စာရွက်နဲ့ ဘောပင် ရှာစရာမလိုပါဘူး။ Android Phone များမှာ Phone Call များကို Record ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပြီးသားဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် Android Phone မှာ Phone Call များကို ဖမ်းယူ သိမ်းဆည်းထားချင်ရင်အောက်ပါ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

သတိပေးချက်။ ။ အချို့နိုင်ငံများမှာ တစ်ဖက်လူ မသိဘဲ Phone Call များကို Record လုပ်ခြင်းဟာ တရားဥပဒေနဲ့ မကိုက်ညီပါဘူး။ သင့်ရဲ့ နိုင်ငံမှာ Phone Call ကို တစ်ဖက်လူ မသိဘဲ Record လုပ်လို့ ရသလားဆိုတာ အရင်ဆုံး လေ့လာထားပါ။

အချို့ စမတ်ဖုန်း ထုတ်လုပ်သူများက Call Screen မှာပဲ Record ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားကြပါတယ်။ ဥပမာအားဖြင့် Xiaomi ရဲ့ ဖုန်းများမှာ Call Screen မှာ Record Button ကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းပြောနေရင်းကနေ မှတ်သားစရာများ ပြောကြရင် အဲဒီ ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။ ဖုန်းပြောပြီးတဲ့ အခါမှာ သိမ်းဆည်းထားတဲ့ အသံဖိုင်ကို Xiaomi ရဲ့ Recording App ထဲသွားပြီး နားထောင်နိုင်ပါတယ်။ သင့်ရဲ့ ဖုန်းမှာ အဲဒီလို စွမ်းဆောင်ချက်ပါရင် အခြား နည်းလမ်းများကို အသုံးပြုစရာမလိုပါဘူး။ မပါရင်တော့ အောက်ပါ နည်းလမ်းကို အသုံးပြုပါ။

Android Phone မှာ Phone Call ကို Record ပြုလုပ်နည်း
Phone Call ကို Record လုပ်ဖို့ အလွယ်ကူဆုံး နည်းကတော့ Android App ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။ ဒါပေမယ့် အကြံပြုချင်တာကတော့ Smart Voice Recorder ဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။ သူ့ကို အောက်ပါ Link ကနေ ရယူနိုင်ပါတယ်။

https://goo.gl/geABz8
အောက်မှာ ဖော်ပြထားတဲ့ Screenshots များကတော့ Sony Xperia Device မှ ဖြစ်ပါတယ်။ သင့်ဖုန်းရဲ့ User Interface နဲ့တော့ ကွဲပြားမှာ ဖြစ်ပေမယ့် ပြုလုပ်ရမယ့် နည်းလမ်းကတော့ အတူတူပါပဲ။
• ဖုန်းခေါ်ပါ။ သို့မဟုတ် ဖုန်း ဖြေဆိုပါ။
• မှတ်သားစရာများ ပါလာပြီဆိုရင် အသံဖမ်းယူထားဖို့ တစ်ဖက်လူကို ခွင့်တောင်းပါ။ ခွင့်ပြုပြီဆိုရင် အောက်ပါ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
• Speakerphone ကို ဖွင့်ပါ။ သို့မဟုတ် Hands-Free Mode ကို ဖွင့်ပါ။ အောက်ပါ Screenshot မှာတော့ Speaker Icon ကို နှိပ်ရမှာဖြစ်ပါတယ်။

2

• Call ကို Cancel မလုပ်ဘဲနဲ့ Homescreen ကို သွားဖို့ Home Button ကို နှိပ်ပါ။
• Smart Voice Recorder App ကို ဖွင့်ပါ။
• အသံဖမ်းယူဖို့အတွက် အနီရောင် ခလုတ်ကြီးကို နှိပ်ပါ။ စကားပြောကြည့်ပါ။ အသံဖမ်းယူမှုအောင်မြင်ရင် App မှ အသံလှိုင်း အတက်၊ အကျကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

3

• တစ်ဖက်လူရဲ့ အသံကို တိုးမြှင့်ပေးရင် အသံဖမ်းယူမှု ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ ဘေးဖက်မှ အသံကျယ်တဲ့ ခလုတ်ကို နှိပ်ပြီး အသံကို အမြင့်ဆုံးထားပေးပါ။
• ဖုန်းပြောဆိုမှု ပြီးစီးသွားရင် Finish Button ကို နှိပ်ပါ။ ဖိုင်အမည်ကို သတ်မှတ်ပေးဖို့ ပြောရင် နှစ်သက်ရာ အမည် သတ်မှတ်နိုင်ပါတယ်။
• အသံဖမ်းယူထားတဲ့ ဖိုင်ကို Recordings ကဏ္ဍမှာ သိမ်းပေးထားပါတယ်။ နားထောင်ဖို့အတွက် ဖိုင်ကို တစ်ချက်နှိပ်ပါ။

4

Android Phone မှာ Phone Call များကို Record ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက် မပါရှိရင် Third-Party Apps များကို အသုံးပြုနိုင်ပါတယ်။ အဲဒီ Apps များကလည်း ဖုန်းအမျိုးအစားအပေါ်မူတည်ပြီး စွမ်းရည် ကွဲပြားကြပါတယ်။ App တစ်ခုက သင့်ဖုန်းအတွက် အဆင်မပြေရင် အခြား App တစ်ခုကို အသုံးပြုနိုင်ပါတယ်။ Smart Voice Recorder ကတော့ ဖုန်းအတော်များများမှာ အဆင်ပြေတဲ့အတွက် အကြံပြုတင်ပြပေးလိုက်ပါတယ်။