9/03/2014

♪ Xiaomi Mi4 စမတ်ဖုန်း ပြည်တွင်းဈေးကွက်ဝင် ♫


Xiaomi Mi4 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အဖြူရောင် တစ်မျိုးတည်း ကိုသာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


"ဒီဖုန်းက အရင်ဝင်ခဲ့တဲ့ Mi3 နဲ့ Note ထက် ကင်မရာပိုင်းကော ဖုန်းရဲ့ လုပ်ဆောင်ချက်ပိုင်းပါ ပိုကောင်း လာတယ်။ ဒီဇိုင်းကလည်း တော်တော်မိုက်တယ်။ ဆိုင်မှာတော့ အဖြူရောင် တစ်မျိုးတည်းပဲ ရှိတယ်။ ဒီဖုန်းအတွက် အာမခံတော့ တရားဝင်အနေနဲ့ မပါဘူး" ဟု T-Land မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။


အဆိုပါ စမတ်ဖုန်းသည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G/3G နှင့် LTE နက်ဝက်ခ်များ အထိ ထောက်ပံ့ ပေးနိုင်မည်ဖြစ်သည်။ အမြန်နှုန်း 2.5GHz ရှိသည့် Quad-core CPU နှင့် Andreno 330 GPU စနစ်များပါဝင်မည်ဖြစ် သည်။ မြင်ကွင်းအရွယ်အစား ၅ လက်မရှိပြီး IPS LCD အမျိုးအစား Capacitive touchscreen သည် resolution 1080x1920 pixels အထိ ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ 3GB RAM နှင့် အချက်အလက် သိုလှောင်မှုအတွက် 16GB Internal Memory ပါဝင်သည်။ 13MP နောက်ကင်မရာနှင့် 8MP ရှေ့ကင်မရာများပါဝင်ပြီး Android OS V4.4.3 (KitKat) ကို ထည့်သွင်းထားသည်။ တန်ဖိုး ၄၆၀,၀၀၀ ကျပ် ဝန်းကျင်ဖြင့် T-Land ဖုန်း - ၃၈၂၈၆၈ တွင် ဝယ်ယူနိုင်သည်။
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download