9/07/2014

♪ Octa-core CPU ထည့်သွင်း အသုံးပြုထားသော စမတ်ဖုန်း ပြည်တွင်းဈေးကွက် ဝင်ရောက် ♫


Octa-core CPU ထည့်သွင်း အသုံးပြုထားသော Mobilo အမှတ်တံဆိပ် D1 မော်ဒယ် စမတ်ဖုန်းများ ကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အဆိုပါ စမတ် ဖုန်းတွင် မြန်မာစာစနစ်များ Built-in အနေဖြင့် ပါဝင်ကြောင်း သိရသည်။

"Octa-core အမျိုးအစား CPU ရှစ်ခုပါတဲ့ စမတ်ဖုန်းကို ၂ သိန်းကျော်နဲ့ ဝယ်ယူနိုင်မှာပါ။ Mobilo D1 မော်ဒယ်ပါ။ ဒီဖုန်းက GSM 2G/3G နက်ဝက်ခ် နှစ်မျိုးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ စာစနစ်လည်းပါပြီး သားပါ။ ဒီဖုန်းအတွက် အာမခံ ၁ နှစ်ပေးထား ပါတယ်။ ပြည်တွင်းက မိုဘိုင်းဖုန်း သုံးသူတွေ အရည်အသွေးမြင့် စမတ်ဖုန်းတွေကို ဈေးနှုန်းသက်သက် သာသာနဲ့ သုံးနိုင်စေဖို့ပါ" ဟု Mobilo အမှတ်တံဆိပ် စမတ်ဖုန်းများ ထုတ်လုပ်ဖြန့်ချိသည့် NMC မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စမတ်ဖုန်းသည် GSM Dual SIM အမျိုးအစားဖုန်းဖြစ်ပြီး 2G နှင့် 3G နက်ဝက်ခ်များအထိ ထောက်ပံ့ပေးနိုင် မည်ဖြစ်သည်။ အမြန်နှုန်း 1.7GHz ရှိသည့် Octa-core CPU နှင့် Mali-450 MP4 GPU စနစ်များပါဝင်မည်ဖြစ်သည်။

မြင်ကွင်း အရွယ်အစား ၅ လက်မရှိပြီး True HD-IPS LCD အမျိုးအစား Capacitive touchscreen ကို အသုံးပြု ထားကြောင်းသိရသည်။ 2GB RAM နှင့် အချက်အလက် သိုလှောင်မှုအတွက် 32GB Internal Memory ပါဝင်သည့် အပြင် microSD ကတ်ပေါက်လည်း ပါဝင်မည်ဖြစ်သည်။ 16MP နောက်ကင်မရာနှင့် 8MP ရှေ့ကင်မရာများ ပါဝင်ပြီး Android OS V4.4.2 (KitKat) ကို ထည့်သွင်းထားသည်။ တန်ဖိုး ၂၄၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရန်ကုန် (RH Mobile, Easy One Mobile Mother)၊ မန္တလေး (Mobiel Mother)၊ ပြည် (Wise Power, NSM) ၊ တောင်ကြီး (iAngle, New World, Cindrella) တို့တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>