9/01/2014

♪ Toshiba က စမတ်ဖုန်းများတွင် ဖိုင်များ လျှင်မြန်စွာ ပေးပို့ရယူနိုင်သော TransferJet နည်းပညာကို တီထွင်နေ ♫

Photo: Toshiba က စမတ်ဖုန်းများတွင် ဖိုင်များ လျှင်မြန်စွာ ပေးပို့ရယူနိုင်သော TransferJet နည်းပညာကို တီထွင်နေ
===============================================
 
WiFi, Bluetooth, NFC တို့ဖြင့် စမတ်ဖုန်းများကြားတွင် ဖိုင်များ ပေးပို့ ရယူနိုင်သော်လည်း အဆိုပါနည်းလမ်းများထက် ပိုမိုလျှင်မြန်သော TransferJet နည်းပညာကို Toshiba က တီထွင်နေပါသည်။ 

TransferJet သည် နည်းပညာ အသစ်တစ်ခု မဟုတ်ဘဲ Sony က စတင် တီထွင်ခဲ့ခြင်း ဖြစ်ပါသည်။ Sony, Olympus, Toshiba တို့က ၂၀၀၈ ခုနှစ်ကတည်းက TransferJet Consortium အမည်ဖြင့် ပူးပေါင်း တီထွင်ခဲ့ခြင်း ဖြစ်ပါသည်။ 

အဆိုပါနည်းပညာသည် NFC ကဲ့သို့ပင် အီလက်ထရောနစ် ကိရိယာနှစ်ခုကို နီးကပ်စွာ ထားရှိရုံဖြင့် ဒေတာများ ပေးပို့ရယူနိုင်ပါသည်။ TransferJet သည် အမြန်နှုန်းအနေဖြင့် တစ်စက္ကန့်လျှင် 375 Mb ကို ကူးပြောင်းပေးနိုင်ပြီး နှစ်ဆယ် စက္ကန့်ကြာ HD Video ဖိုင်တစ်ခုကို တစ်စက္ကန့်အတွင်း ပေးပို့ပေးနိုင်ပါသည်။ 

Toshiba က TransferJet သည် ဒေတာများ ပေးပို့ ရယူရာတွင် နာမည်ကြီး နည်းလမ်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်နေပါသည်။ Toshiba သည် ယခုနှစ်နောက်ပိုင်းတွင် ဥရောပ၌ Android Phones, Tablet များအတွက် TransferJet USB Adaptors များကို စတင်ရောင်းချပေးမည် ဖြစ်သည်။ 
Mac နှင့် iOS Device များနှင့် တွဲဖက် အသုံးပြုနိုင်ခြင်း မရှိသကဲ့သို့ TransferJet Adaptor ၏ ဈေးနှုန်းသည် ယူရို ၅၉ (ဒေါ်လာ ၇၈) ကျသင့်မည်ဖြစ်သဖြင့် ဈေးနှုန်း ကြီးမြင့်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြကြပါသည်။ 

Toshiba က ယခုနှစ် မကုန်မီတွင် ပြင်သစ် ဖုန်းထုတ်လုပ်သူ Wiko အပါအ၀င် TransferJet ကို အသုံးပြုမည့် လုပ်ဖော်ကိုင်ဖက်  Company များကို ကြေညာနိုင်မည်ဟု မျှော်လင့်ထားပါသည်။ 

“ ကျွန်တော်တို့ Wiko နဲ့ စကားအများကြီး ပြောပြီးပါပြီ။ သူတို့က ကျွန်တော်တို့ နည်းပညာကို စိတ်ဝင်စားနေပါတယ်။ နောက်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်မှာ တရားဝင်ကြေညာနိုင်မှာ ဖြစ်ပေမယ့် အခုတော့ သေချာ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ အသေးစိတ် အချက်အလက်တွေ ညှိနှိုင်းဖို့ လိုသေးပါတယ်။“ ဟု Toshiba မှ အထွေအထွေ မန်နေဂျာ Armin Derpmanns က ပြောပါသည်။ 

USB Adaptors များသည် အနောက်နိုင်ငံများတွင် Toshiba ၏  မိတ်ဆက်မှု ဖြစ်သော်လည်း သူတို့၏ နည်းပညာကို စမတ်ဖုန်းများတွင် ထည့်သွင်း ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု Derpmanns က ပြောပါသည်။ 
“ နောက်ဆုံးမှာတော့ Adaptor ကို စားသုံးသူတွေ သုံးချင်မှာ မဟုတ်ပါဘူး။ Adaptor ကို ဖုန်းထဲမှာ ထည့်သုံးရတာ ပိုအဆင်ပြေမှာပါ။ အခုတော့ စားသုံးသူတွေကို မိတ်ဆက်တဲ့ သဘောပါ။ ဒါပေမယ့် စားသုံးသူတွေ တောင်းဆိုတာက စမတ်ဖုန်းတွေထဲမှာ မြှပ်နှံဖို့ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်ပါတယ်။ “ ဟု Derpmanns က ပြောပါသည်။


WiFi, Bluetooth, NFC တို့ဖြင့် စမတ်ဖုန်းများကြားတွင် ဖိုင်များ ပေးပို့ ရယူနိုင်သော်လည်း အဆိုပါနည်းလမ်း များထက် ပိုမိုလျှင်မြန်သော TransferJet နည်းပညာကို Toshiba က တီထွင်နေပါသည်။

TransferJet သည် နည်းပညာ အသစ်တစ်ခု မဟုတ်ဘဲ Sony က စတင် တီထွင်ခဲ့ခြင်း ဖြစ်ပါသည်။ Sony, Olympus, Toshiba တို့က ၂၀၀၈ ခုနှစ်ကတည်းက TransferJet Consortium အမည်ဖြင့် ပူးပေါင်း တီထွင် ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါနည်းပညာသည် NFC ကဲ့သို့ပင် အီလက်ထရောနစ် ကိရိယာနှစ်ခုကို နီးကပ်စွာ ထားရှိ ရုံဖြင့် ဒေတာများ ပေးပို့ရယူနိုင်ပါသည်။ TransferJet သည် အမြန်နှုန်းအနေဖြင့် တစ်စက္ကန့်လျှင် 375 Mb ကို ကူးပြောင်းပေးနိုင်ပြီး နှစ်ဆယ် စက္ကန့်ကြာ HD Video ဖိုင်တစ်ခုကို တစ်စက္ကန့်အတွင်း ပေးပို့ပေးနိုင်ပါသည်။

Toshiba က TransferJet သည် ဒေတာများ ပေးပို့ ရယူရာတွင် နာမည်ကြီး နည်းလမ်းတစ်ခု ဖြစ်လာ မည်ဟု မျှော်လင့်နေပါသည်။ Toshiba သည် ယခုနှစ်နောက်ပိုင်းတွင် ဥရောပ၌ Android Phones, Tablet များအတွက် TransferJet USB Adaptors များကို စတင်ရောင်းချပေးမည် ဖြစ်သည်။
 
Mac နှင့် iOS Device များနှင့် တွဲဖက် အသုံးပြုနိုင်ခြင်း မရှိသကဲ့သို့ TransferJet Adaptor ၏ ဈေးနှုန်းသည် ယူရို ၅၉ (ဒေါ်လာ ၇၈) ကျသင့်မည်ဖြစ်သဖြင့် ဈေးနှုန်း ကြီးမြင့်သည်ဟု ကျွမ်းကျင်သူများ က ထောက်ပြကြပါသည်။

Toshiba က ယခုနှစ် မကုန်မီတွင် ပြင်သစ် ဖုန်းထုတ်လုပ်သူ Wiko အပါအ၀င် TransferJet ကို အသုံးပြုမည့် လုပ်ဖော်ကိုင်ဖက် Company များကို ကြေညာနိုင်မည်ဟု မျှော်လင့်ထားပါသည်။

“ ကျွန်တော်တို့ Wiko နဲ့ စကားအများကြီး ပြောပြီးပါပြီ။ သူတို့က ကျွန်တော်တို့ နည်းပညာကို စိတ်ဝင်စားနေ ပါတယ်။ နောက်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်မှာ တရားဝင်ကြေညာနိုင်မှာ ဖြစ်ပေမယ့် အခုတော့ သေချာ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ အသေးစိတ် အချက်အလက်တွေ ညှိနှိုင်းဖို့ လိုသေးပါတယ်။“ ဟု Toshiba မှ အထွေအထွေ မန်နေဂျာ Armin Derpmanns က ပြောပါသည်။

USB Adaptors များသည် အနောက်နိုင်ငံများတွင် Toshiba ၏ မိတ်ဆက်မှု ဖြစ်သော်လည်း သူတို့၏ နည်းပညာကို စမတ်ဖုန်းများတွင် ထည့်သွင်း ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု Derpmanns က ပြောပါသည်။
“ နောက်ဆုံးမှာတော့ Adaptor ကို စားသုံးသူတွေ သုံးချင်မှာ မဟုတ်ပါဘူး။ Adaptor ကို ဖုန်းထဲမှာ ထည့်သုံးရတာ ပိုအဆင်ပြေမှာပါ။ အခုတော့ စားသုံးသူတွေကို မိတ်ဆက်တဲ့ သဘောပါ။ ဒါပေမယ့် စားသုံးသူတွေ တောင်းဆိုတာက စမတ်ဖုန်းတွေထဲမှာ မြှပ်နှံဖို့ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်ပါတယ်။ “ ဟု Derpmanns က ပြောပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>