3/08/2016

♪ Android ဖုန်းတွေမှာ GIF တွေဖန်တီးနိုင်မယ့် အကောင်းဆုံး App များ ♫


GIF တွေဟာ လူမှုကွန်ယက်နဲ့ အင်တာနက်မီဒီယာတွေမှာ အကောင်းဆုံး ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။ GIF တွေနဲ့ သူငယ်ချင်းတွေကို Reaction လုပ်တာတွေကလည်း ခေတ်စားလာခဲ့တာ အမှန်ပါပဲ။ အဲ့တော့ ကိုယ့်ရဲ့ Mobile ဖုန်းနဲ့ GIF တွေလုပ်နိုင်ဖို့က အရေးပါလာပါတယ်။ အရင်တစ်နေ့က ကျွန်တော် PC ကွန်ပျူတာတွေကနေ GIF လုပ်ပုံလုပ်နည်းတွေကို ဖော်ပြပေးခဲ့ပါတယ်။ PC ကျတော့ သင့်အနေနဲ့ အလွယ်တကူပြုလုပ်ဖို့ မလွယ်တာကြောင့် Mobile ဖုန်းတွေကနေ GIF လုပ်လို့ ရမယ့် အကောင်းဆုံး App တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ App တွေက Free လည်းရနိုင်သလို ကျွန်တော်သုံးကြည့်ရာမှာလည်း အတော်အဆင်ပြေတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။
GIF Boom
GIF Boom
အရင်ဆုံးပြောချင်တာကတော့ GIF Boom ဖြစ်ပါတယ်။ GIF Boom က GIF Website တွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးလို့လည်း ပြောလို့ရပါတယ်။ ဒီအရာနဲ့ GIF တွေဖန်တီးမယ့်ကင်မရာအဖြစ်တစ်မျိုး၊ ပုံရိပ်အတွေကို GIF အဖြစ်ဖန်တီးမယ့် Convetor အဖြစ်တစ်ဖုံ ပြုလုပ်လို့ရနိုင်တာလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ GIF ကို စက္ကန့်ခြောက်ဆယ် အရှည်အထိ ပြုလုပ်လို့ရနိုင်ပြီး တခြား Apps တွေထက်ကို ပိုမိုရှည်လျားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒီ App မှာ တခြား Feature တွေလည်းပါရှိပြီး သင့်အနေနဲ့ ပုံတွေကို စိတ်ကြိုက် GIF အဖြစ်ပြုလုပ်လို့ ရမယ့်အပြင် သင့်ကင်မရာနဲ့ ရိုက်ယူပြီးတော့လည်း GIF အဖြစ်ပြောင်းလည်းနိုင်တာဖြစ်ပါတယ်။ ဗိုင်းရပ်စ် အနည်းဆုံးနဲ့ ဆိုက်ကလည်းသင့်တော်တာကြောင့် သင့်အနေနဲ့ Free ဒေါင်းလုဒ်လုပ်ရတာ တန်တဲ့ App တစ်ခုဖြစ်ပါတယ်။

GIF Boom ကို Google Playstore တွင်ဒေါင်းရန်
best Android apps to create a gif1
GIF Camera
GIF Camera
GIF Camera ကလည်း တိုက်ရိုက်ရိုက်ကူးပုံဖော်ချင်တဲ့ GIF ပုံရိပ်တွေအတွက် အဆင်ပြေနိုင်မယ့် App တစ်ခုပါပဲ။ သင့်ကို ကင်မရာကိုအသုံးပြုပြီး ကိုယ်တိုင်တိုက်ရိုက်ရိုက်ကူးမယ့် ကိုယ်ပိုင် GIF တွေကို တိုက်ရိုက်တည်းဖြတ် Save လုပ်နိုင်မယ့်အပြင် ခုနကလိုပဲ ရှိပြီးသားပုံတွေကိုလည်း GIF အဖြစ်ပြောင်းလည်းနိုင်မှာဖြစ်ပါတယ်။ Web Editor အနေနဲ့ အကောင်းဆုံးမဟုတ်ရင်တောင်မှ Android GIF Apps တွေထဲမှာ Rating အမြှင့်ဆုံးအပေးခံထားရပြီး ကျွန်တော်လည်း ကြိုက်နှစ်သက်ပါတယ်။ ပြုလုပ်ရတာလည်း လွယ်ကူသွက်လက်တာကို တွေ့ရမှာပါ။ Totally Free အနေနဲ့ ဒေါင်းနိုင်ပြီး Rating 4.3 အထိ အပေးခံထားရပါတယ်။
GIF Camera ကို Google Playstore တွင်ဒေါင်းရန်
best Android apps to create a gif2
GIF Maker
GIF Maker
နောက်ထပ် Free ပေးထားတဲ့ App တစ်ခုကတော့ GIF Maker ပါ။ အရင် App တွေလိုပဲ ကင်မရာကနေ တိုက်ရိုက်ရိုက်ကူးနိုင်ပြီး GIF တစ်ခုထဲမှာတင် ပုံပေါင်း ၅၀ အထိထည့်သွင်းနိုင်ပါတယ်။ ဗီဒီယိုကိုလည်း ၂၅ စက္ကန့်အထိကြာအောင်ရိုက်ကူးနိုင်ပါတယ်။ ဒါလည်းအတော်လေးအဆင်ပြေနိုင်တဲ့ App တစ်ခုပါပဲ။
GIF Maker ကို Google Playstore တွင်ဒေါင်းရန်



Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com