တရုတ် အီလက်ထရောနစ် ထုတ်လုပ်သူ Oppo က Selfie Phone အပါအ၀င် စမတ်ဖုန်း လေးလုံးကို Australia တွင် ရောင်းချခြင်းဖြင့် အနောက်နိုင်ငံများ၏ မိုဘိုင်းဖုန်း ဈေးကွက်သို့ ၀င်ရောက်လာပါသည်။ Find 7, N1 Mini, Find 7a နှင့် Neo 5 စမတ်ဖုန်းများ ဖြစ်ပါသည်။
N1 Mini
----------
N1 Mini သည် ကင်မရာနှင့် Selfie ကို နှစ်သက်သူများအတွက် ရည်ရွယ်ထားပါသည်။ ကင်မရာ တစ်လုံးတည်းသာ ပါရှိသော်လည်း 195 Degree လှည့်ပြောင်းနိုင်သည့်အတွက် အနောက်ကင်မရာ အဖြစ်သာမက Selfie ရိုက်ရန် အတွက်ပါ အသုံးပြုနိုင်ပါသည်။

ကင်မရာတွင် စွမ်းဆောင်ချက်များစွာ ပါရှိပြီး အခြား ဓါတ်ပုံ App များကို
ဒေါင်းလုပ် ပြုလုပ်ရန် မလိုဟု သိရပါသည်။ Selfie ရိုက်သူများအတွက် Beautify
Mode သည် ပါးလျသော မျက်နှာနှင့် ကြည်လင်သော အသားအရေကို ပြုလုပ်ပေးမည်
ဖြစ်သည်။ GIF ဓါတ်ပုံများ ပြုလုပ်သော စွမ်းဆောင်ချက်သည် N1 ၏
ထူးခြားချက်ဖြစ်ပြီး ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လှုပ်ရှားသက်ဝင်သော
ဓါတ်ပုံများ ပြုလုပ်ပေးနိုင်ပါသည်။ HDR နှင့် Panorama
စွမ်းဆောင်ချက်များလည်း ပါရှိပါသည်။ N1 သည် ငါးလက်မ 1280x720 Resolution HD
မျက်နှာပြင် တပ်ဆင်ထားသော စမတ်ဖုန်း ဖြစ်ပါသည်။ 16GB Internal Storage
ပါရှိသော်လည်း MicroSD Card အသုံးပြု၍မရဟု သိရပါသည်။
N1 ကို ဒေါ်လာ ၅၃၉ ဖြင့် ရောင်းချမည် ဖြစ်ပြီး O-Click ပါရှိမည် ဖြစ်သည်။ O-Click သည် ကင်မရာကို အဝေးမှ ထိန်းချုပ်နိုင်သည့် ကိရိယာ ဖြစ်သကဲ့သို့ စမတ်ဖုန်းပျောက်သွားလျှင်လည်း ခြေရာခံနိုင် မည် ဖြစ်သည်။

Find 7
---------
Find 7 သည် စွမ်းဆောင်ရည်မြင့်ပြီး Samsung Galaxy S5 နှင့် Apple iPhone 5S တို့ကို ယှဉ်ပြိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ၅.၅ လက်မ 2K Resolution Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၃၈ ဖြစ်ပါသည်။ မျက်နှာပြင်ကို မာကျောသည့် Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ မိနစ် သုံးဆယ်အတွင်းတွင် ၇၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်သော ဘက်ထရီ တပ်ဆင်ထားပါသည်။ Sony ၏ 13 Megapixel Camera တပ်ဆင်ထားပါသည်။ Android 4.3 ကို အသုံးပြုထားပြီး 32GB Internal Storage ပါရှိပါသည်။ ဒေါ်လာ ၇၁၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။
Find 7a
-----------
Find 7a သည် Find 7 နှင့် စွမ်းဆောင်ချက်များ တူညီသော်လည်း အနည်းငယ် သေးငယ်သော ဘက်ထရီ ၊ Processor နှင့် Screen Resolution များကြောင့် ဈေးသက်သာပါသည်။ ၅.၅ လက်မ မျက်နှာပြင်၊ 13 Megapixel Camera နှင့် Gorilla Glass 3 တို့တပ်ဆင်ထားသည်မှာ တူညီသော်လည်း မျက်နှာပြင်၏ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၃ သို့လျှော့ချထားပါသည်။ Internal Storage မှာလည်း 16GB သို့ လျှော့ချထားပါသည်။ ဈေးနှုန်းမှာ ဒေါ်လာ ၆၂၉ ဖြစ်ပါသည်။
Neo 5
---------
Neo 5 သည် လူကြီး သို့မဟုတ် ကလေးငယ်များအတွက် ရည်ရွယ်ထားပြီး 4G နှင့် Quad-Core Processor တပ်ဆင်ထားသည့် စွမ်းဆောင်ရည်နိမ့်စမတ်ဖုန်း ဖြစ်ပါသည်။ ၄.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး ဒေါ်လာ ၂၁၉ ဖြင့် ရောင်းချမည် ဖြစ်သဖြင့် ဈေးနှုန်း သက်သာပါသည်။
Oppo ၏ စမတ်ဖုန်းများသည် အနောက်နိုင်ငံ ဈေးကွက်သို့ ထိုးဖောက်နိုင်မည်လား ဆိုသည်မှာ မသိရသေးသော်လည်း သူတို့၏ စမတ်ဖုန်းများသည် ဈေးနှုန်းသက်သာသည့် စွဲဆောင်မှု ရှိပါသည်။